(၄၈)ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်၏ သ၀ဏ်လွှာ
သခင်ခရစ်တော်မိုးကောင်းကင်သို့တက်ကြွတော်မူသောပွဲနေ့
(၁၊၆၊၂၀၁၄)
သခင်ခရစ်တော်မိုးကောင်းကင်သို့တက်ကြွတော်မူသောပွဲနေ့
(၁၊၆၊၂၀၁၄)
စစ်မှန်သောယဉ်ကျေုးမှု၏ ဆုံစည်းခြင်းကိုဆောင်ကျဉ်းပေးသော ဆက်သွယ်ရေး
ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့
ယနေ့ ကျွန်ုပ်တို့၏ ကမ္ဘာသည် တဖြည်းဖြည်းပို၍ ပို၍ သေးငယ်လာကာ အကျိုးဆက်အားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် မိတ်ဆွေများ ဖြစ်လာရန် ပိုမို လွယ်ကူလာသည့် ကမ္ဘာကြီးတွင် နေထိုင်နေကြသည်။ ခရီးသွားလာခြင်းနှင့် လူမှုဆက်သွယ်ရေး နည်းပညာများ၏ တိုးတက်ဖြစ်တည်မှုတို့သည် ကျွန်ုပ်တို့အချင်းချင်း ပို၍နီးစပ်အောင် သယ်ဆောင်နေပြီး ပိုမိုချိတ်ဆက် စေသည်။ ဂလိုဘယ်လိုက်ဇေးရှင်း (ကမ္ဘာအနှံ့ဖြစ်စဉ်)ကဲ့သို့ ကျွန်ုပ်တို့အချင်းချင်း မှီခိုရပ်တည်နေမှုအား ပို၍တိုးလာ စေပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွဲပြားခွဲခြားခြင်းများ (တခါတလေပို၍ နက်ရှိုင်းသည့် ကွဲပြားခွဲခြားခြင်းများ) သည် ကျွန်ုပ်တို့လူသားမိသားစုအကြားတွင် ဆက်လက်တည်ရှိနေပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာသည် ဥစ္စာ၊ဓန ကြွယ်ဝသော လူကုံတန်သူကြွယ်များနှင့် ချို့တဲ့လွန်းသည့် ဆင်းရဲသား လူတန်းစားများအကြားရှိ ရှယ်ဖွယ်ကောင်းသည့် အတုယူမှားစေသော ခြားနားချက်ကြီးကို ကျွန်ုပ်တို့မြင်တွေ့နေရ ပါသည်။ တစ်ခါတစ်ရံ လမ်းမပေါ်တွင် နေထိုင် နေကြသည့်လူများနှင့် စတိုးဆိုင်ကြီးများ၏ ပြတင်းပေါက်မှ တောက်ပနေသည့် အလင်းရောင်များ၏ ဆန့်ကျင်နေမှု့ များကို တွေ့ရှိရန် မြို့၏လမ်းမများပေါ် လျှောက်ကြည့်ရုံသာ လိုပါသည်။ ထိုအရာများနှင့်ကျွန်ုပ်တို့သည် အလွန်နေသားကျ လာနေပြီးဖြစ်၍ ၄င်းတို့သည် ကျွန်ုပ်တို့အား နေမထိထိုင်မတတ်မဖြစ်စေတော့ပေ။ ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် ဖယ်ထုတ်ခြင်း၊ ဘောင်ခတ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်း စသည့်ပုံစံအမျိုးမျိုးနှင့် ဒုက္ခဝေဒနာများစွာ ခံစားနေရပါသည်။ စီးပွားရေးရာ၊ နိုင်ငံရေးရာ၊ သဘောတရား အတွေးအမြင်များဆိုင်ရာနှင့် ၀မ်းနည်းစွာပြောရမည်ဆိုလျှင်ဘာသာရေးဆိုင်ရာ စေ့ဆော်မှုများ ရောနှော၊ ရောစပ်ခြင်းမှပေါက်ဖွားလာသည့် ပဋိပက္ခများအား မည်မျှပြောဆိုခြင်း မရှိရာမှလည်း ကျွန်ုပ်တို့ ကမ္ဘာကြီးသည် ဒုက္ခဝေဒနာများ ခံစားနေရပါသည်။
