ငြိမ်းချမ်းခြင်းနှင့် ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခြင်း

၂၀၁၄ ခုနှစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားစ်(လ်)ဘို၏ နှစ်သစ်မင်္ဂလာ သတင်းကောင်းမြန်မာပြည်သစ်၏ လမ်းစဉ် -

“ ငြိမ်းချမ်းခြင်းနှင့် ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခြင်း”

အားလုံးကို ပျော်ရွှင်စရာ မင်္ဂလာနှစ်သစ်ကူး ပါလို့နှုတ်ခွန်း ဆက်ပါရစေ။ "အားလုံး အပေါ် ငြိမ်သက်ခြင်းရှိစေ သတည်း"ဆိုတဲ့ ခရစ္စမတ် သတင်းကောင်းက ဆက်လက်ပြီး တည်ရှိနေတယ်။ ဒီနေ့ဟာ ငြိမ်းချမ်းခြင်း နေ့ရက် ဖြစ်တယ်။ မြန်မာပြည်သူပြည် သားတွေ အားလုံးအတွက် ဒီနေ့ဟာ အတူတကွ စိတ်ကူးရည်မှန်း၊ မျှော်လင့် တောင်း တနေတဲ့ နေ့ရက် တစ်ရက်ဖြစ်ပါတယ်။ ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာနဲ့ ပြည့်ဝ တဲ့နှစ်သစ်လို့ အားလုံးကို ဆရာတော် ထပ်မံ မေတ္တာပို့သ နှုတ်ဆက် လိုက်ပါတယ်။

နှစ်သစ်ရဲ့ အာရုဏ်ဦးအတွက် ဒို့တတွေ ပြင်ဆင်နေကြ သလို၊ မြန်မာပြည်မှာလည်း ဒို့တွေ ခောတ် ကာလအသစ် တစ်ခုရဲ့ အာရုဏ်ဦးအတွက် ပြင်ဆင်နေကြတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ မျှော်လင့်ခြင်းရဲ့ ခေတ်သစ်ရာသီ ပွင့်လန်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။ မတူညီ ကွဲပြားခြားနား၊ လှပတဲ့ ဒို့တွေရဲ့ လူမျိုးပေါင်းစုံ တိုင်းရင်းသားများ အကြားမှာ ညီရင်းအစ်ကို မောင်ရင်းနှမ စည်းလုံးခြင်းနှင့် ချစ်ခြင်း ခောတ်ကာလအသစ် တစ်ခုအတွက် ပြင်ဆင်နေကြတယ်။

ကျေးဇူးတင်စရာတွေ များစွာရှိသလို၊ မျှော်လင့်စရာတွေလည်း အများအပြား ရှိနေပါတယ်။ ဒို့တွေရဲ့ အတိတ် သမိုင်းက ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုတွေနဲ့အတူ ခံစားနေရတဲ့ ကောင်းကြီး ကျေးဇူးတော်မှာ ဆက်လက် ရှင်သန် ရပ်တည် နေထိုင်နေကြပါတယ်။ မြန်မာပြည် အဖြစ်အပျက် သမိုင်းရဲ့ သင်ခန်းစာအသစ်၊ အစ ပထမဦးဆုံး စာမျက်နှာမှာပဲ ဒို့တွေ ရှိနေသေးတယ်။ ဒို့တိုင်းပြည်ရဲ့ တံခါးတွေဟာ လွန်ခဲ့တဲ့ (၂)နှစ် ကနေစပြီး အခြားသောကမ္ဘာ့ နိုင်ငံများ အတွက်ဖွင့်ပေးနိုင်ခဲ့တယ်။

မျှော်လင့်ချက်တွေအတွက် အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ် ကနေစပြီး လွတ်လပ်မှုအကန့်အသတ်၊ အချုပ်အနှောင်၊ တင်းမာမှု ကနေ သက်သာ လွတ်မြောက်ရာရရှိခဲ့တယ်။ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ နေရာရလာတယ်။ လူထုဆက်သွယ်ရေးနဲ့ နိုင်ငံရေးရာ လှုပ်ရှားမှုတွေမှာ လွတ်လပ်စွာနဲ့ ပြောဆိုလုပ်ကိုင်နိုင်တဲ့ အခွင့်အရေး လေးတွေ ရရှိခဲ့ပါတယ်။ ဒေသခံ တိုင်းရင်းသား လူမျိုးစု များနဲ့အတူတူ စတင်ပြီး ငြိမ်းချမ်းရေး ခြေလှမ်းသစ် တွေ လှမ်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည် လည်းပဲ နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရပြီးနောက် မိမိရဲ့ အဖွဲ့ဝင် အပေါင်းအဖော်များနဲ့အတူ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ လွှတ်တော် အမတ်အဖြစ် ရွေးချယ် တင်မြောက်ခြင်းခံခဲ့ ရပါတယ်။

