ဇန်န၀ါရီလ ၁၃ ရက်နေ့ ၂၀၁၃ ခုနှစ်၊ တနင်္ဂနွေနေ့ တွင် မက်ကာအိုသာသနာ၌ ကျင်းပသော ၉၉ကြိမ်မြောက် ကမ္ဘာ့ ရွှေ့ပြောင်းအလုပ်သမားများနှင့် ခိုလှုံ ဒုက္ခသည်များနေ့ တွင် မက်ကာအိုရှိ မြန်မာအနွယ်ဖွား မိသားစုအချို့၊ မြန်မာပြည်မှ ပတ်ပို့စ်ကိုင် အလုပ်သမားအချို့နှင့် ဒိုမီနီကန် အသင်းမှ ကိုရင်များ၊ စစ္စတာများလည်း ပါဝင် ဆင်နွှဲ ခဲ့ကြပါသည်။ ဤပွဲအား ယေဇူး၏ ဆေးကြောခြင်း မင်္ဂလာခံယူပွဲနှင့်အတူ မက်ကာအိုဆရာတော်ကြီး ဟိုဆေးလှိုင်မှ ဦးဆောင်မိစ္ဆားတရားကို အခြားဂိုဏ်းများမှ ဘုန်းတော်ကြီးများနှင့် အတူ စိန်သြဂက်စတင်းဘုရားကျောင်းတွင် ပူဇော်ခဲ့ပါသည်။ မစ္ဆားတရားပူဇော်စဉ် သြ၀ါဒ၌ ဆရာတော်ကြီးမှ မက်ကာအိုသို့အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသော ရွှေ့ပြောင်း အလုပ်သမားများအား မိမိတို့၏ တူညီသည့် တစ်ခုတည်းသော ယုံကြည်ခြင်း၊ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် အားလုံးသောသူများသည် ညီအစ်ကိုရင်းပမာ ဥမကွဲ သိုက်မပျက်နေ စည်းလုံးနေထိုင် သွားကြရန် အားပေးတိုက်တွန်းခဲ့လေသည်။ ထိုနောက် အခြားသော လှုပ်ရှားမှု့ အစီစဉ်များနှင့် အကြွေးအမွေးကို စိန်ဂျိုးဇက် ရဟန်းဖြစ်သင်ကျောင်း၏ ခန်းမတွင် ဆက်လက် ပြုလုပ်ခဲ့လေသည်။
ဖီလစ်ပိုင်မှ ရွှေ့ပြောင်း အလုပ်သမားများစွာနှင့်အတူ အခြားသော အင်ဒိုနီးရှား၊ မြန်မာ၊ အရှေ့တီမော၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ စသည့်နိုင်ငံများမှ ပုဂ္ဂိုလ်များစွာ ပါဝင်ဆင်နွှဲကြလေသည်။ ထိုပွဲတွင် မိမိတို့နိုင်ငံအသီးသီး၏ ရိုးရာ ယဉ်ကျေးမှု့အကများဖြင့် ဖျော်ဖြေကြပြီး မိမိတို့၏ အတွေ့အကြုံများကိုလည်း ဝေမျှကြပါတယ်။ ထိုအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှ ဒိုမီနီကန် စစ္စတာများမှ ကယားရိုးရာ အကဖြင့် ပါဝင် ဖျော်ဖြေခဲ့ကြသည်။ ထိုနောက် မိမိတို့၏ ရိုးရာဝတ်စုံများကို အများအပြား ၀တ်ဆင်ထားလျက် တွေ့သူတိုင်း ရင်သပ် ရှုမောရလေသည်။
အခန်းနားတွင် အထူး ခွန်အားပေး မိန့်ခွန်းပြောဆိုရမည့် အထူး ဧည့်သည်တော်ကြီးမှာ မက်ကာအို စိန်ဂျိုးဇက် တက္ကသိုလ်မှ ပါမောက္ခကြီး အာနိုမော်နယ်ရာ ဖြစ်ပါသည်။ သူ၏ မိန့်ခွန်းတွင် ရွှေပြောင်း နေထိုင်ခြင်းသည် လူသားတို့၏ အခြေခံ အခွင့်ရေးဖြစ်၍ မည်သည့် နိုင်ငံအစိုးရမှ အရာဝတ္ထုအဖြစ် သဘောထားကာ နိုင်ငံတိုးတက်ဖို့ အလွဲ သုံးစားလုပ်၍ မရကြောင်း၊ ထိုပြောင်းရွှေ့အလုပ်သမားများသည် နိုင်ငံတိုးတက်ဖို့အတွက် တက်ကြွစွာ ပါဝင်သည့် အလုပ်သမားများ ဖြစ်၍ လေးစားရမည် ဖြစ်ကြောင်း၊ ရပိုင်ခွင့်များ ခံစားခွင့်ပေးရမည် ဖြစ်ကြောင်း ကျမ်းပိုဒ်များစွာ ကိုးကား၍ အလုပ်သမားများ အတွက် ခုခံ ကာကွယ်ပေးခဲ့သည်။ ထို့အတူ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း မိမိတို့ရောက်ရာနိုင်ငံတွင် ထိုနိုင်ငံ၏ ဥပဒေကို လေးစားလိုက်ပြီး တရားဥပဒေ စိုးမိုးသော ပြည်သူများ ဖြစ်ရမည်ဖြစ်ကြောင်း တာဝန်ကို ပြန်လည်ထောက်ပြ ပေးခဲ့လေသည်။
နောက်ဆုံး အနေဖြင့် အခန်းနားမှူးမှ အောင်မြင်စွာ ကျင်းပနိုင်သည့် အတွက် အားလုံးကို ကျေးဇူးတင် စကားပြောကြားကာ နောက်နှစ် နှစ်တရာပြည့်ပွဲတော်အတွက် အားလုံး တက်ကြွစွာ ပါဝင်ဖို့ အားပေး တိုက်တွန်း ဖိတ်ခေါ်ရင်း အခမ်းနားကို အဆုံးသတ် ခဲ့လေသည်။
မနောအောင်
0 Comments