ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပါကစ္စတန်နိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား အသေခံဗုံးခွဲလုပ်ကြံမှု့များဖြစ်ပွားခဲ့ခြင်းတို့အား ပုပ်ရဟန်းမင်းကြီးအရှင်ဖရန်စစ်က ပြင်းပြင်းထန်ထန်ရှုံ့ချလိုက်ပါတယ်။ ထိုအကြမ်းဖက်မှု့များမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ဒေသအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် လုံးဝတိုက်တွန်းလိုက်ပါတယ်။
“ဒီနေ့ ပါကစ္စတန်နိုင်ငံမှာ မှားယွင်းတဲ့ရွေးချယ်မှု့၊ အမုန်းတရားနှင့် စစ်မက်တို့၏ဆုံးဖြတ်ချက်ကြောင့် လူပေါင်း ၇၀ကျော်ကို အသက်ဆုံးရှုံးစေတဲ့ တိုက်ခိုက်မှု့ဖြစ်ပေါ်ခဲ့ရတယ်။ ဒီရွေးချယ်မှု့မှာ လုံးဝမရပ်တည်နိုင်ပါဘူး။”
စက်တင်ဘာလ ၂၂ရက်နေ့၊ တနင်္ဂနွေနေ့၏နေ့ခင်းပိုင်းတွင် ပါကစ္စတန်နိုင်ငံရှိ လူဦးရေထူထပ်သည့်နေရာဖြစ်သော ပက်စ်ဟာဝါမြို့၏ ကိုဟာတီဂိတ်တွင်ရှိသော ခရစ်ယာန်တို့၏သမိုင်းဝင်ဘုရားကျောင်းဖြစ်သော ရဟန္တာသူတော်စင်အပေါင်းတို့ ဘုရားရှိခိုးကျောင်း၌ ဘုရားဝတ်ပြုသူ ရာပေါင်းများစွာကြားတွင် လူနှစ်ဦးသည် သူတို့ကိုယ်သူတို့အသေခံပြီး ဗုံးခွဲလုပ်ကြံခဲ့သည်။
မျက်မြင်သက်သေများ၏အဆိုအရ၊ လူပေါင်း ၈၀ခန့်အသက်ဆုံးရှုံးခဲ့ပြီး ၁၂၀ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ “ဗုံးသံတွေကို ကြားခဲ့ရတယ်။ ပထမတစ်လုံးထက် ဒုတိယပေါက်ကွဲမှု့က ပိုမိုပြင်းထန်တယ်။ အသေခံလုပ်ကြံသူတွေရဲ့ အ၀တ်စားတွေကို ဘုရားကျောင်းအပြင်မှာ တွေ့လိုက်ရတယ်။”
ဤအကြမ်းဖက်မှု့ဟာ ပါကစ္စတန်နိုင်ငံရှိ ခရစ်ယာန်များအပေါ်တိုက်ခိုက်သည့် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ ထိုပြည်နယ်အတွင်း ခရစ်ယာန် ၂သိန်းကျော်ရှိပြီး ပက်စဟာဝါမြို့တွင် ခုနှစ်သောင်းကျော်ခန့် နေထိုင်ကြသည်။
ထိုအကြမ်းဖက်မှု့အား ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များသည် အပြင်းအထန် ရှုံ့ချသော်လည်း ပြည်သူတွေကတော့ လူနည်းစုအပေါ်ကာကွယ်မှု့မပေးနိုင်သည့် အစိုးရအား လမ်းမပေါ်ထွက်ပြီးဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့မှာ ပက်စ်ဟာဝါ၊ အီစလန်မာဗတ်၊ လာဟောရ်နှင့် ကာရာချီမြို့တွေမှာ လမ်းများပိတ်ဆို့ခဲ့ကြပြီး တနင်္လာနေ့မှာ အဓိကမြို့ကြီးများမှာလည်း အလားတူဆန္ဒပြမှု့များဖြစ်ပေါ်စေဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ပါကစ္စတန်အစိုးရက ထိုအကြမ်းဖက်မှု့တွင် အသက်ဆုံးရှုံးသူများနှင့်ဒဏ်ရာရသူများအတွက် သုံးရက်တိတိ ပူးဆွေးဝမ်းနည်းဖွယ်ရာနေ့များအဖြစ် ကြေငြာထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဤအကြမ်းဖက်မှု့သည် ဘာမှအကျိုးမရှိဘဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။
ဗာတီကန်ရှိ စိန်ပီတာဘာစီလီကာမှာတော့ တနင်္ဂနွေနေ့ညပိုင်းမှာ ပါကစ္စတန်ရှိ ထိုအကြမ်းဖက်မှု့မှာ အသက်ဆုံးရှုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ၎င်းတို့မိသားစုများအတွက် ပူးဆွေးဝမ်းနည်းဖွယ်ရာအဖြစ် လျပ်စစ်မီးမထွန်းဘဲ အမှောင်ချထားပါတယ်။
http://www.catholicnewsagency.com/news/peace-only-solution-pope-says-in-wake-of-pakistan-bombing/မှသတင်းယူသည်။
မနောအောင်
0 Comments