28-jun-2014 Reading



Sat the 28th:Optional memorial of Immaculate Heart of the Blessed Virgin Mary.
                   Memorial of Irenaeus, bishop and martyr.
                   Vigil of Solemnity of Peter and Paul, apostles.
                   Lam 2:2-19; Ps 74:1-21; Matt 8:5-17
                   Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

ယေရမိမြည်တမ်းစကား အခန်းကြီး (Lam 2:2-19);

ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်အမျိုး၏ နေရာအရပ်ရှိသမျှ တို့ကို မျိုတော်မူပြီ။  အမျက်တော်ထွက်သဖြင့် ယုဒသတို့သမီး ၏ရဲတိုက်တို့ကို မြေတိုင်အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့် မင်းသားတို့ကို ရှုတ်ချတော်မူပြီ။
ပြင်းစွာ အမျက်တော်ထွက်၍ ဣသရေလ၏ ဦးချိုရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောက်စေတော်မူပြီ။
ရန်သူကဲ့သို့ လေးကို တင်လျက်၊ ရန်ဘက်ပြုသောသူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်းအသရေရှိသော၊ သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန်သတို့သမီး၏ နေရာတဲပေါ်မှာ မီးကဲ့သို့သော အမျက်ကို သွန်းလောင်းတော်မူပြီ၊၊
ထာဝရဘုရားသည် ရန်ဘက်ပြု၍ ဣသရေလအမျိုးကိုင်း၊ ဘုံဗိမာန်အပေါင်းတို့ ကိုင်း ဝါးမျိုတော်မူပြီ။ ရဲတိုက်တို့ကိုဖြိုဖျက်တော်မူပြီ။ ယုဒသတို့သမီး ငိုကြွေးမြည်တမ်းသော အကြောင်းတို့ကို များပြားစေတော်မူပြီ။
င်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန်မြို့၌ ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့ တို့ကို ထာဝရဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ၊မိမိသန့်ရှင်းရာ ဌာနတော်ကို စက်ဆုပ်တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော်မူသဖြင့် ပွဲသဘင်ခံ သောနေ့၌ အသံပြုသကဲ့သို့၊  ရန်သူတို့သည် ထာဝရဘုရား၏ အိမ်တော်၌ အသံပြုကြပြ။
ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏ မြို့ရိုးကိုဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း ကြိုးကိုတန်း၍ အစဉ်ဖြိုဖျက်တော်မူသဖြင့် အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြုတော်မူပြ။
တံခါးရွက်တို့ သည် မြေ၌ မြုပ်လျက်ရှိကြ၏။ ကန့်လန်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့ တွင် နေရကြ၏။ တရားတော်မရ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
၁၀ဇိအုန်သတို့ သမီး၏ အသက်ကြီးသောသူတို့သည် မြေမှုန့်ကို မိမိတို့ ခေါင်းပေါ်မှာ ပစ်တင်လျက် လျှော်တေအဝတ်ကို ဝတ်စည်း လျက် မြေပေါ်မှာ ထိုင်၍ တိတ်ဆိတ်စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကိုငိုက်ဆိုက်ညွှတ်လျက် နေကြ၏။
၁၁ငါ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်း ရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက် နေကြ၏၊၊
၁၂သူတို့ကလည်း ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာ ရှိသနည်းဟု ရန်သူညဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌ အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကိုသွန်းလျက်၊ အမိကို မေးတတ်ကြသည်တကား။
၁၃အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန် သတို့သမီးကညာ သင့်ကို နှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ်သူကိုငါခိုင်းနှိုင်းရမည်နည်း။ သင်၏ ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူပြုပြင်နိုင်သနည်း၊၊
၁၄သင်၏ ပရောဖက်တို့သည် အချည်းနှီးသောအရာ မိုက်သောအရာတို့ ကို သင့်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထား သောအမှုကိုပြေစေခြင်းငှါ၊ သင်၏အပြစ်ကို မဘော်ပြဘဲ မှားသောရှုပါရုံ၊လမ်းလွဲစရာအရာကို သင့်အဘို့မြင်ကြပြီ၊၊
၁၅လမ်း၌ ရှောက်သွားသမျှသောသူတို့က ဂုဏ်သရေအထွဋိ မြေတပြင်လုံး ရွှင်လန်းရာ ဘွဲ့ရှိသော မြို့ကား ဤမြို့လောဟု ယေရုရှလင်သတို့သမီးးကို လက်ခုတ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊  ခေါင်းကိုညိတ်လျက် မေးတတ်ကြ၏။
၁၆သင်၏ ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကို မျိုပြီ၊၊ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ပြီးသောနေ့ ဖြစ်၏၊၊ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကို ပြုလျက် အံ့သွားကို ခဲကြိတ်လျက် ဆိုကြ၏၊၊
၁၇ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ၊၊ မနှမြောဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာ ဝမ်းမြောက်ရသောအခွင့်ကို ပေး၍၊ ရန်သူ၏ ဦးချိုကို ချီးမြင့်တော်မူပြီ။
၁၈သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရား ကို အော်ဟစ်ကြ၏။  အိုဇိအုန်သတို့သမီး၏  မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဥ့်မပြတ် စီးစေ လော့။ ကိုယ်ကို မငြိမ်းစေနှင်။ သင်၏ မျက်ဆန်ကိုလည်း မငြိမ်းစေနှင်။
၁၉ညဦးယံအချိန်၌ ထ၍ အော်ဟစ်လော။ ထာဝရဘုရား၏ မျက်နှာတော်ရှေ့မှာ သင်၏ နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက် လျက်နေသောသင်၏ သူငယ်တို့ကို အသက်ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏ လက်ကို ချီဆန့်လော့။

