ပုပ်ရဟန်းမင်းကြီး၏ ပါစကားပွဲတော်

ပါစကားပွဲတော်ကြီး၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်များအားလုံးကို တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းများဖြစ်ကြစေရန် နှိုးဆော်လိုက် ပါသည်။

ပုပ်ရဟန်းမင်းကြီး၏ ပထမဦးဆုံးသော ပါစကား သတင်းစကားဖြစ်သည့် “urbi et orbi” တွင် ယေဇူးသခင်၏ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာသည် အောင်ပွဲခံလေပြီ။ သနားကြင်နာခြင်းသည် အောင်မြင်လေပြီ ဟု မိန့်ဆိုခဲ့ပါတယ်။
“ကျွန်ုပ်တို့တတွေ ဒီသနားကြင်နာခြင်း၏ကိုယ်စားလှယ် အေဂျင့်များဖြစ်ကြပါစို့။ ဒီလမ်းကြောင်း၊ ဒီလှိုင်းများမှ တဆင့် ဘုရားသခင်သည် ကမ္ဘာကြီးအား ရေလောင်းပေးပါတယ်။ ဖန်ဆင်းခြင်းအား ကာကွယ်ပေးပြီး တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးကို ဖွံ့ဖြိုးတိုးတက်စေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက မတ်လ ၃၁ရက်နေ့ ပါစကား မနက်ခင်းမစ္ဆားတရား၌ မိန့်ဆိုခဲ့သည်။

ပုပ်ရဟန်းမင်းးကြီးသည် ငြိမ်းချမ်းရေးဆုတောင်းမေတ္တာကို ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကရှိ အကြမ်းဖက်မှု့များ အဆုံးသပ်သွားရန်- အထူးသဖြင့် မာလီ၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုနှင့် အလယ်အာဖရိက ပြည်သူ့သမ္မတနိုင်ငံ၊ ထိုနောက် အာရှအတွက်- အထူးသဖြင့် ကိုးရီးယားကျွန်းဆွယ်၏ ပြသနာများအတွက် အထူးအထူးဆုတောင်းပေးခဲ့ပါတယ်။

ကမ္ဘာကြီးတခုလုံး ငြိမ်းချမ်းရန်ဆုတောင်းပေးခဲ့ပါတယ်။ လောဘမျက်လုံးများကြောင့် ဖြစ်ရသည့် စိတ်ဝမ်းကွဲမှု့များ၊ အတ္တစိတ်တို့ကြောင့်ရသည့် အနာဝေဒနာများဟာ လူသားဘ၀၊ လူသားမိသားစုတို့ကို ခြောက်လန့်နေပြီး လူကုန်ကူးမှု့များ၊ အထူးသဖြင့် ၂၁ရာစု၏ ကျွန်စနစ်သစ်များကို ဖြစ်ပေါ်စေပါတယ်။ ဒီအတွက် ပုပ်ရဟန်းမင်းကြီးက စိုးရိမ်ပူပန်နေမိပါတယ်။

သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းကို ပုပ်ရဟန်းမင်းကြီးက နေရာတိုင်းကို သယ်ဆောင် လိုပါတယ်- မိသားစုဆီတိုင်းသို့၊ ဆေးရုံများသို့၊ ထောင်များသို့ . . . တစ်ဦးတစ်ယောက်ဆီတိုင်းသို့ ဤသတင်းကောင်းကို ရောက်ရှိစေချင်ပါတယ်။ ပါစကားပွဲတော်၏ အဓိပါယ်ဟာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာဟာ မကောင်းဆိုးဝါးနှင့် သေခြင်းတရားတို့ထက် ပိုမိုခွန်အားပြင်းထန်ကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ဘ၀တွေကို အသွင်အဆင်းပြောင်းလဲကာ စွန့်ပစ်ခံနေရာများမှာ နှလုံးသားမှ အသီးအပွင့်များ ပွင့်စေပါတယ်။

အားလုံးကို ပျော်ရွှင်ဖွယ်ပါစကားပွဲတော်ဟု နှုတ်ဆက်လိုက်ပါတယ်။

မနောင်အောင် 

Post a Comment

0 Comments