ချစ်သူများနေ့၊ ထောင်နှင့်ချီသောစုံတွဲများ ဗာတီကန်၌ ကျင်းပဖွယ်ရှိ

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)ကို ထောင်နှင့်ချီသော လူငယ်စုံတွေများဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ ဗာတီကန်ရှိ စိန်ပီတာရင်ပြင်၌ အတူတကွ ကျင်းပဖွယ်ရှိသည်ဟု သိရှိရပါတယ်။


မိသားစုအရေးအတွက် ပုပ်ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ကောင်စီ၏ ကြေငြာချက်အရ ထိုချစ်သူများနေ့ကို ယခင်က ပုပ်ရဟန်းမင်းကြီးပေါလ် (၆)၏ ခန်းမတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကြိုတင်စာရင်းသွင်းလာသည့် ပါဝင်မည့်လူဦးရေအရ စိန်ပီတာရင်ပြင်တွင် ပြုလုပ်ရန် အစီစဉ်ကို ပြောင်းရွေ့လိုက်ရပါတယ်။

အဆိုပါ ချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)တွင် “YES” ဆိုသည့်အဖြေကို ထာဝရတည်မြဲသည်အထိ ပေးနိုင်ခြင်း၏၀မ်းမြောက်ပီတိဖြစ်ခြင်းကို ခေါင်းစည်းထား၍ လူငယ်စုံတွဲများစွာလာရောက်၍ ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကျင်းပကြမည်ဖြစ်ပါတယ်။ မိသားစုအရေးအတွက် ပုပ်ရဟန်းမင်းကြီးဆိုင်ရာကောင်စီအရ ယခုအချိန်တွင် စာရင်းပေးသွင်းထားသူ ၁၇၀၀၀ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့အထဲမှာမှ စေ့စပ်ကြောင်းလမ်းထားသည့် စုံတွဲမည်မျှပါဝင်သလဲဆိုတာတော့ မခန့်မှန်းရပါဘူးဟု ဆိုထားပါတယ်။ ယခုလို လူငယ်များစွာကို ချစ်သူများနေ့၌ ဗာတီကန်၌နေရာပေးဖို့ အကြံညဏ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြိုဆိုထားကြောင်း သိရပါတယ်။

ထိုအကြံညဏ်ကို အီတလီနှင့် ကမ္ဘာတ၀ှမ်းရှိ စေ့စပ်ကြောင်းလမ်းထားသော စုံတွဲများ၏ စိတ်အားထက်သန်မှု့မှ ရရှိသည်ဟု သိရပါတယ်။ ထိုနောက်မှ အခြားသောလူငယ်များစွာဟာ စာရင်းပေးသွင်းလာသည်ဟု သိရပါတယ်။ ချစ်သူစုံတွဲများ၊ လူငယ်များအနေဖြင့် ထိုချစ်သူများနေ့ (ဗလင်တိုင်းဒေးလ်)ကို ဗာတီကန်တွင် ပါဝင်ဆင်နွှဲလိုပါက events@family.va သို့ မေးလ်ပေးပို့ပြီး တောင်းခံနိုင်ပါကြောင်း သိရှိပါတယ်။ စာရင်းပေးသွင်းရန် နောက်ဆုံးနေ့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဖြစ်ပါတယ်။

စိန်ပီတာရင်ပြင်သည် နံနက် ၉နာရီတွင် စတင်ဖွင့်လစ်မည်ဖြစ်ပါတယ်။ မနက် ၁၁နာရီမှာတော့ ပြန်လည်သုံးသပ်ခြင်းအချိန်ရှိပြီး၊ ဆုတောင်းမေတ္တာနှင့် သက်သေခံခြင်းများကို နေ့ခင်း ၁၂ နာရီ ပုပ်ရဟန်းမင်းကြီး ကြွလာသည့်အချိန်ထိ ပြုလုပ်မည် ဖြစ်ပါတယ်။ အခမ်းအနားကတော့ နေ့ခင်း ၁၂း၄၅ တွင် ပြီးဆုံးမည်ဟု ခန့်မှန်းရပါကြောင်း သတင်းပါးအပ်ပါသည်။


မနောအောင်

Post a Comment

0 Comments