ဘုရားသခင်၏သဏ္ဍာန်ထုတ်ဖော်ပြသခြင်း (Epiphany) - မင်းသုံးပါးပွဲနေ့


ဘုရားသခင်၏သာန် ထုတ်ဖော်ပြသခြင်း (Epiphany)ပွဲတော်နေ့ကို မင်းသုံးပါးပွဲနေ့ဟု ကျွန်တော်တို့ တတွေအလွယ်တကူ သိမှတ်ထားကြပါတယ်။ အမှန်စင်စစ် ဘုရားသခင်၏သာန်ထုတ်ဖော်ပြသခြင်း ပွဲတော်နေ့ ဖြစ်ပါတယ်။ အဲပီဖန်နီ (Epiphany) ဆိုသည့်စကားလုံးဟာ ဂရိစကားလုံး (ἐπιφάνεια) အဲပီဖန်နီယာဖြစ်ပြီး ပုံသာန်ထုတ်ဖော်ပြခြင်းဟု အဓိပာယ်ရပါတယ်။ သို့ဖြစ်၍ ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိကျမ်း (မာတေဦး ၂း၁-၁၂)အားဖြင့် ဘုရားသခင်၏သာန်ထုတ်ဖော်ပြခြင်းကို ထောက်ရှု့မှတ်သားပြီး ထိုကဲ့သို့ ဘုရားသခင်၏သာန်ထုတ်ဖော်ခြင်းကိုတွေ့ရှိဖူးမျှော်နိုင်ခဲ့သူ မင်းသုံးပါးနှင့် မတွေ့ရှိ၊ မဖူးမျှော်နိုင်သူ ဟေရုဒ်မင်းတရားကြီးတို့ကိုလည်း တရားမှတ်ဖွယ်အဖြစ် သုံးသပ်ကြည့်ပါစို့။

မှတ်တမ်းတင်ပြုစုထားသည့် မာတေဦး၏ဧ၀ံဂေလိတရားကျမ်းအရ၊ အရှေ့တိုင်းနိုင်ငံများမှ မင်းပညာရှိကြီးများဟာ ဂျူးလူမျိုးထဲမှ ရှင်ဘုရင်တစ်ပါးဖွားမြင်ကြောင်း ကြယ်ကြီးအားဖြင့် (နက္ခပညာဖြင့်) သိရှိခဲ့ကြပါတယ်။ ထိုရှင်ဘုရင်ဟာ သာမာန်ဘုရင်တွေလို လူမျိုးအုပ်စုတစ်စုတည်း၊ တမျိုးတည်းအတွက် ရပ်တည်သူမဟုတ်ဘဲ တကမ္ဘာလုံးနှင့်စပ်လျဉ်းနေသည့်အတွက်ကြောင့်သာ အရှေ့တိုင်းမှ မင်းပညာရှိကြီးများက ဖူးမျှော်လိုကြပါတယ်။ ထိုရှင်ဘုရင်သည် လူသားအားလုံးအတွက် ဖြစ်ပါတယ်။ ထိုကြောင့် ခွဲခြားမှု့တွေ၊ ကွဲပြားမှု့တွေ ထိုဘုရင်ဆီမှာ ရှိမည်မဟုတ်ဘဲ တကမ္ဘာလုံးအတွက် အလင်းရှင်၊ာဏ်ပညာတော်ရှင်၊ ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိ၍ မင်းပညာရှိတို့က ယခုလို ရှာဖွေဖူးမျှော်လိုခဲ့ကြပါတယ်။ သို့သော်လည်း ဟေရုဒ်မင်းကြီးမူကား အာဏာနှင့်စည်းစိမ်ရစ်မူးလျက် ထိုကဲ့သို့ အလင်းရှင်၊ာဏ်ပညာတော်ရှင်၊ ကယ်တင်ရှင် ဘုရင်မင်းတစ်ပါး သူ၏တိုင်းပြည်မှ ပေါ်ထွန်းသည်ကို မင်္ဂလာအနေဖြင့် မကြည်ဖြူနိုင်ဘဲ သူ၏အာဏာစက်နှင့် စည်းစိမ်ဥစ္စာတွေကို ခြိမ်းခြောက်နိုင်သူအဖြစ်သာ မြင်ခဲ့၍ ဘုရားသခင်၏ သာန်ထုတ်ဖော်ပြသခြင်းကို တွေ့ရှိဖူးမျှော်ခွင့်နှင့် လွဲခဲ့ရပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်လည်း ဘုရားသခင်၏သာန်ထုတ်ဖော်ပြခြင်းကို ရှာဖွေဖူးမျှော်လိုကြသူများ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေ ရှာဖွေဖူးမျှော်နိုင်ကြပြီလား ဒါမှမဟုတ် လောကီစည်းစိမ်နှင့် အာဏာအစွမ်းတွေကြားမှာ ရစ်မူးရင်း ဘုရားသခင်၏သာန်တော်ကို တွေ့ရှိဖူးမျှော်နိုင်ဖို့ အဟန့်အတားတွေနှင့် ပြည့်နက်နေသလား - သေချာစဉ်းစားထောက်ရှု့ဖို့တော့ လိုပါလိမ့်မယ်။ ဓမ္မဟောင်းခေတ်လူသားတွေအတွက်တော့ ဘုရားသခင်က သူ၏သာန်တော်ကို ပရော်ဖက်များမှတဆင့် ထုတ်ဖော်ပြသခဲ့ပြီး ထိုပရော်ဖက်တွေအားဖြင့် ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကိုယူ၍ သာန်တော်ကို ပြသမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ထိုကတိတော်အတိုင်း သူငယ်တော်အဖြစ် ကညာစင်မာရိယာမှ မွေးဖွားခြင်းခံယူကာ လူ့အဖြစ်ကိုယူတော်မူခဲ့ပါတယ်။ ယနေ့ခေတ် ဓမ္မသစ်လူသားများအတွက် ခရစ်တော်ဘုရားရှင်ကိုယ်တော်တိုင် ကောင်းကင်နိုင်ငံတံခါးသော့ကို ဖွင့်ပေးထားပြီး ၀င်ရောက်နိုင်ဖို့လည်း သူကိုယ်တော်တိုင် လမ်းအဖြစ်လည်းကောင်း၊ အလင်းအဖြစ်လည်းကောင်း၊ အသက်အဖြစ်လည်းကောင်း ကျွန်ုပ်တို့အားလုံးကို လမ်းပြဦးဆောင်နေပါတယ်။ ဘုရားသခင်ရှိသည့်နေရာဟာ ချစ်ခြင်းမေတ္တာရှိသည့်နေရာ ဖြစ်၍ အကြီးမားဆုံးသောပညတ်ချက်နှစ်ချက်ဖြစ်သည့် ဘုရားသခင်ကိုချစ်ဖို့နှင့် မိမိနှင့်နီးစပ်သူတွေကို ချစ်ဖို့ ဘ၀ပညတ်အားလုံးကိုအကျဉ်းချုပ်ပေးခဲ့ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့မျက်စိမရှန်သင့်ပါဘူး။ နားရှိလျက်နဲ့ မကြား၊ မျက်လုံးရှိလျက်နဲ့မမြင်သူများဖြစ်နေပါလျှင် ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၏သာန်တော် ထုတ်ဖော်ပြသခြင်းကို မတွေ့နိုင်ဘဲ ဖူးမျှော်နိုင်မည်မဟုတ်ပါ။

