ကမ္ဘာ့သြဇာရှင်လူသားအဖြစ် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ရွေးချယ်ခံရ


လူတွေရဲ့ပုပ်ရဟန်းမင်းကြီး ဟုချီးကျူးကာ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်အား ၂၀၁၃ ကမ္ဘာ့သြဇာရှင်လူသားအဖြစ တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်လိုက်ပါတယ်။

ယခုလို ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်အား ကမ္ဘာ့သြဇာရှင်လူသားအဖြစ် ရွေးချယ်ရခြင်း အကြောင်းအရင်းမှာ - ပုပ်ရဟန်းမင်းကြီးအဆောင်အယောင်အား နန်းဆောင်မှ လမ်းဘေးသို့ ဆွဲချခြင်း (သူ၏မာန်မာနကင်းစင်မှု့နှင့် အသင်းတော်အပေါ်ပြောင်းလဲနိုင်စွမ်းရှိခြင်း)၊ ကမ္ဘာ့အကြီးဆုံး အသင်းတော်အား ၎င်း၏နက်ရှိုင်းသည့်လိုအပ်မှု့တွေနှင့် ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်နှလုံးမြုပ်နှံဆက်ကပ်ခြင်းနှင့် ဆုံးဖြတ်ချက်များအား ဂရုဏာမေတ္တာတရားဖြင့် မျှမျှတတဖြစ်စေခြင်း တို့ကြောင့် တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့သြဇာရှင်လူသားအဖြစ် အရှင်သူမြတ်ကြီးအား ရွေးချယ်ကြောင်း တိုင်းမဂ္ဂဇင်းစာမှ ၎င်း၏ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။

ရိုမင်ကက်သလစ်အသင်းတော်မှ ပုပ်ရဟန်းမင်းကြီးများကို တိုင်းမ်မဂ္ဂဇင်းစာမှ ရွေးချယ်ရာ တတိယမြောက် ရွေးချယ်ခံရမှု့လည်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)အားလည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂)အားလည်းကောင်း ရွေးချယ်ခဲ့ဖူးပါတယ်။

၎င်းတိုင်းမ်မဂ္ဂဇင်း၏မျက်နှာဖုံးမှာလည်း ၎င်းကဆိုထားပါတယ် -နေရာတော်တော်များများမှာ ခေါင်းဆောင်မှု့ အရည်အချင်းတို့၏ အကန့်အသပ်မှု့တွေအား စမ်းသပ်ခံနေရသည့်အချိန်ကာလတွင် ပုဂ္ဂိုလ်တစ်ဦးဟာ စစ်တပ်မပါ၊ လက်နက်မပါ၊ ရောမမြို့လယ်က လက်သီးတစုတ်နေရာလေးရဲ့နောက်ကွယ်မှာ မည်သည့်နိုင်ငံမှ မရှိပါ။ သို့ပေမယ့်လည်း စိန်ခေါ်မှု့ကိုချဲဖို့တော့ သူ့နောက်ကွယ်မှာ တကယ့်ကိုကြွယ်ဝ ကြီးမားလေးလံသည့် သမိုင်းတော့ရှိပါတယ်။ ကမ္ဘာကြီးကလည်း ပို၍ပို၍သေးလာပြီ၊ တစ်ဦးစီတိုင်းရဲ့အသံတွေလည်း ပို၍ကျယ်လာပြီ။ နည်းပညာကလည်း ပါရမီဖြည့်ဘက်လိုပဲ။ ဒီတော့ သူ့ရဲ့တရားဟောစင်ကိုလည်း ကမ္ဘာအဆုံးများပင် မြင်တွေ့ကြပြီ။ သူဟာ ရုပ်ဆင်းအင်္ဂါပျက်နေသည့် လူတစ်ဦး၏မျက်နှာကို နမ်းလိုက်သည့်အခါ၊ မူစလင်အမျိုးသမီးတစ်ဦးရဲ့ခြေထောက်တွေကို ဆေးကြောပေးသည့်အခါ၊ ပုံရိပ်တွေဟာ ကက်သလစ်အသင်းတော်ရဲ့စည်းများကိုပင်ကျော်ကာ ဂယက်ရိုက်လှုပ်ခပ်စေပါတယ်။ လက်ခံစေပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ဟာ အခြားနောက်ဆုံးရွေးချယ်ခံ ၁၀ဦးဖြစ်သည့် သမ္မတအိုဗားမား၊ NSA leaker အက်ဒြွက်စနိုဒမ်၊ ဆီးရီးယားသမ္မတ အဆဒ်၊ အီရန်သမ္မတ ဟစ္စမ်ရော်ဟာနီ၊ Secreatary of Health and Human Services မှ ကပ်လိန်း၊ Amazon တည်ထောင်သူ ဂျက်ဘေဇော့၊ စမ်တခ်ခရု့စ်၊ အဲဒစ်ဝင်ဆာနှင့် အဆိုတော် မီလေးစိုင်ရပ်စ်တို့အား ကျော်လွန်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။

ထိုရွေးချယ်ခံရမှု့ပတ်သက်၍ ဗာတီကန်၏တုန့်ပြန်မှု့အဖြစ် ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်လုံဗာဒီကတော့ - ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ နာမည်ကြော်ကြားဖို့နှင့် ဂုဏ်ထူးရယူဖို့အတွက် လုပ်တာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ယခုလို ကမ္ဘာ့သြဇာရှင်လူသားအဖြစ်ရွေးချယ်ခံရခြင်းဟာ ဘုရားသခင်၏ ဧ၀ံဂေလိတရားတော်ပြန့်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ လူတိုင်းအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသတင်းကောင်းပြန့်ဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် သူပျော်မှာပါဟု ဆိုပါတယ်။


မနောအောင်

Post a Comment

0 Comments