မိတ်ဆွေ ခရစ်ယာန်ဘာဝင်ဝင် ညီအကို မောင်နှမ အပေါင်းတို့။
မိမိတို့ တဦးချင်းစီ၏ ၀ါတွင်း ရက်ပေါင်း ( ၄၀) ကို အဓိပ္ပာယ်ရှိသော ကာလဖြစ်စေရန်အတွက် အောက်ပါ အချက်အလက်များအား ဆင်ခြင် ထောက်ရှု့ ကြပါစို့။
ပထမဦးစွား ကက်သလစ်ဘာသာဝင်များတွင် အဘယ်ကြောင့် ၀ါတွင်း ရက်ပေါင်း (၄၀) ၇ှိရသည်ကို ကျမ်းစာနှင့်တကွ ဆင်ခြင်ကြကုန်စို့
- ထွက်မြောက်ရာကျမ်း (၁၆း၃၅ )တွင် အီစ္စရာအဲလ်လူများ သဲကန္တာရထဲတွင် နှစ်ပေါင်းလေးဆယ်တိုင်အောင် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဆင်းရဲဒုကွရောက်ရခြင်း
- သံမာတေဦး ( ၄း၁-၁၁) တွင် သခင်ယေဇူးကိုယ်တော်တိုင် ရက်ပေါင်း (၄၀) အစာရှောင်၊ခြိုးခြံ ဆုတောင်းပြုလုပ်ခြင်း
- တမန်တော်ဝတ္ထု (၁-၃) တွင် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀) တိုင်အောင် တပည့်တော်ကြီးများနှင့် အတူတကွနေထိုင်ကြသည်ဆိုတဲ့ အကြောင်းကို ဆင်ခြင်ကြသောကြောင့် ကက်သလစ်ဘာသာဝင်များတွင် ၀ါတွင်း ရက်ပေါင်း (၄၀) ရှိသည်ဆိုသည်ကို သတ်မှတ်ထောက်ရှုခဲ့ကြပါသည်။
ယခုနှစ် (၂၀၁၃) ၀ါတွင်း ကာလတွင် အထူးပြုလုပ်သင့်မည့် အချက် သုံးချက်ရှိပါသည်-
(၁)
- ဆုတောင်း၊ခြိုါ်ခြံ၊ ၀ါေ၇ှာင်ခြင်းနှင့် အပြစ်ဒဏ်ဆပ်ဖြေခြင်း ( မိမိ၇ဲ့ မကောင်းသော အလေ့အကျင့်များကို ထိန်းချူပ်ခြင်း)
- မိမိရဲ့ ကိုယ်၊စိတ်၊၀ိညဉ်ကို သန့်ရှင်းစင်ကြယ်အောင် ပြင်ဆင်ခြင်း
- ဘု၇ားသခင်၇ဲ့အလိုတော်ကို လိုက်နာဆောင်၇ွက်ခြင်း
(၂)
၂၀၁၃ခုနှစ် ၀ါတွင်းဆောင်ပုဒ်မှာ
Good Friday People (သောကြာနေ့ကြီး၏လူများ) ဖြစ်ပါသည်။ အဓိပ္ပာယ်မှာမူ ယနေ့ ခေတ်သစ် သခင်ယေဇူးသည် အတိဒုကွရောက်နေသောသူများ၊ အငယ်ဆုံးသော သူများကို ကိုယ်စားပြုပြီး ထိုသူတို့သည် အမြဲတမ်း ဒုက္ခအခက်အခဲနှင့် ရင်ဆိုင်နေရသည် ၎င်းတို့အတွက် လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်းမှာမူ ဝေးကွာလွန်းလှသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သော သဘာဝဘေးဒဏ်နှင့် လူလုပ်သော ဘေးဒဏ် အမျိုးမျိုးခံစားနေရသော အငယ်ဆုံးသော သူများအတွက် အထူးရည်ရွယ်ပြီးဆုတောင်းပေးရသော ကာလအဖြစ် ယခုနှစ်အတွက်သတ်မှတ်ထားပါသည်။
(၃)
- ဆုတောင်းပါ၊ ခြိုးခြံပါ၊ကရစ္စတူးကားလမ်းလှည့်ပါ။ဝါရှောင်ပါ။- သို့သော် ၎င်းတို့ထက် ပိုအရေးကြီးသည်မှာ အငယ်ဆုံးသော သူများကို မိမိတို့ တတ်စွမ်းသည့်ဖက်မှ ဖေးမ ကူညီပံ့ပိုးပေးရန် ပိုအရေးကြီးသည်ကို သတိပြုကြစေ ရန်တိုက်တွန်းပါသည်။
