ဝါတွင်းကာလအတွက် ပုပ်ရဟန်းမင်းကြီးသည် ဘာသာဝင် ဘုရားဖူးများနှင့်အတူ မိစ္ဆားတရား ပူဇော်ကျင်းပခြင်းနှင့် အခြားသော အခမ်းအနားများ ကျင်းပရန် သူ၏အချိန်ဇယားကို ထုတ်ပြန်ခဲ့လေသည်။ အသက်တော် ၈၆နှစ်သို့ ၀င်ရောက် လာသည်ဖြစ်၍ များများအနားယူရန် လိုအပ်သော်လည်း ထိုမိစ္ဆားတရားများ ပူဇော်ပေးရန် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆) ကတော့ စိတ်အားထက်သန်နေဆဲပါ။ ဆန္ဒပြင်းပြမှု့လည်းရှိနေသည်။ ၀ါတွင်းကာလအတွက် သူ၏အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ဖေဖေါ်ဝါရီ ၂ရက်နေ့၊ စနေနေ့ စိန်ပီတာ ဗာစီလီကာရင်ပြင်၌ ကမ္ဘာ့ ဆက်ကပ်သူများ (ဘာသာရေးပုဂ္ဂိုလ်များ)၏နေ့ မိစ္ဆားတရားတော်မြတ်။
- ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့၊ တနင်္လာနေ့ ကာနန်ဥပဒေပြုရန် အကြောင်းကိစ္စ များစွာနှင့်စပ်လျဉ်း၍ ကာဒီနယ်အဖွဲ့အစည်းအဝေးတစ်ခုမှ ချမှတ်ထားသော စံနှုန်းဥပဒေများကို ကြေငြာရန် ။
- ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ ပြာခံ ဗုဒ္ဓဟူးနေ့ : စိန်အဲစမ် ဗာစီလီကာရင်ပြင်မှ စိန်ဆာဗီနာရင်ပြင်သို့ ဒုက္ကစရိယားကားလှည့်ခြင်း၊ ပြာများကိုကောင်းကြီးပေး၍ ပြာတို့ခြင်း။
- ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ တနင်္ဂနွေနေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ စနေ့နေ့ ၀ါတွင်း ဥပုပ်ပေးခြင်း၊ နေရာမှ- တမန်တော်နန်းတော်၏ Redemptoris Mater ဘုရားကျောင်း ငယ်တွင်ဖြစ်သည်။ ကာဒီနယ် ဂျီအန်ဖရန်ကို ရာဗာစီနှင့်အတူ ပုပ်ရဟန်းကြီးတို့ တရားပေးမည်။
- မတ်လ ၂၄ ရက်နေ့၊ မေတ္တာပန်း တနင်္ဂနွေနေ့ စိန်ပီတာရင်ပြင်၌ မိစ္ဆားတရားပူဇော်ခြင်း၊ မေတ္တာပန်းများကိုကောင်းကြီးပေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းအခမ်းနားလည်း ပါဝင်မည်။
- မတ်လ ၂၉ ရက်နေ့၊ သောကြာနေ့ကြီး သခင်ခရစ်တော်၏ဒုက္ကစရိယာကို ပြန်လည် အောက်မေ့ခြင်း အခမ်းအနားကို ဗာတီကန်ရင်ပြင်၌ ပြုလုပ်မည်။ ဒုက္ကစရိယာကားလှည့်ခြင်းအား ညနေပိုင်း၌ Coliseum တွင်ပြုလုပ်မည်။
- မတ်လ ၃၀ရက်နေ့၊ စနေနေ့ကြီး ဗာတီကန် ရင်ပြင်၌ ပါစကားပွဲအကြိုမိစ္ဆားတရားတော်
- မတ်လ ၃၁ ရက်နေ့၊ ပါစကားပွဲနေ့ကြီး စိန်ပီတာရင်ပြင်၌ မနက်ခင်း ပါစကားမိစ္ဆားတရားနှင့် နေ့ခင်းပိုင်းတွင် Urbi et Orbi သတင်းစကားပြောကြားမည် ။
http://www.catholicculture.org/news/headlines/index.cfm?storyid=16932
မနောအောင်
0 Comments