ဤသို့ဖြစ်ပျက်နေသည့်ကမ္ဘာတစ်ခုတွင် ပြန်ကြားဆက်သွယ်ရေးမီဒီယာသည် ကျွန်ုပ်တို့အား တစ်ဦးနှင့်တစ်ဦး ပို၍နီးစပ် စေရန် ကူညီပေးနိုင်ပါသည်။ လူသားမိသားစု၏စည်းလုံးခြင်း တန်ဖိုးအမြင်တစ်ခုကိုဖန်တီးပြီးထိုမှတဖန် အားလုံးသော သူတို့၏ ဘ၀အသက်တာတို့သည် လူ့ဂုဏ်သိက္ခာမြှင့်တင်စေမည့် အထူးကြိုးပမ်းမှု့များနှင့် လူသားအားလုံးတသားတည်း၊ တတန်းတည်း လက်ခံနေထိုင်နိုင်ကြစေရန် ခွန်အားပေးစေပါလိမ့်မည်။ ကောင်းသည့် ဆက်သွယ်ဆက်ဆံရေးတို့သည် ကျွန်ုပ်တို့အား တစ်ဦးနှင့်တစ်ဦး ပို၍နီးစပ်စေသကဲ့သို့ ခင်မင် သိစေလာကာ နောက်ဆုံးတွင် စည်းလုံးခြင်းကို တိုးတက် ဖြစ်ထွန်းစေပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အချင်းချင်း နားထောင်ပေးနိုင်ရန်နှင့် တစ်ဦးထံမှတစ်ဦး လေ့လာကြလျှင် ကျွန်ုပ်တို့အား ပိုင်းခြားခွဲခြားထားသည့် နံရံများသည် ပြိုလှဲနိုင်ပါသည်။ ကျွန်ုပ်တို့အချင်းချင်းနားလည်မှုနှင့် အပြန်အလှန် လေးစားမှုများ တိုးပွားစေနိုင်သည့် စကားပြော ဆွေးနွေးကြခြင်းအားဖြင့် ကျွန်ုပ်တို့အကြားရှိ မတူကွဲပြားမှု့များကို ညှိနှိုင်း ယူ၍ရပါသည်။ တွေ့ဆုံ၊ ဆုံစည်းရာ ယဉ်ကျေးမှု့တစ်ခုသည် ကျွန်ုပ်တို့အား ပေးဆပ်ရုံသက်သက်မဟုတ်ဘဲ လက်ခံရယူရန်နှင့် အဆင်သင့် ဖြစ်နေကြရန် တောင်းဆိုနေပါသည်။ ၎င်းအတွက် မီဒီယာသည် အထူးကူညီနိုင်ပါသည်။ အထူးသဖြင့် လူမှုဆက်သွယ် ဆက်ဆံရေး ကွန်ယက်များသည် မထင်မှတ်လောက်အောင် ရှေ့ပြေးတိုးတက်မှုများ ဖြစ်စေသည်ယနေ့ခေတ်ကာလတွင်ပို၍ပင် ကူညီပေးနိုင်ပါသည်။ တစ်ခုချင်းထောက်ပြရလျှင် အင်တာနက်ပါ။ အင်တာနက်သည် တွေ့ဆုံ၊ ဆုံစည်းရန်နှင့် တသားတည်း၊ တတန်းတည်းဖြစ်ရန် ကြီးမားသည့် ဖြစ်နိုင်ချေများစွာကို ကမ်းလှမ်းနေပါသည်။ ထိုအရာသည် အမှန်တကယ် ကောင်းလှသည့် ဘုရားသခင်ထံမှ လက်ဆောင်တစ်ခုဖြစ်သည်။
သို့သော် ပြဿနာများမရှိဟုပြောဆိုခြင်းမဟုတ်ပါ။ သတင်းအချက်လက်များချိတ်ဆက်၊ ဆက်သွယ်ရာအရှိန်သည် ကျွန်ုပ်တို့ ပြန်လည်စဉ်းစားမှုနှင့် စီရင်ချက်ချမှု စွမ်းအားများထက်ပို၍ကြီးမားနေပါသည်။ ထို့နောက် ၎င်းသည် ပို၍ညီမျှရန် နှင့် မိမိကိုယ်ကိုထုတ်ဖော်သည့် သင့်လျော်သောပုံစံများကိုဖန်တီးမပေးပါ။ ထုတ်လွှင့်လိုက်သော မြောက်များ လှသည့် ထင်မြင်ချက်များသည် အထောက်အကူဖြစ်သည်ဟုဆိုနိုင်သော်လည်း ၎င်းတို့သည် လူများကို မိမိတို့သဘောကျ သဘောတူသည့် ဆန္ဒနှင့်အယူအဆများ၊ သို့မဟုတ် နိုင်ငံရေးနှင့် စီးပွားရေး စိတ်ဝင်စားမှုများကိုသာ ဖော်ထုတ်နေသည့် သတင်းအရင်းအမြစ်၏ နောက်ကွယ်၌ အခုအခံယူရန် လည်းဖြစ်စေပါသည်။ ကမ္ဘာကြီး၏ လူမှုဆက်သွယ်ဆက်ဆံရေးသည် ကျွန်ုပ်တို့အား အသိပညာများ တိုးချဲ့ရန် ကူညီပေးနိုင်သကဲ့သို့မိမိတို့၏ လမ်းကြောင်း များကိုလည်း ပျောက်ဆုံးစေနိုင် ပါသည်။ ဒီဂျစ်တယ်နည်းလမ်းဖြင့် ချိတ်ဆက်၊ ဆက်သွယ်လိုသည့် ဆန္ဒသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ မိတ်ဆွေများ၊ အနီးစပ်ဆုံးသူများမှ အဆက်အသွယ်ပြတ်စေနိုင်ရန် ဆိုးကျိုးသက်ရောက် စေနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လူထုဆက်သွယ်ရေးမီဒီယာကို မသုံးနိုင်သည့် သူများသည် ဘေးပယ်ခံရသည် အချက်ကို ကျွှန်ုပ်တို့လစ်လျုမရှုသင့်ပေ။
ဤအားနည်းချက်များသည် အမှန်တကယ်ရှိနေသော်လည်း ၎င်းတို့သည် လူထုဆက်သွယ်ရေးမီဒီယာကို ငြင်းဆန်ရန် မပြုလုပ်ကြပါ။ အမှန်တကယ်ပင် ဆက်သွယ်ဆက်ဆံရေးသည် နည်းပညာအောင်မြင်မှုထက် လူသား၏အောင်မြင်မှု စစ်စစ်တစ်ခုဖြစ်ကြောင်း သတိပေးနေပါသည်။ ထိုသို့ဆိုလျှင်၊ လူသားပီသခြင်းနှင့်လူသား အချင်းချင်း နားလည်မှုများ တိုးတက်လာရန် ဒီဂျစ်တယ်လောက အသိုင်းအ၀ိုင်းသည် အထောက်အကူဖြစ်စေရန် မည်သို့များ ဖြစ်နေနိုင်မည်နည်း။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် စစ်မှန်သောစိတ်ပိုင်းဖြတ်မှုနှင့် စိတ်ငြိမ်သက်သော အာရုံတစ်ခုလိုအပ်ပါသည်။ ထိုအတွက် ငြိမ်သက်စွာနေတတ်ရန်နှင့် နားထောင်နိုင်ရန် အချိန်နှင့်အရည်အချင်းများ လိုအပ်နေပါသည်။ ကျွန်ုပ်တို့ နှင့်မတူကွဲပြား ခြားနားသော သူများကိုနားလည်လိုလျှင် ကျွန်ုပ်တို့သည် စိတ်ရှည်တတ်ရန်လည်း လိုအပ်သည်။ လူများသည် ၎င်းတို့အား သာမန် သည်းခံပေးရရုံထက် အမှန်ကို လက်ခံပေးခံရမှသာ မိမိကိုယ်ကို အပြည့်အ၀ ဖော်ထုတ်ပြလေ့ရှိကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူတစ်ပါးအား အမှန်တကယ် စိတ်အားထက်သန်စွာဖြင့် နားထောင်ပေးလျှင် ကမ္ဘာကြီးအား အမြင်မတူသည့် မျက်လုံးဖြင့် ကြည့်တတ်ရန် လေ့လာမိ စေလိမ့်မည်။ မတူညီသည့်ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံတမ်းများတွင် ဖော်ကျူးပြ နေသော ကြွယ်ဝ၊ မြောက်များလှသည့် လူသားတို့၏အတွေ့အကြုံများကို နှစ်သက်တတ်လာ ပေလိမ့်မည်။ ထို့အပြင် ခရစ်ယာန် ဘာသာတရားအားဖြင့် လှုံ့ဆော်ခွန်အားပေးနေသည့် အရေးကြီးတန်ဖိုးများကိုလည်း နှစ်သက် တတ်လာရန် လေ့လာမိ ပါလိမ့်မည်။ ဥပမာ- လူသားတစ်ဦး၏ တန်ဖိုးကိုသိမြင်ခြင်း၊ လက်ထပ်ထိမ်းမြှားခြင်း၏ သဘောသဘာဝ နှင့်မိသားစု၊ ဘာသာရေးနှင့်နိုင်ငံရေးနယ်ပယ်တို့အကြားတွင် သင့်လျော်သည့် စည်းခြားခြင်း၊ လူသားများ တသားတည်း တတန်းတည်း နိယာမများနှင့် ပံပိုး ကူညီထောက်ပံ့ခြင်း စသဖြင့် အခြားများစွာသော တန်ဖိုးရှိသည့် အရာများ ပါဝင်သည်။
ထိုသို့ဆိုလျှင်၊ ဆက်သွယ်ဆက်ဆံရေးသည်စစ်မှန်သောယဉ်ကျေးမှု၏ ဆုံစည်းခြင်းကို မည်သို့ဖြစ်နိုင်မည်နည်း။ သခင်ခရစ်တော်၏ တပည့်များဖြစ်သည့် ကျွန်ုပ်တို့အတွက်လည်း ဧ၀ံဂေလိ တရားတော်၏ အလင်း၌ အခြားသူများနှင့် ဆုံတွေ့၊ ဆုံစည်းခြင်းဆိုသည်မှာ မည်သို့ ဖြစ်မည်နည်း။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကန့်သတ်များနှင့် အပြစ်သဘော သဘာဝတို့ ရှိနေသည့်တိုင်အောင် ကျွန်ုပ်တို့အချင်းချင်းစစ်မှန်စွာနီးစပ်နိုင်ရန် မည်သို့ ဆွဲခေါ်၊ ဆွဲယူနိုင်မည်နည်း။ ထိုမေးခွန်းများအား “အဘယ်သူသည် ကျွန်ုပ်၏နီးစပ်သူ ဖြစ်သနည်း (လုကာ ၁၀း၂၉)” ဟူ၍ ကျမ်းတတ်ဆရာ၊ ဆက်သွယ် ဆက်ဆံသူက သခင်ခရစ်တော်အား တစ်ခါမေးခဲ့သည့် မေးခွန်းတွင် အကျဉ်းချုပ် တွေ့နိုင်ပါသည်။ ရိုင်းပင်းကူညီတတ်သည့် မိတ်ဆွေဖြစ်ခြင်း ဆိုသည့် စကားရပ်ဖြင့် ဆက်သွယ်ဆက်ဆံရေးကို မြင်တွေ့နိုင်ရန် ကျွန်ုပ်တို့အား ဤမေးခွန်းသည် ကူညီပါလိမ့်မည်။ ဤမေးခွန်းနှင့် ပုံစံတူပြန်ဖွဲ့မေးရလျှင် - ဒီဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသည့် ပတ်ဝန်းကျင် အသစ်တွင်၎င်း၊ ဆက်သွယ်ဆက်ဆံရေးမီဒီယာအား အသုံးပြုရာတွင် ကျွန်ုပ်တို့အနေဖြင့် ရိုင်းပင်းကူညီ တတ်သည့် နီးစပ်ရာ မိတ်ဆွေအဖြစ် မည်သို့ဖြစ်နိုင်ပါမည်နည်း။ ၎င်းမေးခွန်း၏အဖြေကို ကောင်းသောဆာမာရိတန်၏ ပုံဥပမာထဲတွင် ကျွန်ုပ်တွေ့ရှိရပါသည်။ တနည်းအားဖြင့်ထိုဥပမာသည် ဆက်သွယ်ဆက်ဆံရေးပုံဥပမာလည်းဖြစ်သည်။ ဆက်သွယ် ဆက်ဆံမှု ပြုလုပ်သူတိုင်းသည် တနည်းမဟုတ်၊တနည်းအားဖြင့် နီးစပ်ရာမိတ်ဆွေများဖြစ်လာကြသည်။ ကောင်းသော ဆာမာရိတန်သည် လမ်းဘေးတစ်ဖက်တွင် သူတွေ့ရှိသည့် သေလုမျောပါးဖြစ်နေသောလူအား သူနှင့်ပို၍ နီးစပ်လာအောင် ဆွဲခေါ်၊ ဆွဲယူရုံမက ထိုသူ့အတွက်ပါ တာဝန်ယူပေးခဲ့ပါသည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့၏နားလည်ခြင်းကို