အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေဖို့ထက် ထောင်နန်းစံဖို့သာပို၍ ဆန္ဒရှိပါတယ်

သြစတြေးလျရှိ အာဏာပိုင်တွေနဲ့ နယ်ပိုင်တွေဟာ ကက်သလစ်ဘုန်းတော်ကြီးများကို လိင်ပိုင်းဆိုင်ရာတွေနဲ့ဆက်စပ်တဲ့အမှုတွေမှာ အာပတ်ဖြေလာတဲ့သူတွေရဲ့ အပြစ်တွေကို ထုတ်ဖော်ပြောပြဖို့အတွက် အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေခိုင်းဖို့ ဥပဒေပြဌာန်းတော့မယ်လို့ ဆိုလာပါတယ်။
ဒီအတွက် ကက်သလစ်ဘုန်းတော်ကြီးများက အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေဖို့ထက် ထောင်နန်းစံဖို့သာပို၍ ဆန္ဒရှိတယ်လို့ ဖြေကြပါတယ်။
သိပ်ကိုမှန်ကန်တဲ့အဖြေပါပဲ။ ကျနော်တို့ ယုံကြည်သူကက်သလစ်ခရစ်ယာန်တွေအတွက် အာပတ်ဖြေခြင်းဆိုတာ လူ-လူချင်း ရင်ဖွင့်နေကြတာ မဟုတ်ပါဘူး။ ဘုရားသခင်ဆီမှာ ၀န်ချတောင်းပန်ပြီး မိမိကိုယ်ကို ရင်ဖွင့်ပြီး အပြစ်ဖြေခြင်းတောင်းဆိုတဲ့ စက္ကရမင်တူးတစ်ပါးဖြစ်ပါတယ်။ ဘာသာတရားတစ်ခုမှာ တချို့အရာတွေကို သာမန်အားဖြင့် ရှုမြင်လို့ရပေမယ့် ယုံကြည်သူတွေသာလျှင် နားလည်လက်ခံနိုင်တဲ့ နက်ရှိုင်းတဲ့အရာတွေ ရှိပါတယ်။ ဘာသာတရားတစ်ခုကို undermind, ခပ်လွယ်လွယ်လေး မြင်လို့မရပါဘူး။ ဒါကို အစိုးရမင်းလုပ်သူတွေ ပိုပြီး နားလည်ကြရပါလိမ့်မယ်။ ၎င်းတို့ဟာ နိုင်ငံရေးရှုထောင့်ကနေ ကြည့်ပြီး ယုံကြည်သက်ဝင်မှု ဘာသာတရားတွေနဲ့ ရင်ဆိုင်ဖြေရှင်းကြရတော့မယ်ဆိုရင် အဲဒီဘာသာတရားတစ်ခုအကြောင်း ထယ်ထယ်ဝယ်ဝယ်သိဖို့တော့ လိုပါလိမ့်မယ်။
ဒီနေ့ခေတ် လူသားတွေရဲ့ မိမိတို့လိုချင်တဲ့အရာတိုင်းကို ဥပဒေနဲ့ချုပ်ကိုင်နေကြတာ မှားနေပါတယ်။ ဒီနေ့ခေတ် လွတ်လပ်မှုဆိုတာဟာ ငါရဲ့လွတ်လပ်ခွင့်ဟာ ငါ့ရဲ့ဆုံးဖြတ်ချက်လို့ခံယူပြီး အခြားသူများကို ထည့်မတွက်တော့တဲ့ တကိုယ်ကောင်းဆန်၊ အတ္တကြီးတဲ့ လွတ်လပ်မှုနဲ့ အခွင့်ရေးတွေကို ဥပဒေနဲ့ ကစားနေကြတာ အန္တရယ်ကြီးလှပါလား....
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ စက္ကရမင်းတူတွေကို သေချာနားလည်တဲ့ ကျနော်တို့တတွေအနေနဲ့ သြစတြေးလျရှိ အသင်းတော်နဲ့ ဘုန်းတော်ကြီးများအတွက် အထူးဆုတောင်းပေးကြပါစို့။ ရင်ဆိုင်ကြုံလာခဲ့လျှင်း ခွန်အားတန်ခိုးတွေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲဆုတောင်းသွားကြပါစို့။
ဒိုမီနီကန်ကိုရင်
သတင်းအကြောင်းရာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.catholicnewsagency.com/news/australian-priests-willing-to-go-to-jail-rather-than-break-confessional-seal-95237?fbclid=IwAR301he4f7JhfoHWrJOWxagOJm1zD3dYPq5dNUbNc1qYKkr86Z0cAmgfawM 

Post a Comment

0 Comments