ပုပ် ဘက်နဒစ်(၁၆)သည် ပုပ်ရဟန်းမင်းကြီး အသစ် ရွေးကောက် တင်မြှောက်ရန်နှင့် ပတ်သက်သည့် ကာနွန် ဥပဒေကို ပြင်ဆင်ခဲ့ပြီး ကာဒီနယ်များ အုပ်စုအား အခါတိုင်းလို ပုံမှန် ၁၅ရက် စောင့်ဆိုင်းရန် မလိုဘဲ စတင်နိုင်ဖို့ ခွင့်ပြု လိုက်သည်။
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့စွဲ လက်မှတ်ပါ Motu proprio ဥပဒေပိုဒ်ဖြင့် ပုပ်ရဟန်းမင်းကြီးက ကာဒီနယ်များ အုပ်စုအား ရွေးကောက်ပွဲ ကို စောစော စတင်နိုင်ရန် အခွင့် အာဏာပေးခဲ့လေသည်။ သို့သော်လည်း ခြွှင်းချက်အဖြစ် “မဲပေးမည့် ကာဒီနယ် အားလုံးရောက်ရှိ စုဝေးနေရမည် ဖြစ်ပါသည်။” ဥပဒေအသစ်အရ ပုပ် ရဟန်းမင်းကြီးနေရာ လွတ်လပ်နေချိန် အရက် ၂၀ အတွင်း မဲပေးမည့် သူများရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ ရွေးကောက်ပွဲကို စတင် ရမည်ဖြစ်ပါသည်။
နောက်ဆုံး အနေဖြင့် ပုပ်ရဟန်းမင်းကြီးက မဲပေးဖို့ အဆင့်မှီသူ ကာဒီနယ်များအား အပြင်ပရောဂ တစ်စုံတစ်ရာ ၏နှောက်ယှက်ခြင်း မရှိဘဲ ပါဝင်နိုင်သည့် အခွင့်အရေးကို ထောက်ပြ ထားလေသည်။ motu proprio တွင် “မည်သည့် ကာဒီနယ်မဆို ပုပ် ရဟန်း မင်းကြီးရွေးကောက်ရာ၌ မဲပေးနိုင်သည် ဖြစ်စေ၊ မပေးနိုင်သည် ဖြစ်စေ မည်သည့် အကြောင်းပြချက်၊ သို့မဟုတ် မည်သည့် မူမမှန်သည့် အကြောင်းပြချက်နှင့် မှ ဖယ်ထုတ် ပိုင်ခွင့်မရှိပေ။” ဟုရေးသား ထားလေသည်။ ဤ ဖြည့်စွက်ချက်မှာ ကာဒီနယ်ရိုဂါနှင့် ဂေါ့ဖရန့်တို့အား ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ မဖွယ်ရာမှု့များတွင် ပါဝင် ပတ်သက်မှု့ ရှိသည်ဟု စွပ်စွဲခံရပြီး ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် တားမြစ်ဖို့ အဆိုပြုချက်အား တုန့်ပြန် လိုက်ခြင်းလည်း ဖြစ်ပါသည်။
ထို muto proprio ဥပဒေပိုဒ်တွင် ရွေးကောက်ပွဲ၏ လျို့ဝှက်သိပ်သည်းခြင်း စည်းမျဉ်းကိုလည်း ထပ်ချဲ့ ထားလေသည်။ ရွေးကောက်ပွဲ ပြုလုပ်မည့် စစ်စတင်း ဘုရားခန်းမအတွင် မည်သည့် သတင်း ဖမ်းစက်မှ မရှိကြောင်းသေချာ စစ်ဆေးမည့် နည်းပညာရှင် များသည် သတင်းပေါက်ကြားမှု့ တစ်စုံ တစ်ရာ မရှိရန် လိုအပ်သည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကာဒီနယ်များ အုပ်စုအတွင်း လှုပ်ရှားမည့် ထို လျိုဝှက်ချက်အား ချိုးဖောက် ထိခိုက်သူ မှန်သမျှအတွက် အပြစ်ဒဏ်မှာ အသင်းတော်မှ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။
http://www.catholicculture.org/news/headlines/index.cfm?storyid=17156 မှကောက်နှုတ်သည်။
မနောအောင်
0 Comments