စစ္စတာခရစ္စတီနာဟာ လွန်ခဲ့သည့် မတ်လ အစပိုင်းကတည်းက စတင်ခဲ့တဲ့ The Voice of Italy ၏အသံနှင့် အဆိုပြိုင်ပွဲမှာ Alicia Keys ရဲ့ “No One” ဆိုတဲ့ သီချင်းဖြင့် ၀င်ရောက် ယှဉ်ပြိုင်ရင်း youtubeမှာ ကြည့်ရှု့သူပေါင်း သန်း ၅၀ကျော်ဖြင့် ကမ္ဘာနှင့်ချီအောင် ကြော်ကြားလာခဲ့တဲ့ ကက်သလစ်သီလှရှင် တစ်ပါးဖြစ် ပါတယ်။
ပထမဆုံးပြိုင်ပွဲမှာ အမှတ်ပေးဒိုင်လူကြီးများဟာ သီချင်းသီဆိုသူ မည်သူမည်ဝါ သိခွင့်မရဘဲ အသံဖြင့် ရွေးချယ်ရမည်ဖြစ်၍ သီဆိုသူနှင့် ကျောခိုင်းနေရပြီးမှ စိတ်ကြိုက်ဖြစ်မှ အချက်ပြမှုနှင့် သီဆိုသူကို ကြည့်ခွင့်ရတာ ဖြစ်ပါတယ်။ သူမသီဆိုနေချိန်မှာ အမှတ်ပေးဒိုင်လူကြီးများဟာ သူမရဲ့အသံနဲ့ပင် စိတ်လှုပ်ရှားနေခဲ့ရတာပါ။ ၎င်းအမှတ်ပေးဒိုင်လူကြီးများ စိတ်ကြိုက်ဖြစ်၍ အချက်ပြကာ လှည့်ကြည့်လိုက်ချိန်မှာတော့ အမှတ်ပေးဒိုင်လူကြီးတိုင်း စိတ်လှုပ်ရှားတာတွေထက်ကို အံ့အားသင့်ကာ မျက်ရည်များပင် ၀ဲသွားခဲ့ရပါတော့တယ်။ သီဆိုသူဟာ သီလှရှင်တစ်ပါးဖြစ်နေမယ်လို့ မည်သူမှ မထင်ထားခဲ့တာပါ။
စစ္စတာခရစ္စတီနာဟာ သူမမှာ ဘုရားသခင်ပေးထားတဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ပြသဖို့နှင့် ထိုအရည်အချင်းအားဖြင့် သက်သေခံနိုင်ကြောင်း ပြသဖို့ ဒီပြိုင်ပွဲကို ၀င်ရောက်လာခဲ့တာပါ။ ပြိုင်ပွဲကာလ တလျှောက်လုံးမှာ သူမဟာ သင်္ကန်းဝတ်ရုံအပြည့်ဖြင့် ယှဉ်ပြိုင်လာခဲ့တာပါ။ ထို့ကြောင့် တချို့တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။ သို့ပေမယ့်လည်း သူမကတော့ ဒါဟာ သူမရဲ့ ဘ၀အစစ်မှန်ကို ပြသတာ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ခက်ခဲတဲ့ ပြိုင်ဘက်တေးသံရှင်တွေကို ခက်ခက်ခဲခဲကျော်ဖြတ်ကာ (၄.၆.၂၀၁၄) ကြာသပတေးနေ့ညမှာတော့ The Voice of Italy 2014 ရဲ့ ချန်ပီယံတေးသံရှင်က စစ္စတာခရစ္စတီနာဖြစ်ကြောင်း ကြေငြာသံကြားတဲ့အခါ သူမနှင့်အတူ အားလုံးသောပရိတ်သပ်တွေလည်း စိတ်လှုပ်ရှားခဲ့ရပါတယ်။ သူမရဲ့ အနိုင်ရအောင်မြင်မှုကိုလည်း သူမ၏ပြိုင်ဘက်တွေအားလုံး ကျေနပ်ခဲ့ပါတယ်။ သူမ၏ သီလှရှင်အကြီးအကဲတွေလည်း ထခုန်ခဲ့ရပါတော့တယ်။
သူမ၏အောင်မြင်မှုအတွက် အားလုံးကို ကျေးဇူးတင်လိုက်ပါတယ်။ ထို့နောက် သူမက - နောက်ဆုံးနှင့် အရေးအကြီးဆုံး ကျေးဇူးတင်ရမှာတော့ ကောင်းကင်အထက်က အဖဘုရားသခင်ပါပဲလို့ ပရိတ်သပ်ကြီးကို ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။ ထို့နောက် ဆက်လက်ပြီး သူမက - ကျွန်မရဲ့ အိပ်မက်ကတော့ “ကောင်းကင်ဘုံ၌မေတ္တာ”ကို အတူတကွ ရွတ်ဆိုဖို့ပါပဲ။ အခု ကျွန်မတို့တတွေ လက်တွေချိတ်လို့ အတူတကွ ဆုတောင်းနိုင်တာပဲ။ ယေဇူးသခင်ကို ကျွန်မတို့အလည်မှာ လာစေချင်တယ်ရှင်။
ထို့နောက် MCက သူမကို ဆုတောင်းမေတ္တာဦးဆောင်ဖို့ ခွင့်ပြုလိုက်ပါတယ်။
သူမ၏ နည်းပြဖြစ်သူ Rap အဆိုတော် J-Axက ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်သည့်အလျောက် သူနှင့်အတူ အခြား မကောင်းတဲ့ကောင်းလေး Peiro Pelu ကတော့ တောက်လောင်နေတော့မှာပဲလို့ ပြောဆိုပါသေးတယ်။
သို့ပေမယ့်လည်း သူမကတော့ ဘုရားမဲ့ဝါဒီလည်း အတင်းဆွဲခေါ်ပြီး ပရိတ်သပ်များစွာရှေ့က နာမည်ကြီး စတိတ်စင်ပေါ်ကနေ ဆုတောင်းမေတ္တာကို စတင်ရွတ်ဆိုလိုက်ပါတော့တယ်။
မဲဆန္ဒ ၆၅%ဖြင့် အနိုင်ရကာ အကောင်းဆုံး သက်သေခံသွားနိုင်တဲ့ စစ္စတာခရစ္စတီနာကို ဂုဏ်ပြုလိုက်ကြပါစို့။
မနောအောင်
0 Comments