Sat the 12th: Isa 6:1-8; Ps 93:1-5; 1 Pet 4:14; Matt 10:24-33
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး၆ (Isa 6:1-8);
၁သြဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏၊၊ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏၊၊
၂ကောင်းကင်တမန်သရပ်တို့ သည် ပလ္လင်တော်တဘက်တချက်၌ရပ်နေကြ၏၊၊ သူတို့သည်အတောင် ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့်ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏၊၊
၃သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွက်ဆိုကြ၏၊၊
၎ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည်လှုပ်ရှား၍ မီးခိုးနှင့်တအိမ်လုံးပြည့်လေ၏၊၊
၅ငါကလည်း ငါ၌အမင်္ဂလာရှိ၏၊၊ ငါအကျိုးနည်းရှိပြီ၊၊ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူး သော နှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟုဆို၏၊၊
၆ထိုအခါကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
၇ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည်သင်၏ နှုတ်ခမ်းကို တွေ့ပြီ၊၊ သင်၏ဒုစရိုက်ကိုသုတ်သင်ပြီ၊၊ သင်၏အပြစ်လည်းပြေရှင်းပြီဟုဆို၏၊၊
၈တဖန်ထာဝရဘုရားက ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း၊၊ ငါတို့အဘို့ အဘယ်သူသွား မည်နည်း၊ ငါတို့အဘို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါကအကျွန်ုပ်ရှိပါ၏၊၊ အကျွန်ုပ်ကိုစေလွှတ် တော်မူပါဟု လျှောက်လေ၏၊၊
ဆာလံကျမ်းအခန်းကြီး ၉၃ (Ps 93:1-5);
၁ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှား နိုင်အောင် တည်လျက်ရှိ၏။
၂ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲဖြစ်တော်မူ၏။
၃အိုထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကိုပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုး ခတ်ကြပါ၏။
၎ရေများဟုန်းသံနှင့် တကွ သမုဒ္ဒရာ လှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သောအရပ် ၌သာ၍ တန်ခိုးကြီးတော်မူ၏။
၅သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်း ပါရမီသည် အစဉ်အမြဲ အိမ်တော်၏ အသရေဖြစ်ပါသတည်း။
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး၎ (1 Pet 4:14);
၁၄ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၁၀ (Matt 10:24-33);
၂၄တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
၂၅တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည် သခင်ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ဝေါ် ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ခေါ် ဝေါ် ကြလိမ့်မည်။
၂၆ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည်ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။
၂၇မှောင်မိုက်၌သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ ဟု မိန့်တော်မူ၏။
၂၈တနည်းကား၊ ကိုယ်ခန္ဓွာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓွာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။
၂၉စာငှက်နှစ်ကောင်ကို အဿရိ တပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။
၃၀သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။
၃၁ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
၃၂အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။
၃၃အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။
၃၄မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ် အံ့သောငှါ ငါလာသည်မဟုတ်။ ထားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။
0 Comments