ဘုန်းတော်ကြီး ဂျိုးဇက်ငေါ်ရီးရမန် ပျံလွန်တော်မူခြင်း


ယခင် နန်းယွန်းမြို့နယ်၊ လွမ်ရန်ကျေးရွာတွင် နေထိုင်ခဲ့ပြီး ယခု မြစ်ကြီးနားမြို့၊ အမှတ် (၅၅) ဧဒင်ရပ်ကွက်နေ ခမည်းတော်ဦးယောဟန်ငေါ်ရီးယုံခါး + (မယ်တော် လူစီးယားရန်ယဲ) တို့၏သား ဘုန်းတော်ကြီး ဂျိုးဇက်ငေါ်ရီးရမန်သည် ၂၀၁၃၊ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၉း၃၀ နာရီတွင် သခင်ခရစ်တော်၌ပျံလွန်တော်မူသွားခဲ့ပါတယ်။ 

ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်ဟာ နာဂလူမျိုးထဲမှ ပထမဦးဆုံးသော ကက်သလစ်ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သူ့အား ၁၉၆၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာတော့ ရဟန်းတို့တတ်အပ်သော ပညာများကိုလေ့လာဆည်းပူးပြီး ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ ၂၀၁၃၊ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ခရစ်တော်၌အိပ်စက်အနားယူ ပျံလွန်တော်မူသွားခဲ့ပါတယ်။ သူပျံလွန်တော်မူချိန်၌ ရဟန်းဝါတော် ၂၀ ရှိနေပြီဖြစ်ပါတယ်။ 

ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်၏ ဈာပနအခမ်းအနားကိုတော့ ၂၀၁၃၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၏ကက်သီဒြယ်ဖြစ်သည့် စိန်ကိုလန်ဘန်ဘုရားကျောင်းကြီးတွင် ပြုလုပ်သွားမည်ဟု သိရှိရပါတယ်။ စိန်ကိုလန်ဘန်ကက်သီဒြယ်မှ သူ၏ရုပ်ကလာပ်အား ရာဒါကောင်းသဂျိင်္ုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ပါတယ်။ 
ရပ်ဝေးမှ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၊ သိုးစုများသိစေခြင်းငှာ ထပ်ဆင့်သတင်းပါးအပ်ပါတယ်။
ကျန်ရစ်သူမိသားစုနှင့်တကွ၊ မြစ်ကြီးနားသာသနာအတွက်ပါ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်။ 
ဘုန်းတော်ကြီးဂျိုးဇက်ငေါ်ရီးရမန်၏၀ိညာဉ်သည် ဘုရားသခင်၏ရင်ခွင်တော်၌ အနားယူနိုင်ပါစေသော်။ အာမင်။

မနောအောင်

Post a Comment

0 Comments