အသစ်သော အာရုဏ်ဦးရဲ့ လှပတဲ့ မြင်ကွင်းသစ်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ဖို့ရန် ဒီခြေလှမ်းတွေက ဒို့ကိုအားပေးနေတယ်။ နှစ်ပေါင်း (၅၀)ကျော်ကြာ ပြီးနောက် ပထမဦးဆုံး အကြိမ် အနေနဲ့ မြန်မာပြည်ကြီးအတွက် မျှော်လင့် ချက်တွေပြည့်ဝစေတဲ့ အကြောင်းအရာ၊ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒီအခွင့်အရေးတွေ ဖြစ်ပေါ်လာ ဖို့ ၁၉၈၈ ညီအစ်ကို မောင်နှမတွေရဲ့ အမှောင်ကမ္ဘာက အာဏာ အမှားကြီးကို ရဲ့ဝံ့စွာ ဆန့်ကျင် နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ တချို့ဆိုရင် မိမိတို့ရဲ့အသက်ကို စတေးဘို့ ၀န်မလေးပဲ၊ ရက်ရက်ရောရော ပေးဆပ်ခဲ့တယ်။ မနေ့က သူတို့ရဲ့ စွန့်စား ပေးဆပ်ခြင်းက ဒို့ဒီနေ့ လွတ်လပ်နေတယ်။ မြန်မာပြည်ကြီးရဲ့ မနက်ဖြန်က တရားမျှတခြင်းဆီကို ဦးတည်နေပါတယ်။

အမြဲသတိရှိနေဘို့က ဒို့တွေ အစပြုနေတဲ့ အခြေအနေလေးမှာပဲ ရှိနေတယ် ဆိုတာကိုပါပဲ။ နိုင်ငံရေး အကျဉ်းသမား တချို့ လွှတ်ချိန်မှာ၊ တချို့က ဖမ်းဆီးခံနေကြရတယ်။ ပြန်လည်ကျေအေး သင့်မြတ်တဲ့ အကြောင်းတွေ ပြောနေကြတဲ့ အချိန်မှာ၊ ကချင်ပြည်ရှိ တိုင်းရင်းသားများ စစ်အစိုးရရဲ့ တိုက်ခိုက်ခြင်းခံ နေကြရတယ်။ လွှတ်လပ်စွာပြောဆိုခွင့်ကို စတင်ကျင့်သုံးစဉ်မှာပဲ တချို့က မွတ်စလင် ညီအစ်ကို မောင်နှမတွေကို ဆန့်ကျင် အမုန်းပွားတဲ့ မကောင်းသတင်း စကားတွေကို ပြောကြတယ်။ ဒို့ရှေ့ဆက်လျှောက်ရမည့် ခရီးက တကယ်ဝေးတုန်းပဲ။ စိတ်မချမ်းမြေ့စရာ စိန်ခေါ်မှုတွေ၊ မည်းမှောင်တဲ့ တိမ်ထုပမာ ဒုက္ခအခက်အခဲ ကြိုးစားရုန်းကန်မှုကြားမှာ မျှော်လင့်ခြင်း အလင်းရောင်ခြည် ကရှိနေတယ်။ မြန်မာပြည်သူ ပြည်သားအားလုံး ငြိမ်းချမ်း၊ လွှတ်လပ်စွာ မနေနိုင်သရွေ့၊ မြန်မာပြည်ကြီး ဟာလည်း ဘယ်တော့မှ စစ်မှန်တဲ့ လွှတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရှိမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဉ် တစ်ရပ်ဖြင့်သာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ရရှိအောင် မြင်နိုင်ပြီး ရိုးရိုး casefires မဟုတ်။ ဒီလမ်းစဉ်မှာ မြန်မာပြည်သူ ပြည်သားများ အားလုံးအတွက် နိုင်ငံရေးရာ အပြန်အလှန် ဆွေးနွေးမှုတွေ ပါဝင်ပတ်သက်နေရပါမယ်။ ဒါဟာ အမှန်တရားပဲ။ ဒါပေမဲ့ ဒို့တွေရဲ့ နှလုံးသားထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ဆန့်ကျင်ပုန်ကန်မှုနဲ့ပဲ ရယူနိုင်မယ်လို့ ခံယူကြတယ်။ ညီအစ်ကို မောင်နှမချစ် ခြင်းရဲ့ တန်ဖိုးကို  ပြန်လည်ရှာဖွေရင်း၊ ကိုယ်စီ စိတ်နှလုံးသားများ တဖန် ပြန်လည် ဆန်းစစ် ကြည့်ကြစို့။

