Wed the 9th: Optional memorial of Augustine Zhao Rong, priest, and Companions, martyrs.
Hos 10:1-12; Ps 105:1-7; Mark 1:15; Matt 10:1-7
ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး၁၀(Hos 10:1-12);
၁ဣသရေလသည် အသီးများစွာသီးသော စပျစ်နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက်သီးတတ်၏။ အသီး တိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင်တို့ကိုများပြားစေကြ၏။ သူတို့ပြည်ကောင်းသည် အတိုင်း ကောင်းသောရုပ်တု ဆင်းတုတို့ကို လုပ်ကြသည်တကား။
၂သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်း အပြစ်ဒဏ်ကိုခံရကြမည်။ သူတို့ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင်ဖြိုချ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။
၃ငါတို့သည် ထာဝရ ဘုရားကို မကြောက်ရွံ့သောကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိ သော်လည်း၊ ငါတို့အဘို့ အဘယ်သို့ပြုနိုင်မည်နည်းဟု ချက်ခြင်းဆိုရကြမည်။
၎သူတို့ကျိန်ဆို သောစကား သည် စကားသက်သက်ဖြစ်၍၊ မိဿဟာယဖွဲ့သောအခါ မုသာ စကားကိုသာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည်။
၅ရှမာရိမြို့သား တို့သည် ဗေသဝင်နွားသငယ်ကဲ့သို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ဘုန်းအတွက် သူ၏တကာ တို့သည် ငိုကျွေးမည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား၊ ရန်သူ တို့သည် ထိုဘုန်းကိုလုယူ၍၊
၆နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ယူသွားပြီးလျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရ ကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည်မိမိအကြံအစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။
၇ရှမာရိသည်ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြ‡ုပ်သက်သက်ဖြစ်၏။
၈ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့ သည်ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များတို့၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
၉ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ကြီး၏။ ထိုမြို့၌ ရပ်နေကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။
၁၀ငါသည် ကိုယ်အလိုအလျောက်သူတို့ကို ဆုံးမမည်။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသောအခါ၊ သူတို့တဘက်၌ လူများစည်းဝေး ရကြလိမ့်မည်။
၁၁ဧဖရိမ်သည် ယဉ်၍စပါးကိုနင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည်ထမ်းဘိုးကို ထမ်းစေသဖြင့်၊ ဧဖရိမ်သည်ကခြင်းကိုခံ၍၊ ယုဒသည်ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကိုခွဲလျက် ရှိရလိမ့်မည်။
၁၂ကိုယ်အဘို့ဖြောင့်မတ်ခြင်း မျိုးစေ့ကို ကြဲ၍၊ ကရုဏာတော်အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသောလယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုဃ်းကို ရွာစေတော်မမူမည်တိုင်အောင်၊ ကိုယ်တော်ကိုရှာရသောအချိန် ရောက်လေပြီ။
ဆာလံကျမ်းအခန်းကြီး ၁၀၅ (Ps 105:1-7);
၁ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး၁ (Mark 1:15);
၁၅အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၁၀(Matt 10:1-7);
၁တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာ၎င်း အခွင့်ပေးတော်မူ၏။
၂တစ်ကျိတ်နှစ်ပါးသောတပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊
၃ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ့ညီ ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊
၎ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။
၅ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါး အမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိ မြို့ရွာထဲသို့ မဝင်ကြနှင့်။
၆ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အရင်သွားကြလော့။
၇သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။
0 Comments