ယခု၂၀၁၃ ခုနှစ်သည် ယုံကြည်ခြင်းနှစ် ဖြစ်သည့် အားလျှော်စွာ မိမိတို့ တဦးစီရဲ့ ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်သင့်ကြပေသည်။ မိမိရဲ့ ယုံကြည်မှု့ဟာ သက်ဝင်လှုပ်ရှားသော ယုံကြည်မှု့လား အိပ်ပျော်နေသော ယုံကြည်မှု့လားဆိုတာကို ပြန်လည်ဆန်းစစ်ရန်အတွက် အောက်ပါ ကျမ်းပုဒ်များကို ဖတ်ရှု့၍ ထောက်ရှု့ကြပါလော။
- သံယာကုပ် (၂း၁၄-၁၉) တွင် လက်တွေ့မရှိသော ယုံကြည်မှု့အကြောင်း
- ဟေရှယ အနာဂတိကျမ်း (၅း၈-၇)တွင် ပေးကမ်းစွန့်ကြဲရန်အကြောင်း
- သံမာတေဦး (၂၅-၃၀-၄၀) တွင် လက်တွေ့မလုပ်ဆောင်ပါက နောက်ဆုံးနေ့ရက်တွင် စီရင်ခြင်းခံရမည့်အကြောင်း များကို ဆင်ခြင်ထောက်ရှု့ပြီး မိမိတို့တဦးစီ၏ ယုံကြည်ခြင်းကို ပြန်လည်ဆန်းစစ်ကြပါစို့။
ချစ်လှစွာသော ညီအကိုမောင်နှမအပေါင်းတို့
စစ်မှန်သော ခ၇စ်ယာန်တယောက်သည် 3W နှင့် ပြည့်စုံမှ ခေါ်လို့ရနိုင်သည်။
၎င်းတို့မှာ-
- Word
Word ကတော့ ဘု၇ားသခင်၏နှုတ်ကပါတ်တော်ဖြစ်တဲ့ ကျမ်းစာကိုဆိုလိုပါတယ်။ ကျမ်းစာဟာ ခရစ်ယာန် တွေ မဖြစ်မနေ ဖတ်ရမည့် အရာဖြစ်ပြီး ကျမ်းစာမှ မိမိတို့ တဦးစီ တွင်မည်သို့လုပ်ဆောင်ရမည်ကို ဘုရားသခင်က မည်သို့အလိုတော်ရှိသည်ကို သိရှိနိုင်မည်ဖြစ်သောကြောင့် ကျမ်းစာကို ဖတ်ရန် တာဝန်ရှိသည်။ ကျမ်းစာမှ လမ်းညွန်မှု့ပေးသည် လှုံ့ဆော်မှု့ပေးခြင်းဖြစ်သည့်အပြင် သူတစ်ပါးကိုလည်း ဟောပြောခြင်းငှာ တိုက်တွန်းလေသည်။
- Worship
Worship ကတော့ ၀တ်ပြုကိုးကွယ်ခြင်းဖြစ်ပြီး မိမိတို့ တဦးစီမဟုတ်ပဲ အသင်းလိုက် အဖွဲ့လိုက် ဆုတောင်းရန်လိုအပ်လေသည်။ ကက်သလစ်ဘာသာဝင်များ အမှတ်အသားဖြစ်သော ခမည်းတော် သားတော် သန့်ရှင်းသော ၀ိညာဉ်တော်သည် သုံးပါးပေါင်းမှ တဆူဘုရားဖြစ်သောကြောင့် ကက်သလစ်ဘာသာဝင်များသည်လည်း အသင်းလိုက် အစုလိုက် စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ်ရန်အရေးကြီးကြောင်း ဖော်ပြပါသည်။
- Witness
Witness ဆိုတဲ့ လက်တွေ့လုပ်ဆောင် မှု့ မပါပဲနှင့် ခရစ်ယာန်လို့ မပြောပါနဲ့နှင့်။ ဆိုတော့ ယနေ့ ခရစ်ယာန်ကောင်းတယောက်အနေနဲ့ လက်တဖက်တွင် ကျမ်းစာအုပ်ကိုင်နေသည်နှင့် မပြည့်စုံပဲ ကျန်တဖက်ကို သတင်းစာ ကိုင်ရန်လိုအပ်ကြောင်း ပြောနေပါသည်။ သို့မှသာ မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော အငယ်ဆုံးသောသူငယ်များကို မည်ကဲ့သို့ လက်တွေ့ကူညီရမည်ကိုသိရှိမည်ဖြစ်သောကြောင့် ခရစ်ယာန်များအနေနဲ့နှင့် မိမိတို့၏ အဓိပွာယ်ရှိသော ၀ါတွင်းကာလကို ကျော်ဖြတ်နိုင်ရန် အားပေးလှုံ့ဆော်လိုက်ပါသည်။
(မှတ်ချက်၊ ချမ်းသာကုန်း မယ်တော်ကျောင်းတွင် တက်ရောက်ခဲ့သော ၀ါတွင်းလှုံ့ဆော်မှု့ သင်တန်းမှ စာစုများ)
စု
0 Comments