St.Cyril of Jerusalem
ကက်သလစ်ဆရာတော် - ဓမ္မအာစရိယ
ဂျေရုဆင်မြို့၏ကက်သလစ်ဆရာတော်တစ်ပါးဖြစ်သောစိန့်ဆေရယ်သည် သက္ကရာဇ် (၃၁၅)ခုနှစ်တွင်ဂျေရုဆလင်မြို့၌ ဖွားမြင်ခဲ့သည်။ သမ္မာကျမ်းစာဆိုင်ရာပညာရပ်နှင့် ထူးချွန်ပြောင်မြောက်သော စာပေ ပညာရပ်များကို ဆည်းပူးပြီးနောက် ဆရာတော် မက်ဆီမူးစ်လက်တော်မှ ထာဝရဘုန်းတော်ကြီးသိက္ခာကိုခံယူခဲ့သည်။ သက္ကရာဇ်(၃၅၀)ခုနှစ်တွင် ၎င်းဆရာတော်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ များမကြာမီ စိန့်ဆေရယ်သည် သူ့ကို သုံးကြိမ်တိုင်တိုင်ပြည်နှင်ဒဏ်ပေးခဲ့သော အာရီယန် (Arians) များနှင့် ဘုရားသခင်အကြောင်းငြင်းခုံမှုတွင် ပါဝင်ခဲ့သည်။ ၎င်းအာရီယန်များက သူ့ကို ဆင်းရဲသားများအား ကူညီရန်အတွက် အသင်းတော်၏ သန့်ရှင်းသော ဝတ်ရုံတော် ကိုရောင်းစားခဲ့သည်ဟူ၍လည်း စွပ်စွဲခဲ့သည်။ စိန့်ဆေရယ်သည် ထိုဝတ်ရုံသင်္ဃန်းများကိုရောင်းခဲ့သည် မှန်သော်လည်း အဖဘုရားသခင်၏အလိုတော်မြတ် အတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကွန်စတန်တီနိုပယ်ညီလာခံက သက္ကရာဇ်(၃၈၁)ခုနှစ်တွင် အသင်းတော်၏ ယုံကြည်ရာအချက်များကို ထုတ်ပြန်ကြေညာခဲ့သောအချိန်တွင် စိန့်ဆေရယ်သည် ကက်သလစ် ယုံကြည်ခြင်း၏ ချန်ပီယံအဖြစ် ကောင်းချီးသြဘာအရိုအသေပေးခြင်းခံခဲ့ရသည်။
စိန့်ဆေရယ်၏ နောက်ဆုံးသော အမွေအနှစ်မှာ (The Catecize) ဟူသော အလွန်အဖိုးထိုက်လှသော စာအုပ်ဖြစ်ပြီးဆေးကြောခြင်းမင်္ဂလာခံယူရန် ကြိုတင်ပြင်ဆင်သင်ကြားမှုတွင် အလွန်အသုံးဝင်သော စာအုပ်ဖြစ်သည်။ သမ္မာကျမ်းစာပိုဒ်များကို တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိရေးသားထားသော စာအုပ်လည်းဖြစ်သည်။ လူသားများအားလုံးသည် မင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရသည်။ အကြောင်းမူကာယေဇူးသည် လူသားအားလုံးကိုချစ်သောသူဖြစ်သည်။ လူအများစုရုံးလာသောအခါ မင်္ဂလာဆောင်ပွဲသို့ မည်သူဝင်ရမည်ကို သတို့သားကဆုံးဖြတ်လိမ့်မည်။ သူက ထိုအရာသည် ဆေးကြောခြင်းမင်္ဂလာကို တင်စားခြင်းဖြစ်သည်ဟု ရေးသားထားသည်။ စိန့်ဆေရယ်သည် (၃၈၆) ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ကက်သလစ်အသင်းတော်၏ ယုံကြည်ခြင်းကို သစ္စာရှိရှိကာကွယ်ခဲ့ခြင်းကြောင့် စိန့်ဆေရယ်ကို အသင်းတော်၏ ဓမ္မအာစရိယအဖြစ် သတ်မှတ်ကြေညာခဲ့
လေသည်။
လေသည်။
0 Comments