ဆာလံကျမ်းအခန်းကြီး ၇၄ (Ps 74:1-21);

အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ် တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စား သော သိုးတို့ကို  အဘယ်ကြောင့်အမျက်ထွက်တော်မူသနည်း။
ရှေးကအပိုင် ရတော်မူသော လူအစည်းအဝေးကို ၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက်မေ့တော်မူပါ။
သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲသုတ်သင် ပယ်ရှင်းရာ အရပ်သို့ ကြွတော်မူပါ။ 
ကိုယ်တော်၏ လူစည်ဝေးရာ အရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာ သက် သေတို့ကို ထားကြပါပြီ။
လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့်  ခုတ်သကဲ့သို့၊
ယခုတွင် ဗိမာန်တော်တန်ဆာများကိုပုဆိန်၊  သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။
သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ 
ဤအမျိုးသား အပေါင်းတို့ကိုအတူ ဖျက်စီးကြကုန် အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရားစရပ်တို့ကို မီးရှို့ကြပါ၏။
အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည်တဖန်မပေါ် မရှိပါ။အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသော သူမရှိပါ။
၁၀အိုဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။
၁၁လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲက     ထုတ်၍ ဖျက်ဆီးတော်မူပါ။
၁၂အကယ်စင်စစ်ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင် တော်မူ ခြင်းကို မြေအလယ်၌ ပြုသောငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။
၁၃ကိုယ်တော်သည် တန်ခိုးတော် အားဖြင့် ပင်လယ်ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ 
၁၄လဝိသန်၏ ဦးခေါင်းတို့ကို  နှိပ်စက်၍ တောတွင်း သားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။
၁၅စမ်းရေ နှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကို လည်း ခန်ခြောက်စေတော် မူပြီ။
၁၆နေ့နှင့် ညဥ့်ကို ပိုင်တော်မူ၏။ နေမှ စ၍  အလင်းအိမ်တို့ကို ဖန်ဆင်း တော်မူပြီ။
၁၇မြေကြီး၏ အကန့်အကွက် ရှိသမျှတို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။
၁၈ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့ တော်မူပါ။
၁၉ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့် ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်း အဝေးကို အစဉ်မေ့လျော့ တော်မမူပါနှင့်။
၂၀ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ်ကြပါ၏။
၂၁နှိပ်စက်ခြင်းကို ခံရသော သူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 8:5-17);

 ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူးလျှောက်လေ၏။
၁၀ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။
၁၁ငါဆိုပြန်သည် ကား၊လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့နှင့်တကွလျောင်းရကြလတံ့၊
၁၂နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟု နောက်တော်သို့လိုက်သောသူတို့အားမိန့်တော်မူပြီးမှ၊
၁၃တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီသင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင်သူ၏ ငယ်သားသည် အနာ ရောဂါကင်း၍သက်သာခြင်းသို့ရောက်လေ၏။
၁၄ထိုနောက်မှယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည်ဖျားနာ စွဲလျက်တုံးလုံး နေသည်ကို တွေ့မြင်တော်မူ၏။
၁၅ထိုမိန်းမ၏လက်ကိုတို့တော်မူလျှင်၊ သူသည်အဖျားပျောက်သဖြင့်ထ၍ ဧည့်သည်ဝတ်ကိုပြု လေ၏။
၁၆ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကိုသက်သာစေတော်မူ၏။
၁၇ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။


Vigil Readings:

တမန်တော်ဝတ္ထုအခန်းကြီး (Acts 3:1-10);

ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။

ဆာလံကျမ်းအခန်းကြီး ၁၉ (Ps 19:1-5);

မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။

ဂလာတိသြဝါဒစာအခန်းကြီး (Gal 1:11-20);

၁၁ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၂၁ (John 21:15-19);

၁၅နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။


Post a Comment

0 Comments