ဆဌမမြောက် ရဟန်းမင်းကြီး ပေါလူးမိန့်မြွတ်ခဲ့ဖူးတယ် ငြိမ်းချမ်းရေး ဆိုတာ စစ်မရှိ၊ စစ်မဖြစ်ရတာလေးနဲ့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို လိုလားရင်၊ တရားမျှတခြင်းအတွက် လုပ်ဆောင်ပါလို့ လမ်းညွှန် သတိပေးခဲ့ ပါတယ်။ တရားမျှတမှု မရှိတဲ့နေရာမှာ ငြိမ်းချမ်းရေး ဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ ကက်သလစ် အသင်းတော်ရဲ့ မွန်မြတ်တဲ့ထုံးထမ်းစဉ်လာ ယုံကြည်ချက်အရ ငြိမ်းချမ်းခြင်းဟာ တရားမျှတမှု ကနေ မွေးဖွား ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ နှစ်သစ်သတင်း ကောင်းထဲမှာ “လူသားတိုင်းရဲ့ အတွင်းစိတ်နှလုံးမှာ ပြည့်ဝတဲ့အသက်တာနဲ့ ရှင်သန်နေထိုင်ဖို့ အမြဲအလို ဆန္ဒ ရှိနေကြပါတယ်။ ဒါ့အပြင် တဦးနဲ့တဦး ရန်သူလို မမြင်ကြပဲ ညီအစ်ကို မောင်နှမရင်းပမာ ချစ်ခင်ရင်းနှီး အတူလက်တွဲနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဆာငတ်  တောင်းတနေကြပါတယ်။”

နိုင်ငံတော် ကြီးဟာ နှစ်ပေါင်း ၆၀ လောက် အာဏာရှင် စနစ်အောက်မှာ နှစ်မွန်းခဲ့ပါတယ်။ သင်နဲ့ ကျွန်ုပ် အားလုံးသော ပြည်သူ ပြည်သားတွေ ရက်စက်၊ ရှည်လျားတဲ့ ညအမှောင်ထုမှာ နာကြင်မှုတွေအတွက် တိတ်တဆိတ် ကြိတ်ငိုခဲ့ကြရတယ်။ ဖိစီးနှိပ်စက်မှုအမှောင်ထုကနေ လွတ်မြောက်ပြီး၊ အခု အာရုဏ်ဦးရဲ့ အလင်းရောင်ခြည်ကို တို့တွေမြင်နေကြရတယ်။ ရုတ်တရက်ဆိုသလို မြင်နေရတဲ့ အလင်းတန်းရဲ့အလယ်မှာ အမှောင်ထုတစ်ခု ရှိနေသလို တွေ့နေရတယ်။ ဘာသာရေး ပဋိပက္ခတွေကြောင့် ၀မ်းနည်းကြေကွဲစရာတွေ၊ အနာတရဖြစ်မှုတွေက နုနယ်ငယ်ရွယ်တဲ့ တိုင်းသူပြည်သားတွေဆီမှာ မပျောက်မပျက်နိုင်တော့တဲ့ ဒဏ်ရာတွေအဖြစ် ကျန်ရစ်နေတယ်။ လွန်ခဲ့တဲ့ (၁၈) လတုန်းက ကြောက်စရာ အမုန်းတရား လှိုင်းလုံးကြီးက ရခိုင်ပြည်မှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေဆီ ပြင်းထန်စွာ ရိုက်ခတ်ခဲ့တဲ့အပြင်၊ မထ္ထ္ထီလာ၊ အုတ်ခံ၊ လားရှိုး နဲ့ အခြားနယ် တွေမှာလည်း တိုက်ခတ်ခဲ့တယ်။ ဒီကြောက်ရွံ့စရာ အမုန်း မုန်တိုင်းကြီးက လူပေါင်းများစွာရဲ့ အသက်နဲ့ အိုးအိမ်၊ စည်းစိမ်ကို ဖျက်စီးခဲ့ရုံမကဘူး ညီရင်းအစ်ကို မောင်နှမ ချစ်ခင်ပေါင်းသင်းဆက်ဆံရေးကိုပါ အဆုံးသတ် ဖျက် ဆီးခဲ့တယ်။ အဖွဲ့အစည်းတွေ အားလုံး နာကြင်ခံစား၊ နစ်နာခဲ့ရပါတယ်။

