Wed the 25th: 2 Kgs 22:8-13, 23:1-3; Ps 119:33-40; John 15:4-5; Matt 7:15-20
ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး၂၂ (2 Kgs 22:8-13, 23:1-3);
၈ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော် ရှာဖန်အားဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဘတ်၏။
၉တဖန် စာရေးတော် ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီ ဟူ၍င်း၊
၁၀ယဇ်ပုရောဟိတ် ဟိလခသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍င်း ကြားလျောက်လျက်၊ ရှင်ဘုရင် ရှေ့တော်၌ ဘတ်ရွတ်လေ၏။
၁၁ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊
၁၂ယဇ်ပုရော ဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော် ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊
၁၃ယခုတွေ့ သောကျမ်းစကားကြောင့် ငါအတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက်၊ ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့် ဘဲနေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
၁ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊
၂ယုဒပြည်သူ ယေရုရှလင်မြို့သား ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့ တတ်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
၃ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား ကိုဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။
ဆာလံကျမ်းအခန်းကြီး ၁၁၉ (Ps 119:33-40);
၃၃အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၅ (John 15:4-5);
၎ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး၇ (Matt 7:15-20);
၁၅အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။
၁၆ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြ လိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
၁၇ကောင်းသောအပင် သည်ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။
၁၈ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကိုမသီးနိုင်။
၁၉ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍မီးထဲသို့ချလိုက်တတ်၏။
၂၀သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။
0 Comments