မိသားစုအတွက် ခရစ်ယာန်များစည်းလုံးစို့


ပုပ်ရဟန်းမင်းကြီးဆိုင်ရာ ခရစ်ယာန်များစည်းလုံးညီညွှတ်ရေးမြှင့်တင်ရေးကောင်စီနှင့်ပူးပေါင်းကာ မော်စကိုပါထရိရခ်အောသိုဒေါ့အသင်းတော်၏ ပြင်ပဆက်ဆံရေးဌာနသည် နိုဝင်ဘာလ ၁၃ရက်နေ့၊ ၂၀၁၃ ဗုဒဟူးနေ့တွင် ကျင်းပမည့် မိသားစုအတွက် ပုပ်ရဟန်းမင်းကြီးဆိုင်ရာကောင်စီမှ ဦးစီးကျင်းပမည့် ခရစ်ယာန်များစည်းလုံးညီညွှတ်ရေးနေ့(Ecumenical Day)မှာ ပါဝင်တက်ရောက်လာပါတယ်။ 

ထိုခရစ်ယာန်များစည်းလုံးညီညွှတ်ရေးနေ့၏ ဆောင်ပုဒ်အဖြစ် “မိသားစုအတွက် အောသိုဒေါ့နှင့်ကက်သလစ်များအတူတကွ” ကိုရွေးချယ်ထားပါတယ်။ ထိုတွေ့ဆုံမှု့အခမ်းအနားကို မနက် ၁၀ နာရီတွင်၊ ပီအာဇာဆမ်ကာလစ္စတို အဆောင် (၁၆)ရှိ ဆာလာပီအို (၁၁)ခန်းမတွင် စတင်ပါတယ်။ ထိုအခမ်းအနားတွင် မိန့်ခွန်းပြောဆိုမည့်သူများကတော့ ကောင်စီဥက္ကဌဖြစ်သည့် ဂိုဏ်းချုပ်ဆရာတော်ကြီး ပါဂလီယာ (အခမ်းနားဖွင့်လစ်ခြင်းလည်း ပြုလုပ်ပေးမည့်သူ)၊ H.E Hilarion, Metropolitan of Vololamsk ၊ Paul Ferliga, psychoanalyst ၊ Mikhail Zheltov (မော်စကိုမြို့ရှိ အသင်းအုပ်ဆိုင်ရာနှင့် အသင်းတော်ဆိုင်ရာ သိပံကျောင်းမှ ပါမောက္ခတစ်ဦး) ၊ Anonio Pitta (Pontifical Lateran တက္ကသိုလ်မှ ဓမ္မသစ်ကျမ်းဆိုင်ရာ ကျမ်းတတ်ပညာ ပါမောက္ခတစ်ဦး) ၊ နှင့် Maksim Obuchov (La Vitaဟု အမည်ရှိသော ရုရှားအော့သိုဒေါ့စင်တာ၏ ဒါရိုက်တာတစ်ဦး) တို့ဖြစ်ကြပါတယ်။


ဆရာတော်ကြီး ပါဂလီယာ၏ကွန်မန့် - ခရစ်ယာန်မိသားစုဟာ တစ်စုတဝေးတည်းဖြင့် အတူတကွနှင့် ဧ၀ံဂေလိ၏သတင်းကောင်းမှာ မိသားစု၏အလှအပကို သက်သေခံကြရန် ခေါ်တော်မူခြင်းခံကြရတာပါ။ အခုအခါ ခရစ်ယာန်မိသားစုများအကြား မတူညီမှု့တွေကိုအထူးအရေးပေးနေမယ့်အစား၊ ကျွန်ုပ်တို့အချင်းချင်း ခြားနားစေမည့်ဓမ္မသင်္ဂြိုလ်ပညာကျဉ်းမြောင်းမှု့တွေကို ပြုလုပ်နေမယ့်အစား ကျွန်ုပ်တို့တတွေ ခရစ်ယာန်များအကြား တူညီမှု့တွေနှင့်တန်ဖိုးကို ဝေမျှကြရင်း စည်းလုံးကြရမယ့် အရေးကြီးချိန်ပါပဲ။ သို့ပေမယ့်လည်း နှစ်ဦးနှစ်ဖက် နက်နက်ရှိုင်းရှိုင်းဖြင့် တစ်ခုတည်းသော အမှန်တရားနှင့် သာသနာပြုကြရမှာဖြစ်ပါတယ်။ ဤသည်ပင် ခရစ်တော်၏စံနမူနာနောက် လျှောက်လှမ်းရန် ခေါ်ခံရခြင်းပင် ဖြစ်ပါတယ်။

http://www.familiam.org/pls/pcpf/V3_S2EW_CONSULTAZIONE.mostra_pagina?id_pagina=5540&rifi=guest&rifp=guest မှသတင်းယူသည်။ 
မနောအောင်

Post a Comment

0 Comments