စိတ်ပုတီး၏လမြတ် အောက်တိုဘာ

အသင်းတော်၏၀တ်ပြုရာပြကဒိန်ထဲတွင် အောက်တိုဘာလ (၇)ရက်နေပသည် စိတ်ပုတီး၏သခင်မပွဲနေ့ ဖြစ်သည်။ ဤပွဲတော်အား လက်ပန်တိုစစ်ပွဲတွင် စိတ်ပုတီး၏တန်ခိုးတော်အားဖြင့် အောင်နိုင်ခဲ့ခြင်းကို အောက်မေ့သတိရလျက် ကျင်းပခြင်းဖြစ်သော်လည်း စိတ်ပုတီး၏ တန်ခိုးအစွမ်းသည် ခေတ်အဆက်ဆက်နှင့် ယုံကြည်စွာဆုတောင်းသည့် လူမျိုးတကာတို့အပေါ် အကျိုးသက်ရောက်မှုရှိသည်ကို အစဉ်နှိုးဆော် ကျင်းပခြင်းလည်းဖြစ်သည်။ ထို့အပြင်း စိတ်ပုတီးစိတ်ခြင်းဖြင့် အထူးဆုတောင်းကြဖို့ အောက်တိုဘာလ တစ်လလုံးကိုလည်း အပ်နှံထားပေသည်။
အောက်တိုဘာလသည် စိတ်ပုတီးစိတ်ဖို့ အကောင်းဆုံးလဟု ဆိုရပေမည်။ သို့သော် တစ်နှစ်ပတ်လုံး အမြဲစိတ်ကြဖို့ အားပေးလျက်ရှိသည်။ စိတ်ပုတီးစိတ်၍ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို အမှန်တကယ် ငြိမ်းချမ်းစေသလို၊ ဖြူစင်သန့်ရှင်းစေသည်။ မကောင်းသောအရာများ ပြောင်းလဲလာဖို့ စိတ်ပုတီးစိတ်၍ဆုတောင်းခြင်းဟာ အကောင်းဆုံးလက်နက်တစ်ခု ဖြစ်သည်။ စိတ်ပုတီးစိတ်ခြင်းသည် ဘုရား၏မယ်တော် မွန်မြတ်သော ကညာစင်မာရိယာအား အထူးသဒ္ဓါကြည်ညိုခြင်းပေးရာဖြစ်သလို၊ ယေဇူးဘုရားရှင်၏ ဘ၀အကြောင်းရာကိုလည်း ကမ္မဌာန်းရှုရာ ရောက်သည်။
စိတ်ပုတီးစိတ်၍ ဧ၀ံဂေလိကျမ်းအား ကမ္မဌာန်းထောက်ရှု ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား မှားယွင်းသောသွန်သင်ချက်တွေမှ ကာကွယ်ပေးသည်။ အသင်းတော်အား ရန်သူမျိုးစုံ၏ တိုက်ခိုက်မှုမျိုးစုံမှ ကာကွယ်ပေးသည်။
စိတ်ပုတီး၏လမြတ်တွင် မိသားစုနှင့် စိတ်ပုတီးစိတ်၍ ဆုတောင်းသင့်သည်။ မိမိတို့၏သားသမီးငယ်များကိုလည်း ဤဆုတောင်းနည်းမှာ စံနမူနာပြ၍ ဆွဲခေါ်သင့်သည်။ အခါအားသင့်လျှင် အိမ်နီးချင်းတွေပါ စုပြီး စိတ်ပုတီးစိတ်ဆုတောင်းသင့်သည်။
အသင်းတော်ကြီးအတွက်၊ အသင်းတော်အတွင်း ဦးဆောင်မှုပြုနေသော ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်ကြီးများအတွက်၊ ရဟန်းတော်များအတွက်၊ သီလှရှင်များအတွက် ဆုတောင်းပေးသင့်သည်။ သူတို့တတွေလည်း သင်တို့၏ဆုတောင်းမေတ္တာ အထူးလိုအပ်သူများဖြစ်သည်ကို မမေ့သင့်ပေ။
အောက်တိုဘာလ (၇)ရက်နေ့၊ စိတ်ပုတီး၏သခင်မပွဲနေ့ မစ္ဆားပူဇော်ခြင်းမှာ ပါဝင်သင့်သလို၊ အောက်တိုဘာလ (၁၃)ရက်နေ့ ဖာတီမာမြို့လေးမှာ မယ်တော်သခင်မ၏ နောက်ဆုံးရူပါရုံပြသည့်နေ့ကို သတိရအောက်မေ့သင့်သည်။
အခါအားသင့်သလို မိမိဘာသာလည်း စိတ်ပုတီးစိတ်၍ ဆုတောင်းသင့်သည်။
ဒိုမီနီကန်ကိုရင်

Post a Comment

0 Comments