အကွက်ရွှေ့လိုက်သည် - ၎င်းပုံဥပမာသည် အခြားတစ်ယောက်ကို မိမိကဲ့သို့မြင်တတ်၊ ကြည့်တတ်ရုံသာမဟုတ်ဘဲ မိမိကိုယ်ကိုအခြားသူ တစ်ယောက်နှင့် တူအောင် ပြုလုပ်နိုင်သည့် အရည်အချင်းကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ဆက်သွယ်ဆက်ဆံရေးသည် ကျွန်ုပ်တို့အားလုံး လူသားများဖြစ်ကြောင်း၊ ဘုရား၏ သားသမီးများဖြစ်ကြောင်း အမှန်တကယ် သတိထားမိစေပါသည်။ ဤကဲ့သို့ ဆက်သွယ်ဆက်ဆံရေးအစွမ်းကို “နီးစပ်ရာမိတ်ဆွေဖွဲ့ခြင်း”ဟူ၍ မြင်တွေ့ခြင်းကို ကျွန်ုပ်သဘောကျမိပါသည်။
ဆက်သွယ်ဆက်ဆံရေးကိုအခြားသူတစ်ပါးအားသိမ်းကျုံးရန် သို့မဟုတ် ခြယ်လှယ်ရန် အဓိကအားဖြင့် ရည်ရွယ်၍ အသုံးပြုနေသမျှကာလပတ်လုံး ပုံဥပမာထဲမှဓါးပြများလုယက်ရိုက်နှက်ခံထားရပြီး လမ်းဘေးတွင်စွန့်ပစ်ခံထားရသည့် လူ၏ ခံစားရသည့်ဒုက္ခဝေဒနာကဲ့သို့ အကြမ်းဖက်ရန်ပွဲတစ်ခုပုံစံနှင့် ရင်ဆိုင်နေရဦးမည်ဖြစ်ပါသည်။လေ၀ိကြီးနှင့်ရဟန်းတို့သည် ထိုဒုက္ခ၊ဝေဒနာသည်အား ၎င်းတို့၏ နီးစပ်ရာမိတ်ဆွေအဖြစ် မသတ်မှတ်ခဲ့ပေ။ ထိုသူစိမ်းအား ခပ်ဝေးဝေးတွင်သာ ထားခဲ့ ကြသည်။ ထိုခေတ်အချိန်ကာလတွင် ၎င်းသည်ဘာသာရေး အခမ်းအနားဆိုင်ရာ သန့်ရှင်းစင်ကြယ်ခြင်းအမှု၏ စည်းမျဉ်း များဖြစ်၍ ၎င်းလူမျိုးတို့၏ အခြားလူမျိုးအပေါ် တုန့်ပြန်မှုကို ဘောင်ခတ်ပေးခဲ့ ခြင်းဖြစ်ပါသည်။ ယနေ့ခေတ် ကာလတွင် ကျွန်ုပ်တို့၏ စစ်မှန်သည့်နီးစပ်ရာမိတ်ဆွေကို မြင်တွေ့နိုင်ရန် ကျွန်ုပ်တို့၏တုန့်ပြန်မှုများကို အချို့မီဒီယာများမှ ဖန်တီး ပြောင်းလဲစေလျှင် အန္တရာယ်တစ်ခုအမှန်တကယ်ရှိနေပြီဖြစ်သည်။
ဒီဂျစ်တယ်လမ်းမကြီးပေါ်တွင် ဖြတ်သွားဖြတ်လာလုပ်နေရုံနှင့် ဆက်သွယ်ချိတ်ဆက်ရုံဖြင့် မလုံလောက်ပါ။ ဆက်သွယ် ချိတ်ဆက်ခြင်းမှာ အမှန်တကယ်ဆုံတွေ့၊ ဆုံစည်းခြင်းအထိလိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သီသန့် ခွဲခြားနေ၍ မရသကဲ့သို့ မိမိတို့အတွင်း၌သာ ပိတ်ဆို့၍လည်းနေ၍မရပါ။ ကျွန်ုပ်တို့သည် ချစ်ရန်နှင့် အချစ်ခံရရန် လိုအပ်ပါသည်။ စိတ်နူးညံ့ရန် လိုအပ်သည်။ မီဒီယာနည်းလမ်းများသည် ဆက်သွယ်ဆက်ဆံရေး၌ အလှတရား၊ ကောင်းမြတ်ခြင်းနှင့် အမှန်တရားတို့ကို လုံးဝသေချာအောင်လုပ်မပေးပါ။ မီဒီယာလောကသည်လည်း လူသားထုကြီးနှင့် ဆက်စပ် သက်ဆိုင် နေရန် လိုအပ်ပါသည်။ ၎င်းသည်လည်းစိတ်နူးညံ့ခြင်းကို ပြသရန်တာဝန်ရှိပါသည်။ ဒီဂျစ်တယ်လောကသည် လူသားထု