The Shroud of Turin မှ ပုံဖော်ထုတ်နိုင်ခဲ့သော ယေဇူးဘုရားရှင်၏ ရုပ်ကလာပ်တော်။

အီတလီမြောက်ပိုင်းရှိ တူးရင်းမြို့တွင် ခရစ်တော်သခင်အား မြုပ်နှံသင်္ဂြိုလ်ခဲ့ချိန်က အသုံးပြုခဲ့သော ပိတ်စဟု ယုံကြည်စွာ သိမ်းဆည်းထားသော အလောင်းတော်ပတ်ဝတ်ရုံအား သိပ္ပံနည်းမကျသည်ဖြစ်၍ သံသယများစွာ ရှိလွန်းတာကြောင့် ထပ်တလဲလဲဆိုသလို သိပ္ပံနည်းမျိုးစုံဖြင့် စမ်းသပ်ခြင်းတွေ ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး အဆက်ဆက်နှင့် အသင်းတော်က ခွင့်ပြုထားပါတယ်။ ယခင်ကလည်း ဓါတ်မှတ်ရိုက်နည်းပညာဖြင့် စမ်းသပ်ကြရာ အံ့သြဖွယ်ကောင်းတဲ့ ပုံတော်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုပုံတော်များတွင် ကားတိုင်တင်ခံရသူတစ်ဦးအား အမှန်တကယ် ဂျူးထုံးစံအတိုင်း ပိတ်စဖြင့်ပတ်စည်းခဲ့သည်ဖြစ်ကြောင်း ပေါ်လွင်လာခဲ့တယ်။ ထို့အပြင် ဒဏ်ရာဒဏ်ချက်များ၊ ခေါင်းပေါ်မှ ဆူးပေါင်းဒဏ်ရာ၊ နံဘေးမှ လှံဒဏ်ရာ စတာတွေပါ ပေါ်လွင်လာခဲ့တာမို့ ထိုအလောင်းတော်ပတ် ၀တ်ရုံအား စိတ်ဝင်စားသူများပိုမိုများပြားလာခဲ့သလို၊ ယုံကြည်သက်ဝင်ပြီး အရိုသေပြုကြသူများလည်း ပိုပိုပြီးများလာပါတယ်။
အခု နည်းပညာက နောက်တဆင့်တက်ပြီး 3D Carbon Copy ထပ်ထုတ်နိုင်ခဲ့ပြန်ပါပြီ။ ဒီ 3D Carbon Copy ကိုတော့ Padua University မှ ကြိုးစားပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီက ပါမောက္ခ Giulio Fanti က - ဒါဟာ ခရစ်တော်သခင် လူ့ပြည်မှာ အမှန်တကယ်နေထိုင်အသက်ရှင်ခဲ့စဉ်ကပုံစံအတိုင်း တစ်ပုံစံတည်း ထပ်တူပြုလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ပါမောက္ခ Giulio Fanti က ခန္တာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကိုလည်း ရေတွက်ခဲ့ပြီး ကြာပွတ်ရာ ၃၇၀ ချက် (ခန္တာတဖက်ခြင်းသာဖြစ်ပြီး) ပြန်လည်ရေတွက်ပြီး တွက်ချက်ရရင်တော့ စုစုပေါင်း ဒဏ်ရာဒဏ်ချက်တွေ ၆၀၀ ကျော်မယ်လို့ ဆိုပါတယ်။
ဒီလေ့လာတွေ့ရှိချက်အရ ယေဇူးခရစ်တော်ဟာ ၅ပေ ၁၁ လက်မနီးပါး အရပ်ရှည်ပြီး သန်သန်မာမာနဲ့အမျိုးသားပီသသူတစ်ဦးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ဒိုမီနီကန်ကိုရင်
source: https://aleteia.org/2018/03/28/this-3d-carbon-copy-of-jesus-was-created-using-the-shroud-of-turin/?utm_source=FB_InstantArticles&utm_campaign=Evergreen&utm_term=PaidMedia&utm_content=ad_5&fbclid=IwAR3TOg_E2Nku5b5yqu-aDFlhCf-u_K549lUHt9KUJEdZB6t0I6Yivt2TInU

Post a Comment

0 Comments