ခရစ္စမတ်သတင်းကောင်း Christmas Message

CHRISTMAS is JESUS Birthday! ခရစ္စမတ်သည် ယေဇူးဘုရားမွေးနေ့
ခရစ်တော်ယေဇူးက “သင်တို့ကိုသာ ငါအလိုရှိ၏” (2 Cor 12: 14)
ခရစ္စမတ်စ် သည် ခရစ်တော်ယေဇူးရဲ့ မွေးနေ့၊ Brithday မွေးနေ့လက်ဆောင် သူအလို လားဆုံးကျွန်တော်တို့ရဲ့ဘ၀ကို လက်ဆောင်အဖြစ်ပေးခြင်းဖြစ်၏။ခရစ်တော်ယေဇူးဘုရား အရာ အားလုံး ပိုင်းဆိုင်သော အရှင်ဖြစ်ပေမယ့် ကျွန်တော်တို့ ဆန္ဒသဘောထား လွတ်လွတ်လပ်လပ် ပေးရန်ဖြစ်ပြီး အဓမ္မမတောင်းပါ။
          ခရစ်တော်ယေဇူးဘုရားရှင် ကျွန်တော်တို့ကို ပိုင်ဆိုင်တာမို့ ကျွန်တော်တို့ ခရစ်တော်ကို ရွေးနိုင် (သို့မဟုတ်) ငြင်းပယ်နိုင်၏။ ဒီနှစ်ခရစ္စမတ်စ်မှာ ယေဇူးဘုရားအလိုရှိသော လက်ဆောင်ပေးရာမှာ ရောင်း ချရန်ကုန်ပစ္စည်းများ၊ ခြောက်ပစ်ကင်းမဟုတ်သောအရာများ၊ ခရစ်တော်၏အသင်းတော်ကို မိမိအား ဆက် သရာ အညစ်ကြေးမရှိ၊ အစွန်းကွက်မရှိဘဲ သန့်ရှင်း အပြစ်ကင်းစင်လျက် ဂုဏ်သရေနှင့် ပြည့်စုံးစေ ရန်ဖြစ်၏။ (ဧဖက်သြ၀ါဒစာ ၅း ၂၇)
          ခရစ်တော်ရရှိသော အသက်သစ် ညီအစ်ကိုတို့ ငါသည်ဘုရားသခင်၏ သနားကရုဏာ တော်ကို ထောက်ထား သင်တို့အား တိုက်တွန်းနိုးဆော်လိုသည်မှာ “သင်တို့၏ ခနာကိုယ် များကို သက်ရှိ ယဇ်ပူ စော်သက္ကာကဲသို့ သန့်ရှင်းမြင့်မြတ် ကိုယ်တော်နှစ်သက်လက်ခံဖွယ်ရာ ဖြစ်စေခြင်းငှါ ဆက်ကပ်ပူ ဇော်ကြလော့။ (ရောမ ၁၂း ၁)
          He wants us to wish Him a “ Merry Christmas”.
ခရစ်တော်ယေဇူး အလိုရှိတာ ကျွန်တော်တို့ဘုရားရှင်ကို မယ်ရီခရစ္စမတ်စ်ဟု နှုတ်ဆက်ခြင်း ဖြစ်၏။ ကောင်းကင်သိကြားတမန်တော်က မယ်တော်မာရီယားအား မကြောက်ရွံ့နှင့် (လုကား ၁း ၃၀) အလားတူ ကျွန်တော်တို့လူသားများ ယေဇူးဘုရားကို လက်ဆောင်အဖြစ်လက်ခံသောအ ခါ အမိမယ် တော်မာရီယားကဲ့သို့ မကြောက်ရွံ့ရန်ဖြစ်၏။
သုံးပါးတစ်ဆူး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်းခိုးတော် ကျွန်တော်တို့အပေါ် ဆင်း သက်၏။ “ကောင်းကင်တမန်က သန့်ရှင်းသော ၀ိညာဉ်တော်သည် သင့်အပေါ်ဆင်းသက်လိမ့်မည်၊ အမြင့်ဆုံးသောအရှင်၏ တန်းခိုးအာဏာတော်သည် သင့်ကို လွမ်းမိုးလိမ့်မည် (လုကား ၁း ၃၅)
မယ်တော်မာရီယားသည် ဘုရားသခင်ရဲ့အလိုတော်ကို လက်ခံရာမှာ “ကျွန်မသည် ဘုရားသခင်၏ အစေခံဖြစ်ပါ၏၊ သင်၏ စကားတိုင်း ကျွန်မဖြစ်ပါစေ (လုကား ၁း၃၈) Let it be done to us according to God’s  Word. ကျွန်တော်တို့ အပေါ် ဘုရားသခင်၏ စကားအတိုင်းဖြစ်ပါစေ၊ ကျွန်တော်တို့ ကြွေး ကြော် နိုင်ပါစေ။
God is Holy.ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
          ငါသည် သန့်ရှင်းမွန်မြတ်တော်မူတော်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းမွန်မြတ်ကြလော့ (ပေတရု သြ၀ါဒစာ ပထမစာဆောင် ၁း ၁၆) ဘုရားရှင်သည် သန့်ရှင်းမြင့်မြတ်တာမို့ ကျွန်တော်တို့လည်း သန့်ရှင်းမြင့်မြတ်ကြဖို့ တိုက်တွန်းထား၏။ ဘုရားသခင် မတက်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ (လုကား ၁း ၃၇) For nothing is impossible with God.
ယေဇူးဘုရားရှင် ရွှေ၊ ငွေ၊ လော်ဗန်နံသာ၊ မီးရာ၊ အမွေးကြိုင် မလိုအပ်ပါ
          အရှေ့တိုင်းပြည်မှ မင်းပညာရှိများသည် သူငယ်တော်ယေဇူးကို သူ၏ မယ်တော်မာရီယားနှင့်အတူ တွေ့မြင်ကြသောကြောင့် ပျပ်ဝပ်ရှိခိုးလျက် မိမိတို့ ဘဏ္ဍာ ပစ္စည်းတို့ကို ဖွင့်ကြပြီး ရွှေ လော်ဗန်၊ မီးရားတို့ကို ဆက်ကပ်ကြ၏ (မာတေဦး ၂း ၁၁)
          ယေဇူးဘုရားရှင်း၏ ဆန္ဒ အကောင်းဆုံး အောင်မြင်မှု ရရှိလိုသော ရွှေ ငွေ လက်ဆောင်များ ဘယ်လို တန်ဖိုးကြီးပါစေ၊ ခရစ်တော်ကို ချစ်လို့ သူလိုချင်တမ်းတသော ကျွန်တော်တို့ ဘ၀ကြီးကို သူကို ပေးအပ်လိုက်ပါ။
နီလာစမိုင်း (ရေဦး)
St. Mary’s Church

မြင်းခြံ

(အထက်ပါ ခရစ္စမတ်သတင်းကောင်းမှာ မြင်းခြံမြို့ စိန်မေရီဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ပြုံးချို (နီလာစမိုင်း)မှ ပေးပို့ထားခြင်းဖြစ်ပါတယ်။) 

Post a Comment

0 Comments