ဆိုင်ရာ ကြီးမားကျယ်ပြန်သည့် ပတ်ဝန်းကျင် ဖြစ်နိုင်ပါသည်။ ၀ါယာနန်းကြိုးများ၏ ကွန်ယက်မဟုတ်ဘဲ လူသားတို့၏ ကွန်ယက် ဖြစ်ပါသည်။ မီဒီယာ၏ သမာသမတ်ကျခြင်းသည် အပေါ်ယံသက်သက်သာဖြစ်၍ ဆက်သွယ်ဆက်ဆံရေးတွင် မိမိတို့ အတွင်းမှ ရုန်းထွက်သူများ သာလျှင် အခြားသောသူများအတွက် စစ်မှန်သည့် အကျိုးတရား၏ အဓိကအချက် ဖြစ်လာနိုင်ပါသည်။ ကိုယ်ပိုင်ပါဝင်စေ့စပ် တွေ့ဆုံခြင်းသည် ဆက်သွယ် ဆက်ဆံသူ၏ အခြေခံယုံကြည်စိတ်ချရခြင်းပင် ဖြစ်သည်။ အင်တာနက်ကို ကျေးဇူးတင်လျက်၊ ခရစ်ယာန်သက်သေခံချက်သည် လူသားတို့တည်ရှိရာအဆုံးစွန်ထိပင် ရောက်ရှိနိုင်ပေသည်။
ကျွန်ုပ် မကြာခဏ လေ့လာသုံးသပ်မှု ပြုလုပ်ပြီးသည့်အတိုင်း၊ အကယ်၍ လမ်းဆုံများဆီသို့ထွက်သွားနေသော အတွင်းကြေနေသည့် အသင်းတော်ကြီးနှင့် ကိုယ့်အတွင်း ကိုယ်နစ်မွန်းနေသောအသင်းတော်ကြီးအကြား ရွေးချယ်မှု ပြုလုပ်ရ မည်ဆိုပါက ပထမတစ်ခုဖြစ်သည့် အသင်းတော်ကိုအသေအချာ ရွေးမိပါလိမ့်မည်။ ထိုလမ်းများမှာလူသားများ နေထိုင် ကြသည့်ကမ္ဘာကြီးဖြစ်၍ လူသားထုနှင့်၊ ဂဃနဏနွေးထွေးစွာတွေ့ထိနိုင်သည့်လမ်းများဖြစ်ပါသည်။ ကယ်တင်ခြင်းတရား သို့မဟုတ် မျှော်လင့်ခြင်းကို ရှာဖွေ နေကြသည့် နာကျင်မှုဝေဒနာများခံစားနေကြရသည့် လူများစွာသော အမျိုးသားများ/ အမျိုးသမီးများ အတွက် ဤဒီဂျစ်တယ်လမ်းမကြီးသည် ၎င်းလမ်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ အင်တာနက် အားဖြင့် ခရစ်ယာန် သတင်းကောင်းသည် “ကမ္ဘာမြေကြီး စွန်းတိုင်အောင်”ရောက်ရှိနိုင်ပါသည်(တမန်၁း၈)။ကျွန်ုပ်တို့၏ ဘုရားကျောင်း တော်များကို ဖွင့်ထားပေးခြင်းသည်လည်း ဒီဂျစ်တယ်အသိုင်းအ၀ိုင်းတွင် ဖွင့်ပေးထားခြင်းဖြစ်၍ မည်ကဲ့သို့သောဘ၀၊ အခြေအနေမျိုးတွင်မဆို လူအများဝင်နိုင်စေပြီး ဧ၀ံဂေလိသတင်းကောင်းသည် လူတိုင်းဆီသို့ ရောက်စေနိုင် လာပေသည်။ သာသနာတော်ကြီးသည် လူသားအားလုံး၏ အိမ်ဖြစ်ကြောင်း သက်သေခံပြသရန် ကျွန်ုပ်တို့ ခေါ်တော်မူခြင်း ခံကြရသည်။
ထိုကဲ့သို့သော ပုံရိပ်လွှာရှိသည့် သာသနာတော်ကြီးနှင့် ဆက်သွယ်နိုင်ကြ၏လော။ ဆက်သွယ် ဆက်ဆံရေးသည်ပင် သာသနာ တော်ကြီး တစ်ခုလုံး၏ သာသနာပြုခြင်းခေါ်တော်မူခြင်း ကိုဖော်ထုတ်ပြသရန်အကြောင်းရင်း တစ်ခုဖြစ်ပေသည်။ ယနေ့ လူမှု့ကွန်ယက်များသည် ယုံကြည်ခြင်း၏ အလှတရား၊ ခရစ်တော်နှင့် တွေ့ဆုံရာ အလှတရားကို ပြန်လည် ရှာဖွေ တွေ့ရှိဖို့ရန် ခေါ်တော်မူခြင်း ခံရသည်ကိုတွေ့ကြုံ ခံစားစေရန် လမ်းတစ်ခု ဖြစ်သည်။ ဆက်သွယ်ဆက်ဆံရေး နယ်ပယ်တွင်လည်း ဆက်သွယ် ဆက်ဆံရေးခေတ်တွင် နွေးထွေးသော နှလုံးသား၊ ခွန်အားပေးတတ်သော နှလုံးသားများကို ဆောင်ကျဉ်း ပေးသည့် အသင်းတော်ကြီးကို ကျွန်ုပ်တို့ လိုအပ်ပါသည်။
