မိုဟာမက်ဘာရှား အာရဖတ်သည် ဆီးရီးယားလူမျိုးဖြစ်ပြီး အမေရိကတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၀ကျော်ပါပြီ။ သူဟာ မေရီလန်းမူစလင်များရေးရာကောင်စီ၏လက်ရှိ ဥက္ကဌဖြစ်ပါတယ်။ ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် U.S. State Department's international speakers program ၏အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်သံတမန်ရုံး၏ကိုယ်စားပြု ဧည့်သည်တော်အဖြစ် ဗာတီကန်သို့ ရောက်ရှိလာခဲ့ပါတယ်။
ထိုမူစလင်ခေါင်းဆောင်ကြီးက ‘ပုပ်ရဟန်းမင်းကြီးသည် ချစ်ခြင်းမေတ္တာတရားနှင့် ကိုယ်ချင်းစာတရား၏ လှုံ့ဆော်မှု့ဖြင့် ကောင်းမြတ်သောအရှင်၏မျက်နှာကိုထောက်၍ ကောင်းသည့်အရာတွေကို ကြိုးစားလုပ်နေသူ’ ပါဟု ဆိုပါတယ်။
Catholic News Service နှင့်အင်တာဗျူးတွင် အာရဖတ်က ‘ကျွန်တော့်အမြင်ပြောရရင်တော့ ပုပ်ရဟန်းမင်းကြီး၏ လုပ်ရပ်တွေဟာ တကယ့်ကို ဘာသာရေးခေါင်းဆောင်များအတုယူသင့်သည့် လုပ်ရပ်တွေပါပဲ။ လူသားချင်းလေးစားစာနာမှုနှင့် တွေ့ဆုံဆွေးနွေးဖို့အတွက် အမြဲလမ်းဖွင့်ထားတာတွေဟာ တကယ့်ကို ထိရောက်မှု့ရှိပါတယ်’ ဟုဆိုပါတယ်။
ဆက်လက်ပြီး အာရဖတ်က ပုပ်ရဟန်းမင်းကြီး၏မေတ္တာတရားနှင့် openness ဟာ စိန်ဖရန်စစ်အာစီစီဆိုတဲ့ နာမည်ကိုရွေးချယ်မှု့မှာတင်ပေါ်လွင်နေတာမဟုတ်ဘဲ သူရဲ့လုပ်ရပ်တွေမှာလည်း ပေါ်လွင်နေပါတယ်။ ပြီးခဲ့တဲ့ဇူလှိုင်လအတွင်း အီတလီကျွန်းတစ်ခုဖြစ်တဲ့ လန်ပယ်ဒူဆာတွင် ပင်လယ်၌ပျောက်ဆုံးနေကြသော ရွေ့ပြောင်းနေထိုင်သူများအတွက်ဆုတောင်းပေးရင်း ကမ္ဘာ့ရွေ့ပြောင်းနေထိုင်သူများအတွက် reform လုပ်ဖို့ကမ္ဘာကြီးမြင်သာအောင် ပြသနိုင်ခဲ့သလို၊ ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တကမ္ဘာလုံးရှိ လူပေါင်းများစွာအား အစာရှောင်ခြိုးခြံခြင်းများပြုလုပ်ခြင်းနှင့် ဆုတောင်းကြရန် လှုံ့ဆော်ခဲ့ပါတယ်။
ကျွန်တော့်အမြင်ထပ်ပြောရရင် - ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှု့များ၊ စစ်ပွဲများရပ်ရေးနှင့် ပဠိပက္ခများရပ်ဆဲရေးအတွက် လုပ်ဆောင်မှု့များ၊ နားလည်မှု့တရားများ ပိုမိုရှိလာရန် ဆုတောင်းမှု့များမှာ အခုပုပ်ရဟန်းမင်းကြီး၏လုပ်တွေဟာ တကယ့်ကိုအံ့သြဖို့ကောင်းအောင်ပါပဲ။ ဤသည်ပင် စိန်ဖရန်စစ်အာစီစီနှင့် မူစလင်သူတော်စင်ကြီးများ၊ ကမ္ဘာအနှံ့ရှိစူဖီကြီးများ၏ ဆန္ဒနှင့် ပေးလိုတဲ့သတင်းကောင်းတွေပါပဲ။
