ဖီလစ်ပိုင်နိုင်ငံ တိုက်ဖုန်းဟိုင်ရမ်မုန်တိုင်းဝေဒနာသည်များအတွက် ဗာတီကန်ကူညီ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ပုပ်ရဟန်းမင်းကြီးဆိုင်ရာကောင်စီ “Cor Unum” အားဖြင့်ဆုံးဖြတ်ကာ ဖီလစ်ပိုင်နိုင်ငံတွင် လက်ရှိကြုံတွေ့ခံစားနေရသော မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အကူအညီအားဖြင့် ဒေါ်လာ ၁၅၀၀၀၀ ကူညီပေးပို့မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တိုက်ဖုန်းမုန်တိုင်းကြောင့် ယခုလက်ရှိခံစားနေရတဲ့ ဖီလစ်ပိုင်နိုင်ငံသူ/သားများ နှင့်အတူ အထူးခံစားကြေကွဲရကြောင်း သတင်းများပေးပို့လျက်ရှိပါတယ်။ ထိုကြောင့် သူ၏အထူး ခံစားချက်ဟာ ဖီလစ်ပိုင်နိုင်ငံနှင့်အတူ ခွဲခြားမရပင် ဖြစ်ရပါတယ်။ ဖီလစ်ပိုင်နိုင်ငံသမ္မတ္တထံသို့လည်း သူ၏ကြေကွဲကြောင်း စာလွှာပေးပို့ခဲ့ပါတယ်။ သူ၏ကြေကွဲကြောင်းစာလွှာတွင် အဆိုးဆုံးမှတ်တမ်းဖြစ်သည့် ယခုတိုက်ဖုန်းဟိုင်ရမ်မုန်တိုင်းဟာ လူ့အသက်ပေါင်း တစ်သောင်းကျော် ပျက်စီးသွားခြင်းကြောင့်၊ အထူးသဖြင့် လိပ်တေကျွန်းတခုလုံးခံစားလိုက်ရတဲ့ ကြွေကွဲမှု့တို့ကြောင့် သူလည်းအလွန်ထပ်တူခံစားရပါကြောင်း ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သူကိုယ်တိုင်လည်း ဆုတောင်းမေတ္တာပြုပေးသည့်အပြင် ကမ္ဘာ့လူသားထုတစ်ရပ်လုံးလည်း ၎င်းတို့၏ဝေဒနာ၌ထပ်တူခံစားရင်း ဆုတောင်းမေတ္တာပြုပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ နိုင်ငံတော်တစ်ခုလုံး ဘုရားသခင်၏ခွန်အားနှင့် နှစ်သိမ့်ခြင်းခံရဖို့ အထူးဆုတောင်းပေးပါတယ်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ အန်ဂျေလုမေတ္တာအချိန်မှာလည်း စိန်ပီတာရင်ပြင်တော်၌ ၎င်းမုန်တိုင်းဒဏ်ခံစားရသော ဝေဒနာများအတွက် ဆုတောင်းပေးခဲ့ပါတယ်။


ဆုတောင်းခြင်းအပြင် အခြားပစ္စည်းငွေကြေးအကူအညီများဖြင့်လည်း ၀ိုင်းဝန်းကူညီကြဖို့ ပုပ်ရဟန်းမင်းကြီးက တကမ္ဘာလုံးအားတိုက်တွန်းခဲ့ပါတယ်။ 

မနောအောင်

Post a Comment

0 Comments