ထိုကဲ့သို့သော ပုံရိပ်လွှာရှိသည့် သာသနာတော်ကြီးနှင့် ဆက်သွယ်နိုင်ကြ၏လော။ ဆက်သွယ် ဆက်ဆံရေးသည်ပင် သာသနာ တော်ကြီး တစ်ခုလုံး၏ သာသနာပြုခြင်းခေါ်တော်မူခြင်း ကိုဖော်ထုတ်ပြသရန်အကြောင်းရင်း တစ်ခုဖြစ်ပေသည်။ ယနေ့ လူမှု့ကွန်ယက်များသည် ယုံကြည်ခြင်း၏ အလှတရား၊ ခရစ်တော်နှင့် တွေ့ဆုံရာ အလှတရားကို ပြန်လည် ရှာဖွေ တွေ့ရှိဖို့ရန် ခေါ်တော်မူခြင်း ခံရသည်ကိုတွေ့ကြုံ ခံစားစေရန် လမ်းတစ်ခု ဖြစ်သည်။ ဆက်သွယ်ဆက်ဆံရေး နယ်ပယ်တွင်လည်း ဆက်သွယ် ဆက်ဆံရေးခေတ်တွင် နွေးထွေးသော နှလုံးသား၊ ခွန်အားပေးတတ်သော နှလုံးသားများကို ဆောင်ကျဉ်း ပေးသည့် အသင်းတော်ကြီးကို ကျွန်ုပ်တို့ လိုအပ်ပါသည်။
အကျိုးသက်ရောက်မှုရှိသော ခရစ်ယာန်သက်သေခံခြင်းသည် တစ်ပါးသူအား ဘာသာရေး သွန်သင်ချက်များဖြင့် အတင်းအဓမ္မ တိုက်တွန်းခြင်းမဟုတ်ဘဲ တစ်ပါးသူများအတွက် အဆင်သင့်ဖြစ်နေလိုသည့် ကျွန်ုပ်တို့၏ လိုလားမှု ဆန္ဒအကြောင်းသာ ဖြစ်ပေသည်။ ထိုလိုလားမှု့ဆန္ဒသည်လူသားများအမှန်တရားရှာဖွေရာ၊ လူ့ဘ၀အဓိပ္ပာယ် တို့ကိုရှာဖွေရာ၌ ဖြစ်ပေါ်လေ့ ရှိသော မေးခွန်းများနှင့်သံသယများကိုစိတ်ရှည်သီးခံပြီးလေးစားရိုသေမှုဖြင့် စေ့စပ်ဆွေးနွေး ကြရန်ဖြစ်ပေသည် (ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)၊ (၄၇)ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့၊၂၀၁၃)။ ဧမာဦးမြို့သို့ သွားကြသော တပည့်တော်ကြီးများ၏အဖြစ်ကို ကျွန်ုပ်တို့ပြန်လည်အောက်မေ့ရမည်။ ယနေ့ခေတ် အမျိုးသား/ အမျိုးသမီးများ၏ မျှော်မှန်းချက်များ၊ သံသယများနှင့် မျှော်လင့်ချက်များကို နားလည်ကြရန်နှင့် ကျွန်ုပ်တို့အားအပြစ်နှင့် သေခြင်းတရားမှ ကယ်တင်ရန် အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးခရစ်တော်၏ သတင်းကောင်းဖြစ်သည့် ဧ၀ံဂေလိ တရားတော်ကို ၎င်းတို့ထံသို့ဆောင်ကျဉ်းပေးရန် ကျွန်ုပ်တို့သည်ထိုအမျိုးသား၊ အမျိုးသမီးများနှင့် စကားပြော ဆွေးနွေး နိုင်ရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နက်နက်ရှိုင်းရှိုင်း အာရုံစူးစိုတ် တတ်သည့် လူသားများအဖြစ်နှင့် ၀ိညာဉ်ရေးရာ နိုးကြားနေသူများအဖြစ် စိန်ခေါ်ခံနေရသည်။ အပြန်အလှန် ပြောဆို ဆွေးနွေးခြင်းဆိုသည်မှာ တစ်ပါးသူ၌လည်း ပြောစရာများရှိနေသည်ကို ယုံကြည်ထားကာ၊ ထိုသူ/သူမ၏ အမြင်နှင့် ရှုထောင့်များကို စိတ်ဝင်စားပေးခြင်းဖြစ်ပါသည်။ အပြန်အလှန်ပြောဆိုဆွေးနွေးခြင်း၌ပါဝင်ခြင်းမှာ ကျွန်ုပ်တို့၏ကိုယ်ပိုင် အယူအဆ၊ အတွေးအခေါ်များနှင့် ဓလေ့၊ ထုံးတမ်းများကို ကြေငြာရန်သက်သက် မဟုတ်ပါ။ သို့သော်လည်း ၎င်းတို့တည်း သာလျှင် အကျိုးကြောင်းညီလျက် သို့မဟုတ် အကြွင်းမဲ့ ဖြစ်ကြောင်း ကြွေးကြော်ခြင်း ဖြစ်ပါသည်။
လမ်းဘေး၌သေလုမျောပါး ဒဏ်ရာရရှိထားသည့် လူမမာ၏ ဒဏ်ရာများအပေါ်သို့ ဆီနှင့်စပျစ်ရည် လောင်းထည့်ကာ ဂရုစိုက် ပေးသည့် ကောင်းသော ဆာမာရိတန်တစ်ဦး၏ ပုံရိပ်လွှာသည် ကျွန်ုပ်တို့အတွက် ခွန်အားယူစရာဖြစ်ပါစေ။ ကျွန်ုပ်တို့၏ လူမှုဆက်သွယ်ဆက်ဆံရေးသည် နာကျင်မှုကိုသက်သာစေသည့် လိမ်းဆေးနှင့်စိတ်နှလုံးကို ရွှင်လန်း စေသည့် စပျစ်ရည် ကောင်းတစ်လက်ဖြစ်ပါစေ။ သူတစ်ပါးထံသို့ကျွှန်ုပ်တို့သယ်ဆောင်လာသောအလင်းသည် သာမန်အပေါ်ယံ သက်သက်နှင့် အထူးအကျိုးဆက်များ၏ ရလဒ်မဟုတ်ဘဲ ထိုထက်ပို၍ လမ်းဘေးတဖက်တွင် ဒဏ်ရာများနှင့် စွန့်ပစ်ခံ ထားရသည့် သူများအား ကျွန်ုပ်တို့ကိုယ်တိုင်ချစ်စရာကောင်းသော၊ သနားကြင်နာစရာကောင်းသော “နီးစပ်ရာ မိတ်ဆွေများ” ဖြစ်ခြင်းပင် ဖြစ်ပါစေ။
ဒီဂျစ်တယ်လောကတွင်နေထိုင်သူများအဖြစ်ရဲရဲဝံ့ဝံ့ဖြစ်ကြပါစို့။ လက်ရှိကာလတွင် အသင်းတော်ကြီးသည် ယနေ့ခေတ် လူများနှင့်ပြောဆိုဆွေးနွေးရန်နှင့် ၎င်းတို့အား ခရစ်တော်နှင့်ပေးတွေ့ရန် ဆက်သွယ်ဆက်ဆံရေး ကမ္ဘာကြီးနှင့် ဆက်စပ် သက်ဆိုင်နေဖို့လိုအပ်ပါသည်။ လမ်းတလျှောက်တွင် လူတိုင်းနှင့်အတူအဖော်ပြု လက်တွဲလျှောက်လှမ်းနိုင်သော၊ အခြားသူတစ်ပါးဘက်မှ ပါဝင်နိုင်သည့်သာသနာတော်တစ်ခု ဖြစ်ရန်လိုအပ်ပါသည်။ ဆက်သွယ်ရေးမီဒီယာနှင့် သတင်း ဈေးကွက်ဆိုင်ရာ နည်းပညာများတို့တွင် ဖြစ်ပေါ်နေသောအပြောင်းအလဲကြီးသည် ကြီးမြတ်၍ ရင်ဖိုစရာ စိန်ခေါ်မှုများကို ပြသနေလေသည်။ ဘုရားသခင်၏ အလှတရားကို အခြားသူတစ်ပါးတို့နှင့် ဝေငှဝေမျှရန်ရှာဖွေရင်း ကျွန်ုပ်တို့သည် ဤစိန်ခေါ်မှုကြီးအား ဆန်းသစ်သည့်ခွန်အားများနှင့် စိတ်ကူးဥာဏ်များဖြင့် ရင်ဆိုင် တုန့်ပြန် နိုင်ကြပါစေ။
ဗာတီကန်မှ၊ ၂၄ ဇန်န၀ါရီ ၂၀၁၄၊ စိန်ဖရန်စစ်ဒေဆာလက်စ်အားအောက်မေ့သတိရသည့်နေ့။
ဖရန်စစ္စကုစ်
0 Comments