ဧပြီလ ၉ရက်နေ့ (အင်္ဂါနေ့)တွင် ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား ဗာတီကန်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ကမ္ဘာ့ဆင်းရဲမှု့များ လျော့ကျ လာစေရန်နှင့်လူမှု့တရား မျှတရေး၏ လိုအပ်ချက် များကို ထောင်စုနှစ်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင် အဆင့်မှီအောင် ရှေ့ဆက်ကြိုးစား လုပ်ဆောင် ဖို့အတွက်ကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။
မစ္စတာဘန်ကီမွန်းက သတင်းထောက်များကိုပြောပြရာတွင် -လူမှု့တရား မျှတရေးလိုအပ်မှု့နှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အဆင့်မှီဖို့အတွက် ကြိုးစား လုပ်ဆောင်သွားဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အဆင်းရဲဆုံးနေရာများအတွက် တကယ့်ကိုအရေးတကြီးလိုအပ်နေပါတယ်။
ပုပ်ရဟန်းမင်းကြီးနှင့်ပတ်သက်၍လည်း “ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တကယ့်ကို ငြိမ်းချမ်းခြင်းနှင့် ရည်ရွယ်ချက်ရှိသူတစ်ဦးပါပဲ။ သူနဲ့ဆွေးနွေးခဲ့ရတာဟာ တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ မျှော်လင့်ချက်ပြည့်ဝတဲ့ တွေ့ဆုံမှု့ပါပဲ။ ပုပ်ရဟန်းမင်းကြီးဟာ အသံမရှိသူများ၏အသံပါပဲ” ဟုမှတ်ချက်ပေးသွားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးအဖြစ်အရွေးခံရသည့်အချိန်- ဘွဲ့အမည်ကိုရွေးချယ်ကတည်းကပင် ကမ္ဘာကြီးအတွက် အကောင်းဆုံးသတင်းကို ဝေမျှလိုက်ပါပြီ။ စိန်ဖရန်စစ်အာစီစီအမည်ကို ရွေးချယ်ကတည်းကပင် ယနေ့ကမ္ဘာအတွက် အတော်လေးကို ခွန်အားဖြစ်စေပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့လည်း တူညီသော အခြေခံသဘောတရားများနှင့် ပန်းတိုင်များကို လက်တွဲဝေမျှပါတယ်။
“ဆင်းရဲသားများအပေါ်နှစ်ထားသည့်သူ့စိတ်ထား၊ သူရဲ့နက်ရှိုင်းသည့်နှိမ့်ချမှု့၊ အကြင်နာတရားများနှင့် လူသားတို့အခြေအနေတိုးတက်လာဖို့ စိတ်သဘောထားဟာ အတော်လေးကို ပေါ်လွင်နေပါတယ်။ ၎င်းအသံတွေက ပိုပြီးတော့ကို ကျယ်လောင်နေပါသေးတယ်” - ဟုဘန်ကီမွန်းမှ ထပ်မံကောက်ချက်ချပြန်တယ်။ နောက် “ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နဲ့တွေ့ရတာတော့ တကယ့်ကိုအခွင့်ထူးကြီးပါပဲ။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ဖို့ပန်းတိုင်အတွက် နောက်ဆုံးသတ်မှတ်ရက်ကို ရက်ပေါင်း ၁၀၀၀ သတ်မှတ်ဖြစ်ပါတယ်။”
မစ္စတာဘန်ကီးမွန်းဟာ MDG Momentum- 1000 Days of Action ကို စတင်ကာ အစိုးအရအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူဆိုင်ရာအဖွဲ့အစည်းများအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ လက်တွဲဖော်များအဖြစ် ပါဝင်ပူးပေါင်းကြကာ ၂၀၁၅ခုနှစ်အား ပစ်မှတ်ထားပြီး ပိုမိုအောင်မြင်တဲ့ အောင်မြင်မှု့များရရှိအောင် လုပ်ဆောင်သွားကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ရှစ်ခုသော MGDများမှာ- ဆင်းရဲနွမ်းပါးခြင်းနှင့် ငတ်မွတ်မှု့များ၊ ပညာရေး၊ လိင်အဆင့်အတန်းတူညီစွာ ဆက်ဆံရေး၊ ကလေးငယ်များအသက်ဆုံးရှုံးမှု့၊ မိခင်ဆိုင်ရာကျန်းမာရေး၊ AIDSဆိုင်ရာ တိုက်ဖြတ်ရေး၊ ငှက်ဖျားတိုက်ဖြတ်ရေးနှင့် အခြားရောဂါတိုက်ဖြတ်ရေးများ၊ ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု့များအတွက် ကမ္ဘာ့လုံးဆိုင်ရာလက်တွဲလုပ်ဆောင်ရေးတို့ပင်ဖြစ်ပါတယ်။
မနောအောင်
0 Comments