ပုပ်ရဟန်းမင်းကြီးဖရန်စစ် ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့် သင့်လျော်ကြောင်း အာဂျင်တီးနားညီလာခံ ထောက်ခံအတည်ပြု


အာဂျင်တီးနားပြည်သူ့လွတ်တော်မှ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်အား ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှု့များအဆုံးသပ်ဖို့ရန် သူ၏ကြိုးစားမှု့အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုဖြင့်ထိုက်တန်ကြောင်း အဆိုပြုတင်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထိုအဆိုပြုချက်တင်သွင်းဖို့ရာ လွတ်တော်ကိုယ်စားလှယ်အများစု သဘောတူညီမှု့ရခဲ့ပြီး ယခု ဆီးနိတ်လွတ်တော်သို့ အတည်ပြုပေးဖို့ တင်သွင်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် အိုစကာမာတီနက်ဇ်က ပုပ်ရဟန်းမင်းကြီးဟာ “အခုနှစ် တစ်လျှောက်လုံးမှာ ဆီးရီးယားပိပက္ခ၌ သူ၏ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်နှင့်အတူ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအား ထိန်းသိမ်းထားနိုင်သည့်ပုဂ္ဂိုလ်” ဟုဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံရချိန်မှစ၍ ဆီးရီးယားငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ထပ်ခါတလဲလဲ ခေါ်နေခဲ့သူပါ။ G20 ထိပ်သီးအစည်းဝေးပြုလုပ်ရာ၌လည်း ရုရှားသမ္မတပုတင်ထံသို့ စာရေးကာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြင့် ပူးပေါင်းကာ ဆီးရီးယားတွင် အကြမ်းဖက်မှု့များ အဆုံးသပ်စေဖို့ ပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ရာတွင်လည်း မည်သည့်စစ်တပ်၏ကြားဝင် ဖျန်ဖြေပေးမှု့ကိုမဆို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြမှု့များဖြစ်ပေါ်သည့်နှစ် ၂၀၁၁မှစ၍ သမ္မတအဆပ်ဒ်နှင့် ဘာအဒ်ပါတီတို့အား ဆန္ဒပြလာရာ ယခုဆိုလျှင်ဆီးရီးယားပိပက္ခများဟာ  တရွတ်တိုက်ဖြစ်နေတာ နှစ်နှစ် ငါးလရှိနေပါပြီ။ ဆန္ဒပြသူများအား စစ်တပ်သုံး၍ စတင်ဖြိုခွဲရာမှ ပြည်တွင်းစစ်အသွင်သို့ပြောင်းလဲခဲ့သော ထိုပိပက္ခဟာ အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ပြီး ဆီးရီးယားဒုက္ခသည်များ အနည်းဆုံး ၂.၂ သန်းဟာ နီးစပ်ရာနိုင်ငံတွေမှာ ခိုလှုံနေရပါတယ်။ အထူးသဖြင့် လဘနွန်၊ ဂျော်ဒန်နှင့် တာကီတို့မှာ ခိုလှုံနေကြရပါတယ်။ ထို့အပြင် ပြည်တွင်းမှ ပြည်သူ ၆.၅သန်းဟာလည်း နေရာအတည်တကျမရှိဘဲ ပြေးလွှားနေကြရပါတယ်။

စီရင်ခံချက်များအရ ထိုပိပက္ခအတွင်း ဓါတုလက်နက်များ အသုံးပြုခဲ့၍ ပြည်သူ ၁၄၀၀ ထက်မနဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာလ (၇) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးမှ ထိုပိပက္ခနှင့် ဒုက္ခသည်များအတွက် ခြိုးခြံခြင်းနှင့်ဆုတောင်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ပြီး တကမ္ဘာလုံးကို လှုံ့ဆော်ခဲ့ပါတယ်။


ထိုနောက် စစ်ကြောင်းတိုက်ခိုက်မှု့များမပါဝင်ဘဲ ဓါတုလက်နက်များ ဖျက်သိမ်းဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

မနောအောင်

Post a Comment

0 Comments