ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံ

နိုဝင်ဘာ၂၅၊ ၂၀၁၃ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရုရှားသမ္မတ ဗလာတီမီပူတင်အား ဗာတီကန်တွင် သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ထိုရုရှားသမ္မတကြီးအတွက် ယခုလိုဗာတီကန်သို့ လာရောက်ခြင်းဟာ စတုတ္ထမြောက် လာရောက်ခြင်းဖြစ်ပါတယ်။ သူဟာ ၂၀၀၀ နှင့် ၂၀၀၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဂျွန်ပေါလ် (၂)နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင်လည်း ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဘက်နဒစ် (၁၆)နှင့် တွေ့ဆုံခဲ့ပါတယ်။

ယခု စတုတ္ထမြောက် ဗာတီကန်သို့ရောက်ရှိရာ မစ္စတာပူတင်သည် လက်ရှိပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်နှင့်တွေ့ဆုံခဲ့ပါတယ်။ ထိုတွေ့ဆုံမှု့တွင် နှစ်ဦးနှစ်ဖက်ကြားရှိ ဆက်ဆံရေးကောင်းများအတွက် အချင်းချင်းကျေနပ်မှု့ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရပါတယ်။ ထိုနောက် ဘုံအများဆိုင်ရာ စိတ်ဝင်စားမှု့တွေအပေါ် အရေးပေးခဲ့ကြပြီး ရှရှားနိုင်ငံအတွင်းရှိ ကက်သလစ်တို့ဘ၀နှင့် စပ်လျဉ်းသက်ဆိုင်သည့် အကြောင်းအရာများကိုလည်း အရေးပေးပြောဆိုခဲ့ကြသည်ဟု သိရပါတယ်။ ရှရှားဘက်မှလည်း လူမှု့အသိုင်းဝိုင်းကြားတွင် ခရစ်ယာန်တို့၏အခြေခံ ကူညီပံ့ပိုးမှု့များ ပေးသွားမည်ဟု ထုတ်ဖော်သွားခဲ့ပါတယ်။ ၎င်းအကြောင်းအရာနှင့်စပ်လျဉ်းပြီး လက်ရှိကမ္ဘာ့အစိတ်အပိုင်းအချို့တွင် အခက်ခဲမျိုးစုံနှင့်ရင်ဆိုင်နေရသော ခရစ်ယာန်တို့အား ၎င်းတို့၏လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးများ၊ ဘ၀နှင့် မိသားစုများအား မြှင့်တင်ပေးပြီး ကာကွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟုလည်း သိရပါတယ်။

ထို့အပြင် အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ငြိမ်းချမ်းရေး၊ အထူးသဖြင့် ဆီးရီးယားအရေး အခြေအနေနှင့်ပတ်သက်ပြီးတော့လည်း အရေးပေးပြောဆိုဖြစ်ခဲ့ကြသည်ဟု သိရပါတယ်။ ထိုနောက် မစ္စတာပူတင်သည် စက်တင်ဘာလအတွင်း G20 အဖြစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စိန်ပီတာစဘတ်၌ လက်ခံပြုလုပ်ချိန် ပုပ်ရဟန်းမင်းကြီးမှ သူ့ထံလိပ်မူပြီး စာပို့လာသည့်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုစာထဲ၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က လူတွေရဲ့ဘ၀ရှင်သန်မှု့ကို မြှင်တင်နိုင်မှ၊ မြှင့်တင်ရာတွင်လည်း G20၏ အဖွဲ့ဝင်နိုင်ငံသားများသာမကဘဲ ကမ္ဘာပေါ်တွင် နေထိုင်ကြပြီး တိုးတက်လွန်းသည့်နေရာမှာပဲဖြစ်ဖြစ်၊ တောခေါင်သီတဲ့နေရာမှာပဲ ဖြစ်ဖြစ် အသက်အကြီးဆုံးမှ မမွေးဖွားခင်ကလေးငယ်ထိ လူသားအားလုံး၏ နေထိုင်မှု့ဘ၀ ဂုဏ်သိက္ခာမြှင့်တင်ပေးမှသာလျှင် ကမ္ဘာ့စီးပွားရေးဟာ တိုးတက်မှု့ရှိမည် ဖြစ်ကြောင်း လမ်းညွှန်ပေးခဲ့ပါတယ်။


Facebook စာမျက်နှာတခွင်မှာတော့ မစ္စတာပူတင်သည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီးတိုင်း တိုးတက်ပြောင်းလဲမှု့တချို့ဖြစ်တတ်၍ ယခုအကြိမ်လည်း ရှရှားနှင့်ပတ်သက်ပြီး ကမ္ဘာမှ ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်ဟု သိရှိရပါတယ်။ 

http://www.news.va/en/news မှကိုးကားသည်။

မနောအောင်

Post a Comment

0 Comments