ကျွပ်န်ုပ်တို့ရဲ့လုပ်ငန်းက ဖျက်ဆီးခံရတဲ့အဆောင်များ ပြန်လည်တည်ဆောက်ရုံမက ဖျက်ဆီးခံရတဲ့ပေါင်းသင်း ဆက်ဆံ ရေးကို ပြန်လည်ဆောက်တည် ကြရမယ်။ ရဟန်းမင်းကြီး ဖရန်စစ်သူတော်မြတ် မိန့်ဆိုတာက (Without fraternity it is impossiple to build a just society and a solid and lasting peace) မိသားစုစိတ်ဓါတ်မရှိပဲ တရားမျှတတဲ့ လူ့အဖွဲ့အစည်း မတည်ဆောက်နိုင်။ ကြံ့ခိုင်တဲ့ ငြိမ်းချမ်းရေးလဲ မတည်ဆောက်နိုင်ဘူး။ မြန်မာပြည်မှာ ကျွန်ုပ်တို့ဟာ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် စိတ်နှလုံးအာရုံဟာ တို့လူသားအချင်းချင်းပဲ တို့မိသားစု ညီအစ်ကို မောင်နှမများ ဖြစ်တယ်ဆိုတာ ဦးတည် ဖို့အရေးကြီးပါတယ်။ ရဟန်းမင်းကြီးစကားထဲမှာ တို့သမိုင်းကိုကြည့်ရင် လူမျိုးပေါင်း စုံတဲ့ ပင်ကိုယ်စိတ် နှလုံးထဲမှာ တစ်ဦးနဲ့တစ်ဦး အရေးပေးချင်တဲ့စိတ် ညီအစ်ကို မောင်နှမစိတ်များဟာ ဗီဇထဲ ကအရင်းခံ ဖြစ်နေတယ်။ ကျွန်ုပ်တို့မြန်မာပြည်မှာ unity in diversity မတူခြားနားခြင်းရဲ့ စည်းလုံးမှု တန်ဖိုးတွေ ရှိဖို့လိုပါတယ်။ တိုင်းရင်းသားပေါင်းစုံ ယုံကြည်ကိုးကွယ်ဘာသာ မျိုးစုံရှိတယ်။ ဒါဟာ ခွန်အား ဖြစ်တယ်။

