Wed the 2nd: Amos 5:14-24; Ps 50:7-17; James 1:18; Matt 8:28-34
အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး၅ (Amos 5:14-24);
၁၄အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ ဆိုတတ်သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ လိမ့်မည်။
၁၅ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ကြလော့။ မြို့တံခါးဝတွင် တရားကိုတည်စေကြလော့။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရားသည် ကျန်ကြွင်းသော ယောသပ်အမျိုးကို သနားကောင်း သနားတော်မူ လိမ့်မည်။
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခပ်သိမ်းသော လမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါင်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်း စေခြင်းငှါင်း ခေါ်ကြလိမ့်မည်။
၁၇ခပ်သိမ်း သောစပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၈ထာဝရဘုရား၏ နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ်အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏ နေ့ရက်သည် သင်တို့၌လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။
၁၉လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့င်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက် သကဲ့သို့င်း ဖြစ်လိမ့်မည်။
၂၀ထာဝရဘုရား၏ နေ့ရက်သည် မလင်းဘဲမိုက်လိမ့်မည်။ ထွန်းလင်းခြင်းအလျင်းမရှိ၊ အမိုက်သက်သက်ဖြစ်လိမ့်မည်။
၂၁သင်တို့စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာကျင့်သောနေ့ရက်တို့၌ ငါမွေ့လျော်၊
၂၂မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသောတိရစ္ဆာန်တို့ကို မိဿဟာယယဇ် ပူဇော်သော်လည်း ငါသည် ပမာဏမပြု။
၂၃သင်တို့သီချင်း ဆိုသံကို ပယ်ရှားကြလော့။ တယော ထိုးသံကို ငါနားငြီးလှ၏။
၂၄တရားသဖြင့်စီရင်ခြင်းကို ရေကဲ့သို့င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသောမြစ်ရေကဲ့သို့င်း စီးစေကြလော့။
ဆာလံကျမ်းအခန်းကြီး ၅၀ (Ps 50:7-17);
၇ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
၈မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး၁ (James 1:18);
၁၈နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွား စေတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၈ (Matt 8:28-34);
၂၈ကမ်းတဘက် ဂါဒရပြည်သို့ရောက်တော်မူသောအခါ၊ နတ်ဆိုးစွဲသောသူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှမသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြု ပြီးလျှင်၊
၂၉ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည်အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မှီအကျွန်ုပ်တို့ကိုညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
၃၀ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌များစွာ သောဝက်အစုသည် ကျက်စားလျက်ရှိ၏။
၃၁နတ်ဆိုးတို့လည်းကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါဟုတောင်းပန်ကြသော်၊
၃၂သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည်ထွက်၍ ဝက်ထဲသို့ဝင်သဖြင့်ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ရေ၌သေကြ၏။
၃၃၀က်ကျောင်းသောသူတို့သည်လည်းပြေး၍မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုး စွဲသောသူတို့၏အကြောင်းမှစ၍ ဖြစ်လေသမျှတို့ကိုကြားပြောကြသော်၊
၃၄တမြို့လုံးလည်းယေရှုကို တွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင်၊ မိမိတို့ပြည်ကထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
0 Comments