လောကဥစ္စဓနစည်စိမ်များ၊ အာဏာနှင့် ကာမဂုဏ်ရမ္မက်တို့ကြားမှာ နစ်မွန်းနေသူ ဟေရုဒ်မင်းကြီးဟာ ပရော်ဖက်တို့ဟောကြားသည့် ရှင်ဘုရင်မွေးဖွားကြောင်း ရှေးကျမ်းတို့အရသိသော်လည်း ဖူးမျှော်ခွင့် လွဲချော်ရအောင် သူကိုယ်တိုင်စီရင်ခဲ့သူပါ။ တဖက်မှာတော့ တိုင်းတစ်ပါးသားများဖြစ်ပြီး မင်းပညာရှိများဖြစ်သည့်အလျောက် ထိုရှင်ဘုရင်ဟာ အကြီးမြတ်ဆုံးဖြစ်သည်ကိုသိရှိ၍ ဖူးမျှော်ရမည်ကို မျှော်လင့်ခဲ့ရသည်ကိုပင် သူတို့အတွက် အတိုင်းမသိသော ၀မ်းမြောက်ခြင်းရှိနေပါပြီ။ ကြယ်ကြီးပျောက်ဆုံးချိန် စိတ်မကောင်းဖြစ်ပုံများ ကြယ်ကြီးကိုပြန်မြင်တော့မှ မျှော်လင့်ချက်ရောင်ချည်ထွန်းတောက်၍ ၀မ်းမြောက်မှု့တို့ ပြန်လည်ပြည့်စုံရပါတယ်။ ခရစ်တော်ကို နုံချာစွာတွေ့မြင်ခဲ့ရသည့်တိုင် သူတို့ယုံကြည်ချက် မကင်းမဲ့သွားချေ။ ထို့အပြင် ဖော်ပြလို့မရသည့်ပျော်ရွှင်မှု့၊ ၀မ်းသာမှု့တို့ဖြင့် ပြည့်သျှံခဲ့ရပါတယ်။

ထိုမင်းပညာရှိတို့လို ၀မ်းမြောက်ပျော်ရွှင်မှု့ကို ကျွန်ုပ်တို့ ခံစားကြည့်ချင်ပါသလား။ သူငယ်တော်ကို ဖူးမြင်ရသည့်အခါ မင်းပညာရှိတို့ဟာ အလွန်ဝမ်းမြောက်ခဲ့ရပြီး ကျွန်ုပ်တို့အားလုံးအတွက်လည်း လူမျိုးမရွေး၊ နိုင်ငံသားမရွေးဘဲ လူမျိုးစုံမှ ကျွန်ုပ်တို့အားလုံးဟာလည်း ထိုပညာရှိတို့လို ၀မ်းမြောက်ပျော်ရွှင်မှု့ကို ရှာဖွေတွေ့ရှိနိုင်ကြောင်း၊ ဘုရားသခင်၏သာန်ထုတ်ဖော်ပြသခြင်းကိုလည်း တွေ့ရှိဖူးမျှော်နိုင်ကြောင်း သက်သေပြနေပါတယ်။

ထိုသို့သော ၀မ်းမြောက်ပျော်ရွှင်မှု့နှင့် ဘုရားသခင်ကိုတွေ့ရှိဖူးမျှော်နိုင်ဖို့ ကျွန်ုပ်တို့စိတ်တွေ ခရစ်တော်နှင့် တလုံးတ၀တည်းဖြစ်နေလားဆိုတာ ဆန်းစစ်သွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Post a Comment

0 Comments