မုန်တိုင်းအပြီး နေထွက်လာတဲ့အခါမှာ ကျွန်ုပ်တို့ဟာ အရောင်မျိုးစုံ သက်တန့်နိုင်ငံဖြစ်တယ်။ မြန်မာပြည် မွေးတဲ့လူတိုင်း ဒါဟာတို့မြေ ဒို့ပြည်၊ ဒို့အိမ်၊ လို့ခံစားကြရမယ်။ လူတိုင်းအနာဂါတ်အတွက် တာဝန်ရှိတယ်။ လူတိုင်း ညီတူညီမျှ ရိုသေလေးစားမှု ခံရမယ်။ညီမျှတဲ့ အခွင့်အရေး ရရှိကြရမယ်။ ဘေးကလူရဲ့ လက်ခံအရေးပေးခံကြရမယ်။ There must be no second class people မည်သူမျှ ဧည့်သည်မဟုတ်။ အားလုံးတန်းတူ အိမ်ရှင်များ ဖြစ်ကြတယ်။ ရဟန်းမင်းကြီး သူတော်မြတ် ဖရန်စစ် သတင်းထဲမှာ ကမ္ဘာ့နေရာများများမှာ လူ့အခြေခံ အခွင့်အရေးကို ထိခိုက်တာတွေ့ရတယ်။ အထူးသဖြင့် အသက်ရှင်ပိုင်ခွင့်နဲ့ မိမိဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်မှုကို စော်ကားကြတယ်။ ဒါလဲ ကမ္ဘာ့ ဒေါင့်တစ်ဒေါင့် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်ချမ်းရေး ဆွေးနွေးကြပေမဲ့ ကချင်ပြည်နယ်ျွှာ ရွာတွေအပစ်အခတ်ခံရ၊ ဘုရားကျောင်းတွေထဲ လုယက်ထိုးဖောက်ကြ၊ အမျိုးသမီး မိန်းကလေးတွေကို ဖျက်လိုဖျက်ဆီး ပြုကြတယ်။ အခြားဒေသမှာ ဗလီကျောင်းများ အဖျက်ဆီးခံရကြတယ်။

တို့ခရစ်ယာန်များ ယုံကြည်တယ်။ လူတိုင်းဟာဘုရားရှင်ရဲ့ ပုံသဏ္ဍာန်တော် အတိုင်း ဖန်ဆင်းခြင်း ခံရကြတယ်။ အားလုံးဟာ ဘုရားရှေ့ ဂုဏ်သိက္ခာရှိသူများ ဖြစ်ကြတယ်။ နိုင်ငံတော်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဟာ citizenship နိုင်ငံသားအဖြစ်လက်ခံရေးကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုပါတယ်။ မေတ္တာ ကရုဏာနဲ့ စိုးမိုးခဲ့တဲ့ ကျွန်ုပ်တို့နိုင်ငံမှာ ရုတ်တရက် သည်းခံစိတ်ဓါတ်တွေ ပျောက်ကင်းပြီး ရုတ်တရက် အကြမ်း ဖက်ကြတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ တစ်နေရာမှာ မတရားမှုဟာ နေရာတကာမှာ မတရားမှုဖြစ်တယ်လို့ မာတင်းလူသာကင်းက ဆိုခဲ့တယ်။ ပြည်တွင်းစစ်ဖြစ်နေတယ်။ ဘာသာရေး ပဋိပက္ခဖြစ်နေတယ်။ ဒါဟာ အဖွဲ့အစည်းများ ကိုဒုက္ခဝေဒနာ ဖြစ်စေတယ်။ နိုင်ငံတော်ကို နစ်နာစေတယ်။ သိန်းသန်းမက လူများဒုက္ခ ခံစားကြပေမဲ့ သတိမမူအရေး မပေးတာကို ၀မ်းနည်းစွာ မြင်ကြရတယ်။ ကျွန်ုပ်တို့ရှေ့မှာ ဖြစ်ပျက်နေ တဲ့အရာတွေကလည်း အမျိုးသမီးများ၊ ကလေးသူ ငယ်များ လူကုန်ကူးခံကြရတယ်။ တခြားစော်ကားမှု များနဲ့အတူတူ မြေနေရာ အသိမ်းခံကြရတယ်။ အလုပ်အကိုင်နဲ့အစိုးရ ရာထူးဝန်ထမ်းမှာ ကိုးကွယ်ဘာသာ ကြောင့်မို့၊ တိုင်းရင်းသားဖြစ်ရလို့ အနှိမ်ခံကြရတယ်။

