ခရစ်ယာန် ယုံကြည်ခြင်းနှင့် ဂရုဏာလုပ်ရပ်သည် အတွင်းကျကျ ဆက်စပ်မှု့ရှိ၍ ထိုအရာနှစ်ခုသည် မည်သည့် အခါမှ ပဠိပက္ခ မဖြစ်နိုင်ကြောင်း ၂၀၁၃ခုနှစ်၏ ၀ါတွင်းကာလ သတင်း စကားတွင် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)မှ ပြောဆိုလိုက်ပါသည်။
“ဂရုဏာမေတ္တာ၌ ယုံကြည်ခြင်းသည် ဂရုဏာတရားသို့ ခေါ်ဆောင်သည်” ဟု ထိုသတင်းစကားကို ခေါင်းစည်း တပ်ခဲ့လေသည်။ ထိုနောက် ပုပ်ရဟန်းမင်းကြီးမှ စာဖတ်သူ များအား ယုံကြည်ခြင်း၏ နှစ်တွင် ကက်သလစ် ဘာသာဝင်များ အနေဖြင့် မိမိတို့ ယုံကြည်ခြင်း၏ အခြေခံ အကျဆုံးသော ယုံကြည်ရာချက်များကို ပြန်လည် သုံးသပ် ထောက်ရှု့ကြဖို့ သတိပေး ပြောဆိုလိုက်ပါသည်။ သူက- ယုံကြည်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ တန်ဖိုး မဖြတ်နိုင်သော ချစ်ခြင်းမေတ္တာ၏ ဗျာဒိတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံခြင်းဖြစ်ပြီး ထိုဗျာဒိတ်တော်မှာ ခရစ်တော်၌ လုံးဝပြည့်စုံလေသည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ခရစ်ယာန်တို့၏ တုန့်ပြန်မှု့မှာ အမြဲတမ်း အဆုံးမရှိ ဖြစ်နေရမည်။ ချစ်ခြင်း မေတ္တာသည် ဘယ်သောအခါမှ ပြီးဆုံးခြင်း မရှိ၊ ပြည့်စုံခြင်း မရှိ။ သို့ဖြစ်၍ ခရစ်ယာန်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ထိတွေ့ရာတွင် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို နှိုးထစေပြီး အခြားသူများကို ချစ်ခြင်းမေတ္တာ ထားနိုင်ရန် လှုံ့ဆော်မှု့ ဖြစ်ရပေမည်။ မိမိနှင့် နီးစပ်သူအား ချစ်လော့ ဆိုသည်မှာ ပညတ်ဥပဒေတစ်ခုအဖြစ် မဟုတ်တော့ဘဲ ၎င်းတို့ယုံကြည်ခြင်းမှ ဆင်းသက်လာသော အကျိုး ရလာဒ်သာ ဖြစ်ရပေတော့မည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် အခန်းငယ်လေးဖွဲ့သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကဲ့သို့ ဖြစ်လာပြီး သူ၏ ဂရုဏာ မေတ္တာတရား၌ မျှဝေကြလေသည်။ ထိုမှတဆင့် ဂရုဏာလုပ်ရပ်များ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု့ဖြစ်လာပေသည်။ တခါတရံ ကျွန်ုပ်တို့သည် ဂရုဏာမေတ္တာ၏ အဓိပ္ပာယ်ကို လူသားချင်း စာနာမှု့၊ သာမာန် အကူညီပေးခြင်း ပဲဆိုပြီး အဓိပ္ပာယ် လျှော့ချခြင်း ကြပေသည်။ မည်သို့ပင်ဆိုစေ အကြီးမြတ်ဆုံးသော ဂရုဏာလုပ်ငန်းမှာ ဧ၀ံဂေလိ တရားအား သက်သေခံခြင်းပင် ဖြစ်ပေသည်။ဧ၀ံဂေလိတရား ဟောပြောခြင်းတွင် လူသားတို့၏ အမြင့်ဆုံးနှင့် တကယ့်အတွင်းစိတ်အား မြှင့်တင်ပေးခြင်း ဖြစ်သောကြောင့် အကြီးမြတ်ဆုံးသော ဂရုဏာလုပ်ရပ် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပေးထားလေသည်။ ယုံကြည်ခြင်းနှင့် ဂရုဏာလုပ်ရပ်မှာ ဆေးကြောခြင်းမင်္ဂလာနှင့် ကိုယ်တော်မြတ် စက္ကရမင်တူးကဲ့သို နှစ်ခုလုံးသည် လုံးဝ လိုအပ်ပေသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ရောမမြို့ရှိ သတင်းမီဒီယာနှင့် တွေ့ဆုံရာတွင် ပုပ်ရဟန်းမင်းကြီး၏ သတင်းစကားအား မီဒီယာထံသို့တင်ပြရာ၌ ပုပ် ရဟန်းမင်းကြီးဆိုင်ရာ Cor Unum ဌာနဥက္ကဌ ကာဒီနယ်ကြီး ရောဘတ်ဆာရသည် ပုပ်ရဟန်းမင်းကြီး၏ သတင်းစကားအား ထပ်မံထောက်ခံ အားပေးခဲ့လေသည်။ ကာဒီနယ်က ဆက်လက်၍ ဤပါရမီနှစ်ခုအား ခွဲခြားစွာတွေ့မြင်ရန်မှာ နည်းလမ်းများစွာ လိုပေလိမ့်မည်ဟု ပြောဆိုခဲ့လေသည်။
ကာဒီနယ်က ဆက်လက်၍ “ယုံကြည်ခြင်းအား အသာပေးပြီး ၀တ်ပြု ကိုးကွယ်ခြင်းကို ၎င်း၏ အဓိကဟု သတ်မှတ်ပြီး မိမိတို့၏ လိုအပ်ချက်များ မေ့နေခဲ့လျှင် ၎င်းသည် နားလည်မှု့ လွဲမှာခြင်းသာ ဖြစ်ပေသည်။” ဟု ဆိုခဲ့လေသည်။
“ပိုပြီး ဆိုသည်က အသင်းတော်အား ဂရုဏာလုပ်ရပ်များရှိသည့် ကောင်းသည့် အသင်းတော်ဆိုပြီး၊ အမှန်တရားကို ထပ်ခါထပ်ခါ အလေးပေးပြီး လူသားတို့အသက်နှင့် စရိတ္တတန်ဖိုးများကို အလေးပေးလွန်း၍ မကောင်းသည့် အသင်းတော်ဆိုပြီး လွဲမှားကုန်ကြတာပါပဲ”
မနောအောင်
0 Comments