ယနေ့ မတ်လ ၁၉ရက်နေ့တွင် ဗာတီကန် ရင်ပြင်ကြီး တစ်ခုလုံး လူသန်းပေါင်း များစွာဖြင့် ပြည့်နက်နေပါသည်။ အကြောင်းရင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်း၏ တရားဝင် ပုပ်ရဟန်းမင်းကြီး ဘိသိပ်ခံယူပွဲအား မစ္ဆားတရား တော်မြတ် ပူဇော်ကာ ကျင်းပနေ ခြင်းကြောင့် ဖြစ်ပါသည်။ ထိုပွဲတော်သို့ ကမ္ဘာတ၀ှမ်းမှ ကက်သလစ် ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလှရှင်များနှင့် ဘာသာဝင် ပေါင်းများစွာ တက်ရောက်နေ ကြသည်ကို တွေ့ရသည်။ ထို့အပြင် အခြားသော အရှေ့ပိုင်း ကက်သလစ်အော့သိုဒေါ့စ် အသင်းခေါင်းဆောင် ဆရာတော်ကြီးများ၊ အခြား ခရစ်ယာန်ဂိုဏ်း ခေါင်းဆောင်များ၊ နိုင်ငံ အသီးသီးမှ ကိုယ်စားပြု ခေါင်းဆောင်များနှင့် ဒီပလို မတ်များလည်း တက်ရောက်နေကြောင်း တွေ့ရှိရသည်။
ယနေ့ အခမ်းအနား အားဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သံပေတရူး၏ အရိုက်အရာကို တရားဝင် ဆက်ခံပြီး တမန်တော်လုပ်ငန်းကို တရားဝင် စတင်မည် ဖြစ်ပါသည်။ ထိုကြောင့် သံပေတရူး၏ တံငါသည် လက်စွပ်ကို လက်ခံ ယူခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ၏ တမန်တော် လုပ်ငန်းကို အသင်းတော်အား “ဆင်းရဲသားများနှင့် အားနည်းသူများ အတွက်” ဟု ကြွေးကြော်ရင်း သတိပေးနှိုးဆော် လိုက်ပါသည်။ သူ၏ သြ၀ါဒ၌ “ကောင်းသော သိုးထိန်း သခင်သည် ပီတာအား သူ၏ သိုးများနှင့် သိုးအုပ်စုအား ကျွေးမွေး စောင့်ရှောက် ရန် တာဝန်ပေးအပ် ခဲ့သည့် နည်းတူ” ယနေ့ ကျွန်ုပ်အားလည်း “သင်သည် ဤတာဝန်ကို ဆက်ခံ ယူဖြစ်သည်” ဟု မိန့်ဆို ခဲ့ပါသည်။
သို့ဖြစ်၍ ပုပ် ရဟန်းမင်းကြီးက ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံခေါင်းဆောင်ကြီးများနှင့် သမ္မတကြီး များကိုလည်း “ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ အထူးသဖြင့် အားနည်ချိ နဲ့သူများနှင့် အဆင်းရဲ ဆုံးသူများ” ကို ၀ိုင်းဝန်း ကာကွယ်ပေးကြရန် ဖိတ်ခေါ် လိုက်ပါသည်။
ပုပ် ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့မှ စ၍ သံပေတရူး၏ အရိုက်အရာကို တရားဝင် ဆက်ခံကာ ကက်သလစ် အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ် ရဟန်းမင်းကြီး အဖြစ် တမန်တော် လုပ်ငန်းကို စတင် ပါကြောင်း သိရှိရသည်။
မနောအောင်
0 Comments