ရဟန်းမင်းကြီးရဲ့သ၀ဏ်စာထဲ မှာလဲဒါကို ပြောထားတယ်။ လုံးဝလူ့ဂုဏ်သိက္ခာကို မလေးစားတော့ပဲ လူကုန်ကူးကြတယ်။ စီးပွားရေးအတွက် စစ်ပွဲဖြစ် ပစ်ခတ်တာတွေ အသက်အိုးအိမ် မိသားစုနဲ့လုပ်ငန်းတွေကို ဖျက်ဆီးနေတာတွေ့ရတယ်။ ဒီစကားတွေဟာ ကျွန်ုပ်တို့ မြန်မာပြည် အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။ မကြာခင်က(၂၇)ကြိမ်မြောက် ဆီးဂိမ်းကစားပွဲကြီးကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့တယ်။ အံ့သြဂုဏ်ယူစရာ ကောင်းပါတယ်။ လိုအပ်တဲ့အခါ မြန်မာပြည်သူပြည်သား ဘာအခက်အခဲ မဆို ကျော်လွှားနိုင်စွမ်း ရှိကြတယ်။ ဒီအတိုင်းပဲ နိုင်ငံကြီးကို သွေးထွက်သံယိုဖြစ်စေတဲ့ ရှည်လျားလှတဲ့ ပြည်တွင်းစစ်များကို အဆုံးသတ် နိုင်ကြရမယ်။ သမိုင်းကြည့်ရင် လွတ်လပ်ရေးရချိန် ၁၉၄၈ခုနှစ်မှာစပြီး ဒီနေ့တိုင်အောင် ပြည်တွင်းစစ် မဖြစ်ပဲ၊ ပစ်ခတ်မှုမရှိပဲ၊ တစ်နှစ်မှ မရှိခဲ့ဘူးပြောတယ်။

နောက်တစ်ချက် ၄၀ ရာခိုင်နှုန်း မြန်မာပြည်သူပြည်သား လုံးဝ ဆင်းရဲသူများ ဖြစ်ကြတယ်။ သိန်း သန်းမက မလေးရှားငရဲ၊ ထိုင်းနိုင်ငံငရဲထဲမှာ ခေတ်သစ် ကျွန်ဘ၀ ရောက်နေကြတယ်။ ဒါဟာ နိုင်ငံတော်ကို နစ်နာစေတယ်။ ကြီးမားတဲ့စိန်ခေါ်သံတစ်ခုဟာ အတိဆင်းရဲဒုက္ခဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီး မြွက်ဆိုတဲ့ စကားမြတ်အရ မိသားစုစိတ်ဓါတ်ရှိဖို့ လိုလားချက်ဟာ ဆင်းရဲနုံချာ ခေါင်းပါးမှုကို တိုက်ခိုက်ကြရမယ်။ ဆင်းရဲနုံချာတာ ကိုအဆုံးသတ်ဖို့ ပထမဆုံးနှလုံးသားများရဲ့ ကြွယ်ဝမှုကို ဦးစားပေးကြရမယ်။ အဲဒီအတွက် အမြတ်ထုတ်ချင်တယ်။

