စိန်သောမတ်စ် အကွိုင်နက်စ်


ဇန်နဝါရီ ၂၈ရက်နေ့။
စိန်သောမတ်စ် အကွိုင်နက်စ်
SAINT THOMAS AQUINAS
ဖရိုင်ရာ၊ ရဟန်းနှင့် အသင်းတော်၏ပါမောက္ခ (Friar, Priest and Doctor of the Church)
Feast

သောမတ်စ်ကို အီတလီနိုင်ငံ ရိုကာဆေကာရဲတိုက်တွင် ၁၂၂၅ခုနှစ်၌မွေးဖွားခဲ့သည်။ လူငယ်ဘဝ၌ပင် မိသားစု၏ ဆန္ဒများကို ဆန့်ကျင်လျက် နဲလ်ပယ်ရှိ တရားဟော သူများ အသင်းဂိုဏ်းသို့ ဝင်ဖို့ရန်ရွေးချယ်ခဲ့သူဖြစ်သည်။  ထိုအချိန် ကာလ၌ အသင်းဂိုဏ်းအတွင်း (ကိုလ်န်၊ ပဲရစ်၊ရောမနှင့် နဲလ်ပယ်) တို့ကဲ့သို့သော စာပေဆည်းပူး ရာနေရာဗဟိုရ်များပေါ်ပေါက်လာခဲ့သည့်အတိုင်း၊ သူသည် သူ၏ရိုးသား စင်ကြယ်ခြင်းနှင့် ဝိနည်းတော်များတွင် သစ္စာစောင့်ထိန်းသူ အဖြစ် ထင်ပေါ်လာသူဖြစ်သည်။ ဘုရားသခင် ၏နှုတ် ကပတ်တော်တရားတော်ကို မိမိ၏ဆန္ဒအရ ဆင်းရဲခြိုးခြံခြင်း ဖြင့်ဟောပြောခြင်းသည်ပင် အသင်းဂိုဏ်း၏အဓိက တာဝန်ပင် ဖြစ်သည့်အလျောက် သီအိုလိုဂျီဆိုင်ရာလုပ်ငန်းများတွင် ဘဝကို မြုပ်နှံထားခဲ့ပြီး ဇွဲကြီးမားစွာဖြင့် အမှန်တရားအား စူးစမ်းရှာဖွေရင်း တရားထောက်ရှု့ခဲ့ပြီး ထိုထောက်ရှု့ ရာတရားများမှ အသီးအပွင့်များအား အခြားသူများ အားဝေမျှခဲ့သူဖြစ်လေသည်။ သူ၏ခွန်အားများကို အမှန်တရား ၌အစေခံရန်သာ အသုံးပြုခဲ့ခဲ့ပြီး ထိုအမှန်တရားနောက်သို့ လိုက်ရန်သာ ဆန္ဒပြင်းခဲ့သူဖြစ်၍ အမြဲလက်ကိုင်ထားသူဖြစ်သည်။ ထိုနောက် သူတစ်ပါးအားဝေမျှရန်လည်း အလွန်ဆန္ဒပြင်းသူဖြစ်သည်။ လူ့စကားဝိုင်းများနှင့် သူ၏နှိမ့်ချတတ်ခြင်းတို့၌ အလွန်ကြွယ်ဝသူဖြစ်သည့်အလျောက် သူသည် အလွန်မြင့်မြတ်သောယုံကြည်ရာအချက်များ၏ အမြင့်ဆုံးဆရာတစ်ဆူအဖြစ်သပ်မှတ်ခံရပြီး ဧဝံဂေလိအမှန်တရားကိုဟောပြောသူအဖြစ် အမြဲရပ်တည်နေသည်။ ဘုရားသခင်နှင့်ဆိုင်ရာ၊ လူသားတို့ဉာဏ် ပညာဆိုင်ရာနှစ်မျိုးလုံးနှင့်ပတ်သက်၍မြောက်များစွာသွန်သင်ခဲ့သည်။ ထိုအရာများကို လှပစွာဖော် ကျူးထားသည်မှာ အဖြစ်နိုင်ချေအရှိဆုံး ဆက်နွယ်မှု့ပင်ဖြစ်သည်။ ထိုဆက်နွယ်မှု့မှာကောင်းကင်နှင့်ဆိုင်ရာ ဗျာဒိတ်တော်များကို လူသားတို့၏ အကြောင်းတရား တို့ဖြင့်တွေ့ရှိနိုင်သောအရာများအကြားပင်ဖြစ်လေသည်။ကယ်တင်ရှင်ခရစ်တော်၌အလွန်ယုံကြီးကိုးစား သူဖြစ်ပြီး အထူးသဖြင့် ခရစ်တော်၏ ကားတိုင်ပေါ်၌ ခံစားခဲ့ရသော ဒုက္ခစရိယာ နှင့် ကိုယ်တော်မြတ်စက္ကရမင်တူးဆိုင်ရာ အံ့သြဖွယ်ရာများ ကိုအထူးထောက်ရှု့နေတတ်သည်။ (ထိုအကြောင်းအရာများကို ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာတွင် ရေးသားပြီး ကောင်းကြီးပေးထားလေသည်။) ထိုနောက် ဘုရား၏မယ်တော်ကညာစင်ပေါ်၌လည်း သားတစ်ယောက်ကဲ့သို့ ကိုးစားလျက်ရှိလေသည်။ ၁၂၇၄ ခုနှစ် မတ်လ ၇ရက်နေ့တွင် လိုင်ယွန်တွင်ကျင်းပမည့် ဒုတိယမြောက်ကောင်စီကျင်းပရာသို့ သွားရာလမ်းရှိ ဖော်ဆာနိုဗာ၌ ပျံလွန်တော်မူခဲ့လေသည်။ ၁၃၂၃ခုနှစ် ဇူလှိုင်လ ၁၈ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး (၂၂)ကြိမ်မြောက်ဂျွန်မှ သူ့အား ရဟန္တာသူတော်စင်အဖြစ် တင်မြှောက်ပေးခဲ့သည်။ ၁၅၆၇ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ပဉ္စမမြောက် ပီဦးမှ သူ့အား အနောက်တိုင်းအသင်းတော်၏ ပဉ္စမမြောက် အသင်းတော်၏ပါမောက္ခအဖြစ် ကြေငြာခဲ့သည်။ ၁၈၈၀ ခုနှစ် သြဂုတ်လ ၄ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး (၁၃)ကြိမ်မြောက်လေအိုမှ သူ့အား ကာသိုလ်လိပ်အသင်းတော်၏ တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား ကွာကွယ်စောင့်ရှောက်သော ရဟန္တာအဖြစ်ကြေငြာခဲ့လေသည်။ ဝတ်ပြုကိုးကွယ်ခြင်းအား ပြင်ဆင်ထားသောကြောင့် သူ၏ပွဲနေ့အား သူ၏ရုပ်ကလပ်ကို တူလူးစ်မြို့သို့ ရွေ့ပြောင်းသည့်နေ့တွင် ကျင်းပလေ့ရှိသည်။

Post a Comment

0 Comments