ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးရုံဖြင့် ဘာသာရေးပဋိပက္ခတွေကို ဖြေရှင်းဖို့လုံလောက်မှု့မရှိဘဲ အားလုံးသော ဘာသာပေါင်းစုံတို့သည် အတူတကွစုရုံးပြီး တလုံးတ၀တည်းရှိ၍ ဘာသာ တရားများအကြားရှိ တင်းမာမှု့တွေကို ဖြေရှင်းသွားဖို့လိုအပ်ကြောင်း မကြာမှီအင်တာဗျူးမှ ဖာသာရ်လိုဘိုမှ အားပေးခဲ့ပါတယ်။
ဖာသာရ်က ဆက်လက်ပြောဆိုပါတယ်- ယနေ့ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးမှု့တွေမှာ စကားလုံးတွေဟာ ထပ်နေပါပြီ။ ဒါကြောင့် ဘာသာပေါင်းစုံတုန့်ပြန်မှု့လို့သာခေါ်ဆိုချင်ပါတယ်။ တကယ်တော့ ဒီဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းဟာ မိမိတို့၏ဘာသာတရားနှင့် ၎င်းတို့ရဲ့အယူဝါဒတွေကို မေးနေတာမဟုတ်ပါဘူး။ အတူတကွလက်တွဲလုပ်ဆောင်သွားကြဖို့၊ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီး တည်ဆောက်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေမှု့ရှိရရှိဖို့ အတူတကွ ကူညီရိုင်းပင်းသွားကြရမှာ ဖြစ်ပါတယ်။
ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းဟာ အကြမ်းဖက်မှု့များနှင့် ဆူပူသောင်းကြမ်းမှု့များ ပပျောက်ဖို့ရန်အတွက်ကြောင့်သာ အရေးကြီးလာခဲ့ရပါတယ်။ ဒီကိစ္စဟာရှုပ်ထွေးပါတယ်- ဘာသာပေါင်းစုံဆွေးနွေးရုံဖြင့် အကြမ်းဖက်မှု့တွေနှင့် ဆူပူသောင်းကြမ်းမှု့များ မပပျောက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့မှာ နိုင်ငံရေးကိစ္စတွေပါ ပါဝင်ပတ်သက်နေသည့်အတွက်ကြောင့်ပါ။
ဘာသာတရားများဟာ နိုင်ငံရေးပဋိပက္ခတွေမှာ အသုံးပြုခံရပါတယ်- အသုံးခံရဖို့လည်း ဒီဘာသာရေးနှင့်ပတ်သက်လျှင် လူတွေဟာ စိတ်လှုပ်ရှားထကြွဖို့ သိပ်မြန်လို့ပါပဲ။ ဘာသာတရားတိုင်းမှာ လူတွေရဲ့စိတ်လှုပ်ရှားစေနိုင်သည့် နှလုံးသားရင်းခံတန်ဖိုးတွေပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးလှုပ်ကြွစေဖို့ အသုံးခံလက်နက်တစ်ခုဖြစ်နေရခြင်းလည်း ဖြစ်ပါတယ်။
အချို့အာဏာလိုချင်သော ခေါင်းဆောင်များဟာ ဘာသာတရားကိုအသုံးချကာ မိမိတို့အဖွဲ့အစည်းကို တခြားအဖွဲ့အစည်း (ရန်သူ)များကို ဆန့်ကျင့်ကာ စည်းရုံးစည်းလုံးဖို့ပြုလုပ်တတ်ကြပါတယ်။ ဒီတော့ ဘယ်သူတွေက ရန်သူများပါလဲ- အခြားဘာသာတရားများလား။ ဒီနေရာမှာတော့ အခြားသော ဘာသာတရားများအပေါ် နားလည်မှု့လွဲမှားခြင်းနှင့် ဘက်လိုက်မှု့တွေဟာ အကြမ်းဖက်မှု့တွေကို ဖြစ်စေနိုင်ပါတယ်။ ထိုကြောင့် ဘာသာပေါင်းစုံဆွေးနွေးခြင်းဟာ အခြားသောဘာသာတရားများမှာလည်း ကောင်းမြတ်သည့်အရာများစွာရှိကြောင်းနှင့် မိမိတို့ရဲ့ကြိုတင်ကောက်ချက်ချမှု့တွေကြောင့် ဤကောင်းမြတ်သည့်အရာတွေကို မတွေ့ရှိတာဖြစ်ကြောင်း နားလည်စေဖို့ အချင်းချင်းကူညီကြဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့မှာ ခြားနားသောအမြင်တွေရှိနေဖို့ လိုအပ်ပါတယ်။ ၎င်းကို ဘာသာတရားများနှင့် ယဉ်ကျေးမှု့များကို လေ့လာခြင်းက ကူညီပေးနိုင်ပါလိမ့်မယ်။
ဖာသာရ်လိုဘို (ဂျေဇူးရစ်)ဟာ အိန္ဒိယမှဖြစ်ပြီး ယခုလက်ရှိမှာတော့ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ ဂရေဂေါ်ရီယမ်းတက္ကသိုလ်မှာ ဌာနမှူးအဖြစ် ထမ်းဆောင်ရင်း ဘာသာတရားများဓမ္မသင်္ဂြိုလ်အား စတင်နေပါတယ်။
(Catholic News Agency မှ ဖာသာရ်လိုဘိုအား အင်တာဗျူးရာမှ ကောက်နုတ်ထားသည်။)
မနောအောင်
0 Comments