အာဏာကိုလိုချင်တဲ့ လောဘစိတ်များရဲ့ သွေးထိုးမှုကို ကျော်လွှားနိုင်ရမယ်။ ရန်သူလို့အမြင်ရှိရင် ဒီပုဂ္ဂိုလ်ဟာငါ့ရဲ့ညီအစ်ကိုမောင်နှမများဖြစ်ကြတယ်။ တိုက်ချင်သတ်ချင်တဲ့စိတ်ကို လျှော့ပြီး လက်နက်ကို မကိုင်ပဲ ဆွေးနွေးတိုင်ပင်ကြဖို့တွေ့ ကြပါ။ အခွင့်လွတ်ကြပါ။ မိတ်သဟာယဖြစ်စေကြပါ။ ဒါမှ မြန်မာပြည် ကြီးတရားမျှတမှု ဆောက်တည်မယ်။ တစ်ဦးနှင့် တစ်ဦး တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မယ်။ ပြည်တော်ကြီး အတွက် မျှော်လင့်စရာဖြစ်မယ်။ ကိုးကွယ်ဘာသာတိုင်း၊ တိုင်းရင်း ပြည်သူပြည်သားတိုင်း၊ ညီအစ်ကို မောင်နှမတိုင်းကို နိုင်ငံတစ်ဝန်းလုံးမှာ အထူးပျော်ရွှင်သော နှစ်သစ်ဖြစ် ပါစေလို့ နှုတ်ခွန်း ဆက်သပါတယ်။ လက်တွဲကြပြီးရောင်စုံလှပတဲ့ သက်တန့်နိုင်ငံသစ်ကိုတည်ဆောက်ကြပါစို့။ ၂၀၁၄ခုနှစ်သည် ခေတ်သစ်ပိုမိုလွတ်လပ်သော နိုင်ငံသာမက မြန်မာတ၀ှမ်းမိသားစုစိတ်ဓါတ်နဲ့ လွှမ်းမိုး နိုင်ပါစေ။ မိသားစုစိတ်ဓါတ် ရှိမှသာ တည်ငြိမ်သော ငြိမ်းချမ်းခြင်းနဲ့ တိုးတက်ကြွယ်ဝခြင်းများ ဆွတ်ခူး နိုင်ပါတယ်။ ညီအစ်ကိုမောင်နှမတို့ မြန်မာနိုင်ငံ အသစ်ဖြစ်နိုင်ပါတယ်။ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ မြန်မာပြည်ကြီး တဖန် မွေးဖွားတော့မယ်။ ရောင်စုံမတူခြားနား ခြင်းနဲ့ ညီညွတ်ခြင်းကို အောင်ပွဲခံကျင်းပကြမယ်။ လွတ်လပ်တဲ့ မြန်မာပြည်ကြီး အမုန်းတရားနဲ့ ကင်းတဲ့ နိုင်ငံဖြစ်နိုင်ရမယ်။ လိုအပ်ချက်က မိမိကိုယ်ကျိုး အမြတ်ထုတ်မဲ့အစား ကိုယ့်ကိုယ်ကို အနစ်နာခံနိုင်ခြင်း၊ တစ်ပါးသူကို ဖိနှိပ် အနိုင်ကျင့်မဲ့အစား အစေခံ နိုင်ခြင်းများဖြစ်ပါတယ်။ တစ်ခြားတစ်ပါး လူပုဂ္ဂိုလ်ဖြစ်ဖြစ်၊ လူစုပဲဖြစ်ဖြစ်၊ နိုင်ငံပဲ ဖြစ်ဖြစ်အားလုံးကို ကိုယ့်မိသားစုလို့ မြင်နိုင်ကြရပါမယ်။ ခရစ်ယာန်ရဲ့စိတ်ဓါတ်ဟာ ဘေးကလူကို သူ့ရပိုင်ခွင့်နဲ့လူသား တစ်ဦးလို ချစ်ခင်တာထက် လူတိုင်းဟာ အသက်ရှင်သော ဘုရားရဲ့ပုံသဏ္ဍာန်တော်များ ဖြစ်ကြတယ်ဆိုတာလက်ခံနေခြင်း ဖြစ်တယ်။

ကျွန်ုပ်တို့ ဒီ၂၀၁၄နှစ်သစ်နဲ့အတူ မြန်မာပြည်ခေတ်သစ်ဆီ ဦးတည်တဲ့အခါ ရဟန်းမင်းကြီး သူတော်မြတ် ဖရန်စစ်နဲ့အတူတူ ပဲ့တင်ထပ်ကြေငြာချင်တာက ပဋိပက္ခကြောင့်၊ စစ်ဒဏ်ကြောင့် အတိဒုက္ခရောက်နေသူများ (I assure you of my personal closeness) သင်တို့အနားမှာရှိပါတယ်။ အသင်းတော်ရဲ့ လုပ်ငန်းစဉ် ဟာလည်း သခင် ယေဇူးချစ်ခြင်းအတိုင်းပါပဲ။ စစ်ကြောင့်အကွယ်အကာမရှိ ဒုက္ခသည်များအတွက် ငြိမ်းချမ်းခြင်း မေတ္တာ အနာအဆာဒဏ် ရာရသူများ၊ အစာငတ်နေသူများ၊စစ်ပြေးဒုက္ခသည်များ၊ နေရာအိုးအိမ်မဲ့နေရသူများ၊ ကြောက်ရွံ့စိတ် တထိတ်ထိတ်နေ ရသူများကိုကူညီအစေခံဖို့ အသင်းတော်အနေနဲ့ အဆင်သင့်ရှိပါတယ်။ အကြမ်းဖက်ဖို့သွေးထိုးနေသူများ လက်နက်ကိုင်ပြီး အသက်သေအောင်လုပ်နေသူများကို ကျွန်ုပ်အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။

ဒီနေ့ သင်တို့နဲ့ အတူ ဆရာတော် ဆုတောင်းလိုတာက အိုအဖဘုရား- My Father - our Father - let my country awake တပည့်တော်ရဲ့ မြန်မာနိုင်ငံတော်ကြီးကို နိုးကြားစေတော်မူပါ။ အာမင်။

Post a Comment

0 Comments