Graffiti ပုံထဲက စူပါပုပ်ရဟန်းမင်းကြီး



လွန်ခဲ့သည့် ရက်အနည်းငယ်က မော်ရိုပါလောတီအမည်ရှိတဲ့ Graffiti ရေးဆွဲသူက ရောမမြို့ရှိ Borgoသမိုင်းဝင် အဆောက်အဦးတစ်ခု၏နံရံတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပုံတစ်ပုံကို Graffiti art ဖြင့်ရေးဆွဲခဲ့ရာ သတင်းထောက်များနှင့် ဘုရားဖူးခရီးသွားများအားလုံးကို မျက်စိကျစေခဲ့ပါတယ်။ ထို Graffiti ပုံမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား စူပါမင်းပုံပြုလုပ်ရေးဆွဲထားပြီး စူပါသူရဲကောင်းကြီးအဖြစ် တင်စားထားသည်ကို တွေ့မြင်နိုင်ပါတယ်။

အင်တာဗျူးတစ်ခုတွင် Graffiti art ကိုရေးဆွဲသူ မောရိုပါလောတီက ယခုလိုဖြေကြားခဲ့ပါတယ် - ပါးပါးဖရန်စစ်အား မာဘယ် (သူရဲကောင်း)များ၏ စူပါသူရဲကောင်း တစ်ဦးအဖြစ်မြင်မိသည့်အတွက်ကြောင့် ယခုလိုတင်စားပြသလိုက်ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရ၊ ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ စစ်မှန်တဲ့ အစွမ်းအစရှိပြီး ထိုအစွမ်းအစကို အများကောင်းကျိုးအတွက်သယ်ပိုးလုပ်ဆောင်သည့် လူအနဲစုထဲက တစ်ဦးပါ။ အမေရိကန်မာဘယ်၏ စူပါသူရဲကောင်းတွေလိုပေါ့ဗျာ။

ပါးပါးဖရန်စစ်သည် ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးကောက်ခံရပြီး အချိန်တိုအတွင်းမှာ ကမ္ဘာတ၀ှမ်းလုံးရှိ ကက်သလစ် ဘာသာဝင်တွေကြားမှာတင်မကဘဲ၊ အခြားခရစ်ယာန်များအကြား၊ အခြားဘာသာဝင်များ ကြားမှာပါ ရေပန်းအစားဆုံးဖြစ်လာခဲ့သူဖြစ်ပါတယ်။ ထို့အပြင် သတင်းမီဒီယာတို့၏ နံပါတ်တစ် အရေးပေး သတင်းယူနေရသည့် ပုဂ္ဂိုလ်ထူးကြီးလည်း ဖြစ်နေပါတယ်။ သူနှင့်ပတ်သက်၍ Facebook စာမျက်၊ Twitter စာမျက်နှာနှင့် အခြားဆက်သွယ်ရေးမီဒီယာကွန်ယက်စာမျက်နှာတို့မှာလည်း like လုပ်သူများ၊ comment ပေးသူများ၊နှင့် follow လုပ်သူများဖြင့် ပြည့်နေပါတယ်။

ပါးပါးဖရန်စစ်၏ စူပါမင်းပုံစံကို မြင်ရသည့်အခါ facebook စာမျက်နှာရှိ ကွန်မင့်တချို့အား လေ့လာသုံးသပ်သည့်အခါ လူအများစုက ဤပုံဟာ ကလေးဆန်၍ သဘောမကျသင့်ဘူးထင်မိကြသော်လည်း သူတို့တတွေ အရမ်းကိုသဘောကျမိကြပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို စူပါမင်းပုံနဲ့ ပါးပါးဖရန်စစ်ကို တင်စားလိုက်တာဟာ သူဟာ တကယ့်ကို စူပါပုပ်ရဟန်းမင်းကြီးဖြစ်နေလို့ပါပဲ။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အများကောင်းကျိုးသယ်ပိုးရာမှာလည်း လူမှုရေးအလွန်ကောင်းသူဖြစ်သလို၊ ဘုရားသခင်၏သတင်းကောင်းဟောရာမှာလည်း အလုပ်နှင့်သက်သေပြပြီး ဟောတတ်သူ ဖြစ်သည်ဟုလည်း ပြောဆိုကြပြီး လူသန်းပေါင်းများစွာဟာ သူ့ထံမှ ခွန်အားများစွာရရှိနေကြသည်ဟု သိရှိရပါတယ်။

သင်လည်း ဘယ်လိုကွန်မန့်ပေးမလဲ၊ မိတ်ဆွေ။

မနောအောင်

Post a Comment

0 Comments