စိန်ဖရန်စစ်ဟာ မူစလင်ကမ္ဘာနှင့်သဘောတူညီမှု့ရယူသူပါ။ ဘာလို့လဲဆိုတော့ သူဟာ မူစလင်ခေါင်းဆောင်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှု့ပြုနိုင်ခဲ့သူ ပထမဆုံးကက်သလစ် ခေါင်းဆောင်ဖြစ်လို့ပါပဲ။ ၁၂၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေးယူနိုင်ဖို့အတွက် စိန်ဖရန်စစ်ဟာ အီဂျစ်စူတန် မာလိခ် အာ-ကာမီလ်နှင့် တွေ့ဆုံခဲ့ပါတယ်။
ထိုခေတ်လယ်ပိုင်းလိုပဲ ဒီနေ့ကမ္ဘာမှာရှိတဲ့လူတွေကြားမှာ တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်နိုင်ဖို့ လိုပါတယ်။ ဒါဟာ ယခုပုပ်ရဟန်းမင်းကြီးလုပ်နေတဲ့လုပ်ရပ်တွေပါပဲ။ ပုပ်ရဟန်းမင်းကြီးဟာ မှန်ကန်သည့်အသံနှင့် မှန်ကန်သည့်လုပ်ရပ်တွေကိုပြုလုပ်နေပြီး အချိန်မှန်နေရာမှန်ရှိနေသူဟု မြင်မိတယ်။
အာရဖတ်ထောက်ပြတာ တစ်ခုရှိပါတယ်- ဘုန်းတော်ကြီးများနှင့် မူစလင်ခေါင်းဆောင်များအတွက် သင်တန်းပေးနေသော ရဟန်းဖြစ်သင်ကျောင်းများနှင့် သင်တန်းတွေဟာ ဒီလိုတွေ့ဆုံဆွေးနွေးမှု့များနှင့် လေးစားမှု့များကိုမြှင့်တင်ပေးနိုင်သောသူများပေါ်ထွန်းလာဖို့ ပို၍သတိထားကာ စနစ်တကျ သင်တန်းပေးသင့်ပါတယ်။ သို့ပေမယ့်လည်း ဤအချက်ကို မူစလင်ဘက်မှာ လစ်ဟာနေသေးတာကို တွေ့ရပါတယ်။
ဆီးရီးယားအရေးနှင့်ပတ်သက်၍ အာရဖတ်က နိုင်ငံရေးဖြေရှင်းခြင်းနှင့် ပြန်လည်ကျေအေး သင့်မြတ်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ပြောဆိုခဲ့ပါတယ်။ တကယ်တော့ အစ္စလာန်ဟာပြသနာမဟုတ်ပါဘူး။ နိုင်ငံတစ်ခုနှင့် နိုင်ငံတကာတို့ရဲ့စိတ်ဝင်စားမှု့တွေက ပြသနာ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အစ္စလာန်ဟာ ဉာဏ်ပညာအကြောင်းဖြစ်ပြီး ဆုံးရှုံးမှု့တွေကို ဘယ်လိုလျော့ချရမလဲဆိုတာပါပဲ။ ပြီးတော့ အခြားဘာသာတရားများနှင့် အတူတကွနေနိုင်ဖို့ ဖြစ်ပါတယ်။ မူစလင်သာမှန်ပြီး အခြားသူတွေဟာမှားပါတယ်လို့လည်း ကိုရမ်ကျမ်းက သင်မထားသလို၊ နိုင်ငံတိုင်းကိုလည်း အစ္စလာန်ဥပဒေဖြင့် အုပ်ချုပ်ရမည်ဟု သင်မထားပါဘူး။
(National Catholic Reporter မှ ကောက်နုတ်သည်။)
မနောအောင်
0 Comments