တောင်ကိုရီးယားလူမျိုး ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သည့် ကင်ဂျန်ဝု့ခ်အား မြောက်ကိုးရီးယား၌ မြေအောက်အသင်းတော်ဖွဲ့စည်းရန် ကြိုးပမ်းမှု့ဖြင့် တစ်သက်စာထောင်ဒဏ် စီရင်ချက်ချမှတ် ခံလိုက်ရပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့က ၎င်း၏အမှု့ကို စစ်ဆေးရာတွင် ကင်ဂျန်ဝု့ခ်က မြောက်ကိုးရီးယားကို ဆန့်ကျင့်လျက် ဘာသာရေးဆိုင်ရာလုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုပါတယ်။ ထိုကြောင့် ကင်ဂျန်ဝု့ခ်ဟာ မြောက်ကိုးရီးယားထောင်ထဲတွင် အလုပ်ကြမ်းနဲ့ ပြစ်ဒဏ်ခံလိုက်ရပါတယ်။
မြောက်ကိုးရီးယားတွင် တစ်ခုတည်းသောအုပ်ချုပ်ရေးပါတီဖြစ်သည့် ကင်မိသားစုအတွင်း ထောက်လှမ်းရေးဆိုင်ရာ ပစ္စည်းများသယ်ဆောင်လာခဲ့သည်ဟုလည်း စွဲချက်တင်ခံခဲ့ရပါတယ်။ တောင်ကိုးရီးယားနိုင်ငံအနေနဲ့တော့ ၎င်းကင်ဂျန်ဝု့ခ်နှင့်စပ်လျဉ်းသမျှတွင် ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ အချို့သတင်းစာများမှာတော့ ကင်ဂျန်ဝု့ခ်ဟာ ၎င်း၏ပြစ်မှု့များနှင့်ပတ်သက်၍ တောင်းပန်စကားဆိုခဲ့ပြီး ၎င်း၏အမှု့အတွက် စီရင်ချက်ကိုလည်း အခြားတနည်းအဖြစ် သေဒဏ်ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကင်ဂျန်ဝု့ခ်ဟာ မြောက်ကိုးရီးယားမှလူများစွာကို တရားမ၀င်ထွက်သွားနိုင်ရန် နှစ်ပေါင်းများစွာတိုင်အောင် ကူညီပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။ လွန်ခဲ့သည့် ၂၀၁၂ တွင် ကင်ဂျန်ဝု့ခ်အကူအညီဖြင့် တရားမ၀င်ဘဲ မြောက်ကိုးရီးယားမှထွက်ခွာလာသူများကို တရားအာဏာပိုင်များ ဖမ်းမိ၍ မြောက်ကိုးရီးယားသို့ ပြန်ပို့ပေးခဲ့ရပါသေးတယ်။
မြောက်ကိုရီးယားနိုင်ငံတွင် ခရစ်ယာန် တစ်သိန်းဝန်းကျင်ဟာ ထောင်စခန်းများတွင် ထိန်းသိမ်းခံထားရပြီး တခါတရံ စော်ကားခံရတတ်သလို တခါတရံ သတ်ဖြတ်ခံနေရသည်ဟု သတင်းရရှိပါတယ်။
မနောအောင်
http://www.christianheadlines.com/blog မှ တဆင့်ဖော်ပြသည်။
0 Comments