သိမ်ဆိပ်တောင်တက်ပွဲကို နှစ်စဉ် ၀ါတွင်းကာလမှာ ကျင်းပလေ့ရှိပြီး ယခုနှစ်သည် ၎င်း၏ ၃၆ ကြိမ်မြောက် ကျင်းပခြင်းပင် ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်တွင် တောင်တက်လာသူ ဦးရေ ၂၅၀၀ ၀န်းကျင်လောက် မှာ တစ်ဝက် လောက်က သက်ကြီးပိုင်း များဖြစ်ပါတယ်။ တောင်ပ်ါသို့တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်း ကို ပြုလုပ်သွားပါတယ် ။တောင်ပေါ် ရောက် သောအခါ ဘားအံ သာသနာရှိ ဆရာတော် ဂျက်စတင်းစောမင်းသိုက်မှ ဦးဆောင်ကာ အခြား ဧည့်သည်တော် ဘုန်းတော်ကြီးများနှင့် အတူ မစ္ဆာားတရားတော်ကို ပူဇော်ပေးသွား ပါတယ်။
တောင်တက်ရင်း မေတ္တာများလည်း ဆိုသွား ရတာကြောင့် တဖြည်းဖြည်းနှင့် မေတ္တာဆိုသံများသည် တောင်ပေါ်သို့ရောက်လာလေ တိုးလာလေဖြစ်သွားတာ ကိုတွေ့ ရတယ်။ မောပန်း လာသောကြောင့် မေတ္တာသံများ တိတ်လာခြင်းဖြစ်တယ်။ တောင်တက်ရင်း နှစ် (၃၀) ၀န်းကျင်ခန့်ရှိသော သာသနာပိုင် လှပသော ရာဘာခြံကြီးကိုလည်း ကြည့်ရှု ရင်းဖြတ်သန်း သွားရ မှာဖြစ်ပါတယ်။
တောင်တက်ရင်း အချို့ဆိုလျှင် မတက်နိုင် တော့လောက်အောင် ဖြစ်နေပေမဲ့ အဓိဠာန်များဖြစ် မရောက် ရောက်အောင် တက်မည့်ဆိုကာ တက်ကြတာ ကိုလည်း တွေ့မြင် ခဲ့ရတယ်။ သိမ်ဆိပ်ဟာ ဘားအံ သာသနာ ပိုင်ဖြစ်ပါတယ်။ သိမ်ဆိပ်ကျေးရွာက အိမ်ခြေ ၅၀ ၀န်းကျင်သာ ရှိပေမဲ့ ဒီလိုပွဲကြီးကို စီစဉ်နိုင်တာ လည်း အံသြ စရာပါပဲ။ တောင်ပေါ် ကိုရောက်ဖို့ ၄၅ မိနစ်လောက် တက်ရပါတယ်။
တောင်တက်ပွဲကို ကျင်းပ လာခဲ့ကြတာ တစ်နှစ်နဲ့ တစ်နှစ် လူဦးရေ များများ လာပါတယ်လို့ ဒေသခံများ ထံမှ သိခဲ့ရပါတယ်။ တောင်တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်းဖြင့် ၀ါတွင်း ကာလ ပိုမို ပီပြင်စေ သလို သခင်ယေဇူးရဲ့ ဒုက္က စရိယာကိုလည်း ပိုပြီး ခံစား နားလည် သွားစေပါတယ် ။
ယုံကြည်ခြင်းကို လည်း ပိုပြီး တိုးပွားစေတယ် လို့ တောင်တက်သူ များမှ ပြောပြ ကြပါတယ်။ တောင်တက်သူများထဲတွင် အသက် ၇၀ ကျော် အဘိုး အဘွားများ သာမကဘဲ ခြေထောက် မကောင်းသူများပါ ကြိုးစား တက်ကြတာကို မြင်တွေ့ ခဲ့ရတယ်။ ယခုနှစ်တွင် သိမ်ဆိပ်တောင်တက်ပွဲကို မတ်လ ၁၄-၁၅-၁၆ ရက်များ တွင် ပြုလုပ် သွားခဲ့ပါတယ်။ လာမဲ့နှစ်များတွင်လည်း စာဖတ်သူများအား သိမ်ဆိပ်မှာ တောင်တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်း၌ ပါဝင်ကြဖို့ ဖိတ်ခေါ် အပ်တယ်။
မျိုးချစ်
0 Comments