Fri the 27th: Solemnity of Sacred Heart.
Optional memorial of Cyril of Alexandra, bishop and doctor.
Sacred Heart Readings: Prov 8:22-31; Ps 8:4-9; Rom 5:1-5; John 16:12-15
2 Kgs 25:1-12; Ps 137:1-6; Matt 8:17; Matt 8:1-4
သုတ္တံကျမ်းအခန်းကြီး ၈ (Prov 8:22-31);
၂၂ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။
၂၃မြေကြီးမဖြစ်မှီ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
၂၄နက်နဲသော ပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကို ဖြစ်ဘွားစေတော်မူ၏။
၂၅တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
၂၆မြေကြီးနှင့်လယ်တော များကို မဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွား စေတော်မူ၏။
၂၇မိုလ်းကောင်းကင်ကို မြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
၂၈အထက်မိုးဃ်းတိမ်ကို တည်စေသော အမှု၊ နက်နဲသော အရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
၂၉သမုဒ္ဒရာ၌ ကွန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်ကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
၃၀ငါသည် ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ် မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ် ကစားလျက်၊
၃၁ဖန်ဆင်းတော်မူသောမြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့် ပေါင်းဘော်၍ ပျော်ပါးလျက်နေ၏။
ဆာလံကျမ်းအခန်းကြီး ၈ (Ps 8:4-9);
၎လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ၊၊
၅သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။
၆ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍
၇သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
၈ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊၊
၉အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာဝရဘုရားကိုယ်တော်၏ နာမသည် မြေကြီးတပြင်လုံး၌ အလွန် ကြီးမြတ်တော်မူသ နည်း၊၊
ရောမသြဝါဒစာအခန်းကြီး ၅ (Rom 5:1-5);
၁ထိုကြောင့်၊ ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။
၂ထိုကျေးဇူးတော်ကိုခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်း ရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။
၃ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွေားဝမ်းမြောက်ခြင်းရှိကြ ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။
၎သည်းခံခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကိုပြုစုတတ်၏။
၅ထိုမြော်လင့် ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော် မူသောသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၆ (John 16:12-15)
၁၂သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။
၁၃သမ္မာတရား နှင့် ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်။
၁၄ထိုသူ သည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြ လိမ့်မည်။
၁၅ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာ ကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။
ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး၂၅ (2 Kgs 25:1-12);
၁ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်း တို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
၂ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
၃ထိုနှစ်စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊
၎ခါလဒဲလူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဥ့်အခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
၅ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင် ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
၆ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏ အမှုကိုစစ်ကြော စီရင်သည်အတိုင်း၊
၇ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
၈ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံ တော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊
၉ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့လေ၏။
၁၀ကိုယ်ရံတော်မှူး၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။
၁၁ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။
၁၂သို့ရာတွင် စပျစ်ဥယျာဉ်ကို ပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
၁၃ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုင်း၊ ကြေးဝါရေကန်ကိုင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုင်း၊ ခါလဒဲ လူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှတို့ကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
ဆာလံကျမ်းအခန်းကြီး ၁၃၇ (Ps 137:1-6);
၁ဗာဗုလုန်မြစ်တို့ အနားမှာ ငါတို့သည် ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
၂ငါတို့ စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်းမခပင်တို့၌ ဆွဲထားကြ၏။
၃အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်းသွားချုပ်ထားသော သူနှင့်၊ ငါတို့ကို ညှဉ်းဆဲသော သူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်း ဆိုသံကို၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါသည်တကား။
၎တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို ဆိုရပါမည်နည်း။
၅အိုယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါလက်ျာလက်သည် မိမိအတတ်ကို မေ့ပါစေ။
၆သင့်ကိုငါ မအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်း အကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မ ထားလျှင်၊ ငါလျှာသည် အာခေါင်၌ ကပ်ပါစေ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၈ (Matt 8:17);
၁၇ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၈(Matt 8:1-4);
၁ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်း တို့သည်နောက် တော်သို့ လိုက်ကြ၏။
၂ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ၏။
၃ယေရှုကလည်း ငါအလိုရှိ၏။သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော် မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
၎ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကိုအဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။
0 Comments