ရောမမြို့၏သံတာဖရန်စက်

ပွဲနေ့ - မတ်လ (၉) ရက်နေ့
ရောမမြို့၏သံတာဖရန်စက် (၁၃၈၄-၁၄၄၀)

ခရစ်ယာန်အိမ်ထောင်ရှင်များ၏ စံပြဖြစ်သော ၁၃၈၄ခုနှစ်တွင်ရောမမြို့ ရှိမြင့်မြတ်သောမိသားစုမှမွေးဖွားခဲ့သည်။ သီလရှင် တစ်ပါးဖြစ်ချင် ခဲ့သော် လည်း မိဘကိုနာခံသောအားဖြင့် လိုရန်းဂိုပွန်ဇီယားနိုနှင့် သူမ အသက်(၁၃)နှစ်အရွယ်၌ လက်ထပ်ခဲ့ရသည်။ နှစ်ပေါင်း (၄၀)ကြာ အတူနေထိုင်ခဲ့ကြသော်လည်း နားလည်မှုလွဲမှားမှုများ ဘယ်သော အခါမှမရှိခဲ့ပေ။ သူမသည် ဆုတောင်း ခြိုးခြံခြင်း များကိုဆောက် တည်ခဲ့သည့်အပြင် ဆင်းရဲသားတို့အားကူညီခြင်း၊ ဖျားနာနေသူများ ထံလှည့်လည်သွားလာခြင်းအမှုတို့ကိုလည်းပြုခဲ့သည်။ ဂျွန်ဘပတစ်၊ အီဗန်ဂျဲလစ်နှင့် အက်နက်စ်စသော သားသမီးများမွေးဖွားခဲ့ပြီး၊ ခရစ်ယာန်ယုံကြည်ချက်များကို ငယ်ရွယ်စဉ်ကပင် သင်ကြားပေးခဲ့သည်။
ဖရန်စက်သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသွားသော အီဗန်ဂျဲလစ်နှင့် အက်နက်တို့အတွက် သားအငယ်ဂျွန်ကိုပြန်ပေးဆွဲခြင်းနှင့် ကြုံတွေ့ရသော ဒုက္ခဆင်းရဲခြင်းများကို ယုံကြည်ခြင်း၊ သည်းခံခြင်းဖြင့် သူမကို မထီမဲ့မြင်သောချွေးမဖြစ်သူ မိုဘီးလီယာ၏ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည်။ ၁၄၂၅ခုနှစ်တွင် ဘုရားသခင်ကို ပူဇော်နိုင်ရန်နှင့် ဆင်းရဲသားတို့အား အစေခံနိုင်ရန်အတွက်တော်ဒေစပက်ချီ (Oblate congregation of For de Specchi) အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက်၊ သူတော်စင်ဝတ်ရုံသင်္ကန်းကို လက်ခံရယူပြီး အနိမ်းကျဆုံးသီလရှင်တစ်ပါးအဖြစ် အသင်းဂိုဏ်း ၌နေထိုင်ခဲ့သည်။ ၁၄၄၀ခုနှစ်တွင်သူမသေဆုံးခဲ့ပြီးရောမမြို့ရှိ "ဆန်တာမာရီယာ နျူအိုဗာ" ဘုရားကျောင်း၌ မြုပ်နှံခဲ့သည်။

ထိုဘုရားကျောင်းအား သံတာဖရန်စက်ကို မြုပ်နှံပြီးနောက်ပိုင်းတွင် အမည်ပြောင်းလဲခဲ့ကြလေသည်။

Post a Comment

0 Comments